အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, January 1, 2013

“HAPPY NEW YEAR”



“HAPPY NEW YEAR”
I can’t  writeed to my blogspot is too long  cos I arrived to in Myanmar so I will write on soon. Welcome to 2013 and I wish you a happy new years to all friends.

Wednesday, September 12, 2012

“အမိမြန်မာပြည်သို့ပြန်လည်ရောက်ရှိခြင်း”

အိန္ဒိယနိုင်ငံ ဗာရာဏသီရွှေမြို့တော်မှ ကာလကတ္တားသို့ ရထားဖြင့်သွားလာခဲ့ရသည်။ ရထားဆိုက်သည်နှင့် ကာလကတ္တားလေဆိပ်နှင့် နီးရာဟိုတည်တခုသို့ တညတာတည်းခိုပြီး အမိမြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ ဟိုတည်မှာ တညတာတည်းခိုခ ရူပီး၉၅၀ ဖြင့် တည်းခိုခဲ့သည်။ လမ်းမနှင့်မနီးမဝေးတနေရာမို့ ကားသံများဖြင့်ဆူညံလျှက် နေ့လည်စာကို ထမင်းဆိုင်သို့ သွားလာခဲ့ရသည်မို့ အိန္ဒိယနိုင်ငံ၏ ထမင်းဆိုင်သည် သန့်ရှင့်သပ်ရပ်မှုနည်းပါးသည်ကိုတွေ့ခဲ့ရသည်။ အခြားဝိုင်းများကို အကဲခတ်ကြည့်မိ၏ မိမိစားဘို့အဆင်မပြေမှန်းသိခဲ့ရသည်။ ပုံပေးကာ ဇွန်းမပါသောစနစ်မို့ မစားလိုခဲ့၍ အများသူငါတို့စားနေကြသည်ကိုမြင်ရစဉ်မှာပဲ ထမင်းကြော်စီစဉ်ပေးလို့ရမလားဟု မေးကြည့်သည် ရပါတယ်ဟု ပြောဆို၍ ထမင်းကြော်ကြက်ဥဖြင့်မှာခဲ့သည်။ သို့သော် မိမိထင်သလိုမဖြစ်ခဲ့။ တဇွန်း နှစ်ဇွန်းစားပြီးသည်နှင့်အဆင်မပြေသည်မို့ ရူပီးငွေ ၁၃၀ ရှင်းပေးကာ ထွက်လာခဲ့တယ်။ တနေရာအရောက်ပူတီခေါ်သောကုလားမုန့်ကြော်နေသည်ကိုတွေ့ရ၍ ၂ချက်ဝယ်ကာ ဟိုတည်သို့ပြန်လာပြီး ဗာရာဏသီရွှေမြို့တော်မှ ညီမငယ်များလုပ်ပေးလိုက်ကြသော ပူရီဖြင့် ရောနှောကာ ရေဖြင့်မြှိုက်ချကာ နေ့လည်စာအဖြင့် ပြီးခဲ့ရသည်။ အခြားသော စင်္ကာပူနိုင်ငံ မလေးရှားနိုင်ငံ ထိုင်းနိုင်ငံ တို့မှာ မြန်မာအစားအစာအဆင်ပြေခဲ့ပေမဲ့ အိန္ဒိယနိုင်ငံမှာ ရွှေမြန်မာတို့အတွက် အဆင်မပြေခဲ့။ မိမိမှာ အစားအစာချေးများတတ်သည်မို့ ပို၍ သာ၍ ဆိုးခဲ့သည်။ ထိုနေ့အဖို့ ပူရီကို ရေဖြင့်မြှောချလို့နေ့လည်စာအဖြင့်ပြီးခဲ့ရသည်။ှ မနက်ဖြန်ကြမှ လေယာဉ်ပေါ်မှာ တ၀တပြဲကြီးစားမည်ဟု ကြံစီခဲ့ပြီး တည်းခိုခန်းမှာ အနားယူနေခဲ့သည်။ {တညလုံး ရထားပေါ်မှာ အအေးဒဏ်ကိုအံတုပြီး အပေါ်ထက်တနေရာမှာ စောင်ခြုံလို့ကွေးခဲ့ရသော်လည်း မိမိဆင်းမဲ့ကာလကတ္တားဘူတာကို ကျော်သွားမှာစိုး၍ အိပ်ချင်သော်လည်း မအိပ်နိုင်ပဲ အတွေးပေါင်းစုံဖြင့်အတွေးနယ်ချဲ့ခဲ့သည်။ ရထားပေါ်မှာတော့ ၀န်ဆောင်မှုအပြည့်နှင့်မို့ မကြာမကြာ လဘက်ရည် မုန့် ငှက်ပျောသီးများ ကျွေးမွေးသည်။ တဘူတာအရောက် ဘူတာထဲတွင်လူများဝိုင်းအုံလျက် ဘာဖြစ်နေကြသလဲဆိုတာတော့ မသိ မိမိလည်း မျက်နှာသစ်သွားတိုက်လုပ်နေစဉ် ဆူညံသံများရောနှောလျှက် ရှိခဲ့သည် မိမိသွားတိုက်နေစဉ် အပေါက်မှာချောင်းကြည့်သော်လည်း ရထားမှာတဘူတာတဘူတာမှာ ၅မိနစ်ခန့်သာရပ်တန့်ခြင်းကြောင့် ဘာကိုမှသဲသဲကွဲကွဲ မမြင်ခဲ့ရ။ မိမိသွားတိုက်နေစဉ် ပူရှိန်းရှိန်းဖြင့် အခံရခက်ခဲ့သည်။ ခဏတာသွားတိုက်ပြီး ကပျာကယာ အလျင်အမြန် ရောဖြင့်ပလုပ်ကျဉ်းပစ်လိုက်သည်။ ပါးစပ်ထဲမှာတော့ ပူရှိန်းရှိန်းအတွေ့က ခံနေရမြဲမို့ အိပ်ကိုဖွင့်လို့ကြည့်မိလိုက်စဉ်မှာပဲ လိမ်းဆေးနှင့် သွားတိုက်ဆေးခွဲခြားမရခဲ့တဲ့ အပြုမူကြောင့် သွားတိုက်ဆေးအထင်ဖြင့် တိုက်ခဲ့သည်ကို သတိရမိတော့သည်။ အမှန်မှာ ရထားပေါ်မှာ ရာသီဥတုပူသော်လည်း ရထား၏ ၀န်ဆောင်ကောင်းမှုတွေကြောင့် အအေးဒဏ်သက်သာစေရန် လိမ်းဆေးဆောင်လာသည်ကို အမှတ်မထားမိခဲ့ လွဲခဲ့ပေါ့တခါ။ အင်း မိမိသွားလေးတွေတော့ အညောင်းသက်သာစေပြီလား ပူလောင်မှုဝေဒနာ ခံစားလေမလား မပြောတတ် မိမိမှာတော့ သောက်ရေသန့်တပုလင်းခန့် ကုန်စေခဲ့သည် ပလုတ်ကျင်းလိုက် ထွေးထုတ်လိုက်ပေါ့။ တချိန်က သီတဂူဆရာတော်၏ မိမိတို့အိန္ဒိယနိုင်ငံကျောင်းသားများအားတနှစ်လျှင်ဒေါ်လာ၁၀၀ ဆီလှူဒါန်းအလာ သြ၀ါဒပေးခဲ့သည် ထိုသြ၀ါဒကိုနားမှပြန်လည်ကြားယောင်ရင်း မိမိတယောက်ထည်း ရထားအပေါ်ထပ်တနေရာတွင်ပြုံးနေမိခဲ့သည်။} မကြာခင်ကျရည်ခေါ်သော လဘက်ရည်နှင့်မုန့်များ လာရောက်ကျွေးမွေးသည်မို့ သက်သာရာရစေခဲ့သည်။ ပတ်ဝန်းကျဉ်ကြည့်မိပြန်တော့ ရထားကြီးက သူ့တာဝန်ကျေပြွန်အောင် ခုတ်မောင်းသွားလာနေဆဲ။ ရထားပေါ်မှ အလွဲလေးများကိုတွေးရင်း ခဏကြာအိပ်ပျော်သွားခဲ့သည်။ ပင်ပန်းမှုဒဏ်ကြောင့် အိပ်ပျော်ခဲ့သည်။ }မိမိ အိပ်ပျော်နေခိုက် အပြင်မှ တံခါးခေါက်သံကြောင့် လန့်နိုးခဲ့သည် ဘယ်သူပါလိမ့် ဆိုပြီး တံခါးကို ဖွင့်ပေးလိုက်စဉ် မိမိမနက်ဖြန် လေယာဉ်လက်မှတ်လာပေးသူ မြန်မာပြည်နွယ်ဖွား ဦးရှောင်ဒရီပေါ့။ လေယာဉ်ခသည် ရူပီးငွေ ၁၄၀၇၉ ရူပီးဖြစ်သည်မို့။ ပါလာသောရူပီးငွေမှာ မလောက်တော့  ဒေါ်လာ ၁၀၀ ဖြင့် ရူပီးငွေများပေးခဲ့ရသည်။ မနက်ဖြန်မနက်{ ၈ }နာရီကွင်းချိန်းဖြစ်သည်။ မိမိနေရာနှင့် ပေလမ်း ကူးပြီး ၅မိနစ်ခန့်လျှောက်ရမည် သို့သော်ပစ္စည်းများပါလာသည်မို့ ကားငှားရပေမည်။ ဒီလိုနှင့်ရေမိုးချိုးကာ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေသည်များ ပျောက်သွားတော့၏။ တံခါးကိုပိတ်ပြီး ညနေမိုးချုပ်စပြုနေပြီဖြစ်သော ကာလကတ္တားမြို့၏ မီးရောင်စုံများအကြားဝယ် လမ်းလျှောက်ရင်း မနက်ဖြန်လေဆိပ်ကြိုရန် ဘယ်အချိန်လာရမည်ကို မပြောရသေးသည်မို့ ဖုန်းဆက်ရပေဦးမည် ဖုန်းထဲကြည့်ပြန်တော့ပိုက်ဆံအနည်းငယ်သာရှိနေသည်။ ဖုန်းဆိုင်လိုက်ရှာရပြန်သည် ခပ်ဝေးဝေးတနေရာမှာရှိနေသည် ကာလကတ္တားမြို့၏ မီးရောင်တွေနဲ့အတူ ဖုန်းထဲပိုက်ဆံထည့်ရန် လိုက်ရှာခဲ့ရပြန်သည်။ တွေ့လို့မေးကြည့်မိ၏။ UP ပြည်နယ်ကဒ်ထဲထည့်ရန်အဆင်ပြေလားမေးကြည့်မိသည်။ မိမိဆင်းကဒ်သည် UPပြည်နယ်ဆင်းကဒ်မို့ ရတာတော့ရမည်။ အပြည့်ဝ မခံစားရဟူ၏။ အိုကေ ရူပီး၃၀၀ ထည့်လိုက်သည်။ အဲယားဆဲကဒ်ထဲကိုတော့ နောင်တချိန်ပြန်လာလိုက အဆင်ပြေစေရန် ရူပီး၅၀ ထည့်ထားလိုက်၏။ ပက်ပ်စီ အအေးတပုလင်းဝယ်ကာ ဟိုတည်သို့ ပြန်လာခဲ့သည်။ မြန်မာပြည်ရာသီဥတုနှင့် တူညီသော ကာလကတ္တားမြို့၏ မိုဃ်းသည် မထင်မှတ်ပဲရွာချတော့၏။ ဖုန်းဆက်ခဲ့သည် မြန်မာပြည်ကို သို့သော် ရာသီဥတုအခြေနေကြောင့် အဆင်မပြေခဲ့ပါ။ တကြိမ်ဆက် အဆင်မပြေခဲ့။ နောက်တကြိမ်ပြန်ဆက်မိတော့ လူကြီးမင်းနဲ့တွေ့သဗျာ..။မကျေနပ်တာနဲ့ နောက်တကြိမ် ပြန်ခေါ်တော့ ဆက်သွယ်ရေးပြင်ပရောက်သွားပြန်တယ်..။ ဇွဲနပဲကြီးစွာနဲ့ ခေါ်ခဲ့မိတယ်ပေါ့။  မနက်ဖြန်ဆိုတဲ့အချိန်အတွင်းမှာ လေယာဉ်ကွင်းလာကြိုသူမရှိတော့ ယောင်ချာချာဖြစ်နေမှာစိုးလို့ အတူနေ မောင်သောဘိတ ဖုန်းဆက်မိခဲ့တယ် အကြိမ်များစွာဆက်မိတော့ မိမိအား သနားသွားလေရှာလေရော့သလားမသိ ဖုန်းဝင်သွားခဲ့တယ်ပေါ့လေ သို့သော် အသံကကြားတချက်မကြားတချက်မို့ အသံကုန်အော်ဟစ်ချင်ပေမဲ့လဲဘဲ မိမိသည် နိုင်ငံခြားသားဖြစ်သည်ကတကြောင်း နောက်ပြီး ဟိုတည်တနေရာမှာ အခြားသောသူများအား မနှောက်ယှက်စေလိုသောသောကြောင့်၎င်း ခပ်တိုးတိုးညင်သာစွာ ပြောဆိုခဲ့ရပေမဲ့ တဘက်သူရဲ့ နားမလည်မှုကြောင့် ခပ်ကြယ်ကြယ်လေးပြောဆိုလိုက်တော့မှ အရာအားလုံးသည် အဆင်ပြေခဲ့ရတော့သည်။ မနက်ဖြန်ဆိုတဲ့ အချိန်မှာ နွေးထွေးစေသော မိဘ(မွေးမေမေနဲ့နီးရာ)သို့ ပြန်ရတော့မည်မို့ ပင်ပန်းမှုကြောင့် အိပ်ချင်မှုဆန္ဒတွေကို မြိုသိပ်ကာ မနက်မိုးလင်းလို့ လေယာဉ်တတ်ရန် မနိုးမှာကိုစိုး၍ သတိ ၀ီရိယလေးထားလို့ ဟိုတည်၏ အေးစက်စက်မှုလေးအတူ မကြာခင်အချိန်မှာ လမ်းဘေးမှ ကားသံမှတပါး ဟိုတည်တခုလုံးတိတ်ဆိတ်ငြိမ်သက်လျှက်….

Sunday, August 26, 2012

“မလွမ်းဘယ်သူရှိပါ့မလဲ”

တိတ်ဆိတ်ငြိမ်သက်နေတဲ့ {LODGE OASIS} ဟိုတယ်ရဲ့ အခန်းတနေရာမှာ အတွေးပေါင်းများစွာနဲ့ ဗာရာဏသီရဲ့ လွမ်းမောဘွယ်ရာလေးကို တွေးရင်း အမိ မြန်မာပြည်ပြန်တော့မယ် ဆိုတော့ သူငယ်ချင်းတွေ လာရောက်နှုတ်ဆက်ကြတာလေးကို အတွေးထဲမှာထင်ဟပ်လို့ “အင်တာနက်အိမ်လေးရဲ့” စည်ကားပုံလေးကို ပြန်လည် အသက်ဝင်နေမိတယ်ပေါ့။ ခွဲရတော့မယ်ဆိုတဲ့ အသိတရားလေးတွေက ဟိုခပ်ဝေးဝေးမှ သံယောဇဉ် ကြီးတတ်သူတွေကလည်း လာရောက် နှုတ်ဆက်ခဲ့ကြတာလေးတွေကိုလည်း တွေးနေမိတယ် ။ အင်တာနေရှင်နယ်လေဆိပ်ရဲ့ လမ်းမကြီးမှ အဆက်မပြတ်ကားဟွန်းသီးသံကြောင့် အတွေးစကို ခဏနားပြီး တံခါးဖွင့်ကြည့်လိုက်မိခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့လူဦးရေ ထူထပ်ပေါများလှတဲ့နေရာတခုမှာ လူပေါင်းစုံလဲနေထိုင်သွားလာလှုပ်ရှားလို့ နေတာတွေ့ရတယ်။ ဘာရယ်တော့မဟုတ်။ ထုံးစံအတိုင်း ယဉ်ကြောလိုင်းများပိတ်ဆို့နေ၍ ကားဟွန်းသံသည် ငှက်ဆိုးထိုးသွအလား.ကျယ်လောင်စွာတီးလျှက်မို့ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။ အပြင်ခဏထွက်လိုက်ချိန်မှာ ပြင်ပလေနုတချက်တိုးဝှေ့မှုနဲ့ ရာသီဥတုသည်လည်း အထက်ကောင်းကင်မှာညိုရောင်မှိုင်းလို့ မိုးရွာတော့မည်မို့ အထဲသို့ ပြန်ဝင်လာချိန်မှာ အခန်းတွင်းမှာလည်း အဲယားကွန်းရဲ့ မညီညာသောသံစုံတီးလုံးသံတို့မှတပါး တိတ်ဆိတ်ငြိမ်သက်လျှက် မိမိလည်း တွေးလက်စအတွေးကို ဆက်လက်တွေးနေမိသည်။ လူသားတိုင်းလူသားတိုင်းမှာ ခင်မင်မှုသံယောဇဉ်ရှိတတ်ကြစမြဲ အချိန်တန်ရင် လမ်းခွဲရမှာပါလားလို့ လမ်းခွဲရပေမဲ့လဲ တနေ့နေ့တချိန်ပြန်လည်ဆုံဆည်းခွင့်ဆိုတာ ရှိလာမှာပါပဲလေဆိုပြီး အဖြည့်တွေးတွေးပြီး မနက်ဖြန်ဆိုတဲ့အချိန်ဟာ အိန္ဒိယနိုင်ငံကနေ ထွက်ခွာခဲ့ရတော့မယ်လို့တွေးနေမိပါရဲ့..။ ဗာရာဏသီရဲ့ နှုတ်ဆက်စရာ ဦးတင်ချစရာ မိဂဒါဝုန်သို့အပြေးလွှားချီတတ်ပြီး အိပ်သို့ပြန်လာခဲ့သည်။ ခဏနေပြီး မိမိရဲ့ မိသားစုသဖွယ်ဖြစ်ခဲ့သည့် ညီမငယ်များကို နှုတ်ဆက်ရန်လည်း ကျန်ခဲ့သေးသည်မို့ သွားခဲ့ရသေးတယ်ပေါ့။ မိမိအတွက် ရထားပေါ် တရက်တိတိခံသော ပူတီများကို ညီမငယ်ဂျိုတီးဂျန်းမှ စားသောက်ရန် ပြုလုပ်ပေးထားသည်။ သေချာကျနစွာ ကြာရှည်ခံစေသော ငွေရောင်စက္ကူဖြင့် ထုတ်လို့ မိမိ၏ မြန်မာပြည်မယ်တော်ကြီးအတွက် ဆာရီစနှင့် ခြုံပုဝါတထည်လက်ဆောင်ပေးလို့ မိမိအတွက် ခြုံထည်တထည် မိသားစုမှ အမှတ်တရ အလှူတခု အိန္ဒိယနိုင်ငံမှာနေစဉ် မိသားစုရဲ့ အမှတ်တရလေးတွေ အကြိမ်များစွာရရှိခဲ့တယ်ပေါ့။ ထိုည(၂၅.၈.၂၀၁၂)ညတနာရီ၅၅ မိနစ်အချိန်သို့သော် (၂၆.၈.၂၀၁၂)သို့ရောက်ရှိခဲ့သည် ကာလကတ္တားမြို့သို့ ရထားဖြင့် ခရီးထွက်ရတော့မည်မို့ ထိုအိမ်မှာပဲ မွန်ဂိုစလိုက်ဘူတာသို့ လိုက်ပို့ပေးခဲ့သည်။ နာရီတို့သည် တစထက်တစ ဗာရာဏသီရွှေမြို့တော်ကြီးနဲ့ ခွဲခွာဘို့ နီးလာခဲ့ချေပြီ။ ည၁၂ နာရီကျော်သည်နှင့် ခရီးထွက်ရန်ပြင်ဆင်ရတော့၏ မကြာချေ ကားရောက်လာသည်။ ကားရောက်လာသည်နှင့် ဗာရာဏသီမြို့ကြီးနှင့်ခွဲခွာဘို့ တိုက်တွန်းနေသည့်အလား ခွဲခွာရတော့မှာမို့ ရင်ထဲမှာ မွန်းကြပ်လျှက်။ လိုက်ပို့သူများကတော့  ရှင်ဂျွန်နှင့် ကိုယဿ တို့ ၂ပါး အိပ်ရေးပျက်သည်ကိုပဓာနမထားပဲ မအိပ်ပဲ ထိုင်စောင့်နေ၏။ အင်တာနက်စာမျက်နှာကို လှန်လှောနေမိရင်း စောင့်နေမိ၏။ ကားရောက်လာသည်နှင့် ပစ္စည်းများတင်ခဲ့သည်။ နေရစ်ပေဦးတော့ အင်တာနက်အိမ်လေးရေ ဆိုပြီး ရင်ထဲမှဆို့နင့်မှုနဲ့အတူ နှုတ်ဆက်ခဲ့ရတယ်ပေါ့။ ကားလေးသည် အာရှပူရ်သို့ဦးတည်လျှက် မောင်းနှင်နေ၏။ ညအချိန်လင့်နေသည်မို့ ကားလမ်းအနေအထားရှင်းနေ၏။ ကျိုးကြားတစီးစ ၂ စီးစတွေ့ရ၏။ထိုမှ ဗာရာဏသီမြို့တော်၏ ဟိန္ဒိလူမျိုးတို့၏ အဓိကအားထားရာဂင်္ဂါတံတားကို ဖြတ်လို့ ဂင်္ဂါမြစ်ရဲ့ ညရှုခင်းသည်လည်း မီးရောင်များမြိုင်ဆိုင်လို့ ဗာရာဏသီမြို့ရဲ့ကျက်သရေကိုဆောင်နေတော့၏။ ဟိုမှာဘက်ကမ်းမှာတော့ ရာမနန်းတော်ပြတိုက်ကတော့ မှုန်ပြပြမီးတောက်လေးများလင်းလို့ မိမိကားလေးကတော့ သူ့တာဝန်ပေးရာ မွန်ဂိုစလိုက်ဘူတာသို့ဦးတည်လျှက် အချိန်အားဖြင့် တနာရီကျော်နေပြီ ကဲ ကားသမားမောင်အာကျယ်ရေ “ဂျလဒိ ကျလိုး”လို့ နောက်ကနေ ပြောလိုက်မိတော့၏။ တကယ်လို့ရထားသာမမှီတော့ရင် ၂၇ ရက်နေ့ လေယာဉ်စီးဘို့သည်လည်းမလွယ်ကူလှ။ ကားလီဗာကို နင်းလိုက်တဲ့အရှိန်ကြောင့် ရှင်ဂျွန်တယောက် ငိုက်ရာမှ နိုးလျှက် မကြာခင် မွန်ဂိုစလိုက်ဘူတာသို့ ကားလေးသည် သူ့တာဝန်ကျေပြွန်ပြီမို့ ထိုးရပ်လေတော့၏။

Tuesday, August 21, 2012

"နှုတ်ဆက်တော့မည် ဗာရာဏသီ"

ဗာရာဏသီနေ့ရက်များ အနေကြာလာခဲ့သည်နှင့်အမျှ မကြာခင်ခွဲရတော့မယ်ဆိုတဲ့ အသိစိတ်။ အမိတက္ကသိုလ်ကြီး၏ ခေါင်းလောင်းသံသည်လည်း တိတ်ဆိတ်ငြိမ်သက်ဆဲ ငြိမ်သက်မြဲမို့ ခွဲရတော့မည်ဆိုတာ သိနေပြီပဲ သံယောဇဉ်ကြိုးလေးတွေ ရစ်ချည်ခဲ့သမျှကို အပြီးပိုင်နှုတ်ဆက်ခွဲထွက်ခဲ့ရပေမဲ့ ရင်ထဲမှာ ဟာတာတာနဲ့ မေ့နိုင်အောင်ကြိုးစားရတော့မယ်။ တူတူနေခဲ့ဘူးတဲ့ သူငယ်ချင်းများ လက်ပြနှုတ်ဆက်ရတော့မယ်မို့ အပြန်ခရီးမှာ အောက်မေ့တသခြင်းတွေရယ် မေ့မရနိုင်အောင်ထားရှိဘူးခဲ့တဲ့ မေတ္တာတရားတွေကို သူတယောက်သိပါစေတော့လေ။ နှစ်တိုင်းပြန်နေကြလိုတော့မဟုတ်ခဲ့။ ဒီနှစ်အပြန်ခရီးမှာ ရင်ထဲမှာ အတော်လေး ခံစားနေမိတယ်ပေါ့။ ပြန်မလာတော့ဘူးဆိုတဲ့ သံဒိဋ္ဌာန်ချလိုက်လို့ပဲ။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခေါင်းလောင်းသံကို ကြားနိုင်စွမ်းမရှိတော့သလို ဗာရာဏသီရွှေမြို့တော်ကြီးနဲ့ (ဘုရားဖူးများလာခဲ့ရင်)မှတပါး မလာနိုင်တော့ ခေါင်းလောင်းသံသည် ဘယ်သောအခါ ဘယ်အချိန်ကြမှ ကြားရမှန်းမသိခဲ့တော့ အိမ်တွင်းပုန်းကုလားမ လုပ်နေတတ်တဲ့ မိမိ။ မိမိတက္ကသိုလ်ကိုသာ သံယောဇဉ်ကြီးစွာနဲ့ စောင့်ဆိုင်းခြင်းသည် မဟာအမှားကြီးဖြစ်ခဲ့ရတယ်။ အမှန်တော့ ဗီဇာ ၂ နှစ်ခွဲအတွင်းမှာ ခေါင်းလောင်းသံကြားရမည်ဆိုတဲ့ အသိစိတ်ကြောင့်ရယ် ရိုးစဉ်းစွာဝန်ခံရရင် မိမိတက္ကသိုလ်အပေါ်ယုံကြည်မှုတွေ ထားလွန်းခြင်း၏ အကျိုးကတော့ ဗီဇာ ၂ နှစ်ခွဲ ကုန်လို့မှ (PH.D)ကျောင်းသားတယောက် ဖြစ်ခွင့်မရခဲ့တော့ တက္ကသိုလ်အပြစ်လဲ မဟုတ်ခဲ့သလို မိမိလည်း မိမိတက္ကသိုလ်အပေါ် အားကိုးမှုကြောင့် ခုတော့ အချိန်တန် အိမ်ပြန်ရုံမှတပါး အခြားမရှိတော့။ မိမိနည်းတူ ဗီဇာကုန်လို့ မြန်မာပြည်မှ စောင့်ဆိုင်းနေကြသော သူငယ်ချင်းများ မိမိလည်း ခုတော့ ဗီဇာကုန်လို့ ပြန်လာခဲ့ရပြီပေါ့။ ခေါင်းလောင်းသံကတော့ ၂၀၁၂ ကုန်တဲ့ထိမသေခြာခဲ့။ ၂၀၁၃ တောင် ဘယ်လ ဘယ်နေ့ဘယ်ရက်ဆိုတာ တက္ကသိုလ်အုပ်ချုပ်သော ဆရာ(ဂုရုကြီး)များသည်ပင် မပြောနိုင်သမျှ ခေါင်းလောင်းသံသည် တိတ်ဆိတ်ငြိမ်သက်လျှက်မို့..

Saturday, August 11, 2012

“မိုးနဲ့ အတူ” အချိန်တန်တော့လဲ အိမ်ပြန်ရုံမှတပါး


နေသည်သာလျှက်ရှိ၏ သို့သော်မကြာလိုက်ချေ။ ကောင်းကင်တပြင်လုံး မဲရောင်သန်းလာကာ ဘယ်အငြိုးတေးရယ်ကြောင့်မသိခဲ့ မိုးသည် သဲသဲမဲမဲရွာချနေမိသည်။ ၀န်းကျဉ်တခုလုံးဘာမှမမြင်ရတော့ လေတွေလဲတိုက်ပါဘိနှယ်။ မထင်မှတ်ပဲ ဗာရာဏသီမိုးနေ့တွေ များနေခဲ့ပြီ ခုတလော မီတာခတွေ သက်သာနေခဲ့ချေ၏။ ကိုလာလဲ နားနေရ၏။ လေပန်ကာသည်လည်း ပျင်းနေရော့မည်။ ပျင်းပျင်းရှိတာနဲ့ ဖေ့ဘုတ်စာမျက်နှာများ မွှေနှောက်ကာ ကြည့်နေမိတော့သည်။ ဗာရာဏသီမြို့၏ မိုးနေ့တွေများလို့နေ၏။ မချိန်းပဲလဲရွာတတ်၏။ တခါတရံ နေပူမရှောင် မိုးသည်ရွာချတတ်၏။ မိုးရွာလိုက်သည်နှင့် မဇ္ဈိမသားတို့ ကြက်ပျောက် ငှက်ပျောက်ပျောက်ကုန်ကြ၏။ သူတို့သည် မိုးကိုကြောက်၏။ မနေ့ကလဲ မထင်မှတ်ပဲ စရဏဘူတာဘက်အပျင်းပြေ သွားခဲ့၏။ မချိန်းပဲရွာလိုက်ရတဲ့မိုး။ ရွှဲရွှဲစိုကာသွားခဲ့၏။ တက္ကသိုလ်၏ခေါင်းလောင်းသံသည်လည်း မကြားရသေး။ အချိန်တို့သည် ကြာလာသည်နှင့်အမျှ ဒီနေ့ဖြစ်နိုး ဟိုနေ့ဖြစ်နိုး နဲ့ ကြာလာတော့ ရူးချင်လို့လာခဲ့သည်။ စောင့်ဆိုင်းရသောနေ့ရက်များသည်.နေ့မှသည် လသို့…။ လမှသည်နှစ်သို့..။နှစ်မှသည် ၂နှစ်သို့ အချိန်တွေသာ ကြာညောင်းလို့လာခဲ့သည် တက္ကသိုလ်ခေါင်းလောင်းသံကတော့ တိတ်ဆိတ်ငြိမ်သက်လို့နေ၏။မသေခြာခဲ့.။နောက်နှစ်ဆိုတာလဲ မသေခြာ။ ဘယ်လိုလုပ်တော့မလဲ အတွေးစကို ရင်ဝယ်ပိုက်ပြီး တနေ့တော့ဖြစ်လာမှာပါ ဆိုတဲ့ ကိုသန်းနိုင်သီချင်းတပုဒ်ကို ပြန်လည်ကြားယောင်လို့လာခဲ့။ ဒီလိုနဲ့ ပေးထားတဲ့ ဗီဇာသည်လည်း မကြာမီ သက်တမ်းကုန်တော့မည်မို့ ဋ္ဌာနေပြန်ရန် တွေးရပေတော့မည်။ မိမိကဲ့သို့ စောင့်ဆိုင်းနေကြသည့် သူငယ်ချင်းတွေလဲရှိကြသည်။ တချို့မြန်မာပြည်မှာ လိပ်ခဲတင်းလင်းစောင့်နေကြသည်။ ဗီဇာတော့မရှိကြတော့ တချို့ တိုးရစ်ဗီဇာနဲ့ပြန်လို့လာခဲ့ကြချေပြီ။ သူတို့တွေနဲ့စာမိရင်တော့ အကောင်းသားပါလားလို့တွေးမိခဲ့သည်။ ခုတော့ မိမိလည်း မကြာခင် ဗီဇာကုန်တော့မည်။ ရွှေမန်းကိုတင်မောင်သီချင်းကိုလည်း ငယ်စဉ်ကကြားဘူးခဲ့သလို ကျနော်လည်း ထိုနည်း၎င်း ထိုနည်း၎င်း။ဖြစ်တော့မည်။ ပြန်ဘို့ တာဆူရုံမှတပါး အခြားမရှိတော့။ပြန်ပြန်တော့လဲ ဒုတိယ၀ါအမှီပြန်ဘို့စဉ်းစားရတော့မည်။ အင်း .ခက်နေသည်ကား ခုထိဘာမှမသေခြာ မရေရာသေးတဲ့ တက္ကသိုလ်ကြီးကို အပြီးပိုင်နှုတ်ဆက်လို့ လမ်းခွဲလိုက်တော့မယ်။ ရဟန္တာတွေ စတင်ဖြစ်ပေါ်ခဲ့သည့် သံဃာရတနာစတင်ပေါ်ပေါက်ရာ မြေမြတ်မဟာနဲ့ ဗာရာဏသီရွှေမြို့တော်ကြီးနဲ့လမ်းခွဲခဲ့ရပေမဲ့ မိမိရင်ထဲမှာတော့ အမှတ်ရနေစရာတွေ ရှိနေစမြဲပါ။ လမ်းကြုံခဲ့ရင်တော့ ပြန်လည်တွေ့ဆုံခွင့်လေးတွေရှိနေအုံးမှာပါပဲလေ။ အချိန်တို့ကြာလာခဲ့သည်နှင့်အမျှ နေခဲ့တဲ့နေရာဟောင်းလေးတွေ တက်ခဲ့ဘူးတဲ့ တက္ကသိုလ်ရဲ့ စာသင်ခန်းမလေးများကို လွမ်းနေဆဲ လွမ်းနေလျက်ပါ လို့ မိမိတို့ ( M.A)ဘွဲ့ (၂၀၀၉)ခု ရယူပြီးသည်နှင့်တပြိုင်နက် တက္ကသိုလ်၏ စည်းမျဉ်းတွေသည် ပြောင်းလွဲလိုက်သည်နှင့် ၂၀၁၀ ခုနှစ် မိမိ(synopsis) တင်ပြီးကထဲက ယခုချိန်ထိ ဆရာများကိုယ်တိုင်က ဘာမှအတိကျမပြောနိုင်သေးဟု အားရစရာကောင်းလှသော စောင့်ဆိုင်းရကျိုးသည်  မကြာခင်ဗီဇာလည်း နိဋ္ဌံတံ။ မိမိလည်း နိဋ္ဌိတံလို့ အချိန်တန် အိမ်ပြန်ရပေမဲ့ လွမ်းမြဲလွမ်းနေလျှက်ပါ လို့…။

Friday, August 3, 2012

ဝါဆိုဝါကပ်ရခြင်းအကြောင်းများ

ဒီနေ့ အမိမြန်မာပြည်မှာတော့ ၀ါဆိုဝါကပ်တဲ့နေ့ပေါ့။ ၀ါဆိုဝါကပ်ခြင်းအကြောင်းမှာ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းသီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား ၀ါဆိုဝါကပ် ပညတ်တော်မမူသေးသောကြောင့် ရဟန်းတော်တို့သည် နွေ.မိုး.ဆောင်းဥတု ၃ ပါးလုံးဒေသစာရီလှည့်လည်တော်မူခဲ့ကြသည်။ လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည်ကား ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါ တို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီ လှည့်လည်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
ထိုအခါ ရဟန်းတို့အား ''အဘယ်အခါ၌ ဝါကပ်အပ်ပါသနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ မိုးလ၌ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှ ရှိကုန်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်၊ ဝါဆိုလပြည့် နေ့မှ တစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်၊ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒီနှစ်သည် ၀ါထပ်ခြင်းကြောင့် ပုရိမ၀ါကပ်ကြရသည်။ ၀ါခေါင်လပြည့်ကျော်တရက်နေ့ ၀ါဆိုဝါကပ်ပြီး တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါကျွတ်သည်။ ၀ါကပ်ရာတွင် ကျောင်းလို့အမည်ရမှ ၀ါကပ်ရမည်ဟု မဟုတ်ချေ။ မြတ်စွာဘုရားသည် ၀ါဆိုရာ ဋ္ဌာန များ သတ်မှတ်ပေးထားခဲ့သည်။ လှည်း, လှေ,နွားခြံ တို့နေရာ သည်လည်း ၀ါဆိုဝါကပ်ခွင့် ပေးထားခဲ့၏။တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ နွားကျောင်းသားတို့၏ နေရာသည် ပြောင်းရွှေ့၏။ မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာရှိရာသို့ ကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
 ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှည်းကုန်သည်နှင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှည်း၌ ဝါကပ်ခြင်းငှါခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
 ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှေဖြင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ မိမိ ကိုရင်ဘ၀က သာမဏေသကျသီဟ လုပ်စဉ်အခါက စာချဘုန်းကြီးသည် မှတ်လွှယ်စေရန် ဆောင်ပုဒ်လေးလုပ်ပေးထားခဲ့သည်။ စာမေးပွဲအတွင်းဝယ် အလွယ်တကူအမှတ်ရစေရန်ဖြစ်၏။ {လှည်း,လှေ,နွားခြံ ဤ ၃ တန် မှတ်ရန်ဝါကပ်ကောင်း} ဟု သင်ပေးခဲ့ဘူးသည်။ ယနေ့ထိ ရနေသည်ကို အမှတ်တရ ရေးသားတင်ပြလိုက်ပါ၏။ ၀ါမကပ်သင့်သောနေရာများမှာလည်း မြတ်စွာဘုရားသည် မိန့်တော့်မူခဲ့လေ၏။ သစ်ခေါင်း,သစ်ခွ,လွင်တီးခေါင်,အမိုးမရှိသောနေရာ=ကျောင်းအိပ်ယာ နေရာမရှိသောနေရာ, သူသေကောင်ဖုတ်ရာနေရာတဲ, ထီး, အိုးစရည်း ဤ နေရာ ၇ နေရာကို ၀ါမကပ်ရန်မိန့်မှာတော်မူခဲ့သည်= ပညတ်တော်မူခဲ့သည်။ ဤ ၀ါမကပ်ရတဲ့နေရာဋ္ဌာနများကို မိမိရဲ့ စာချ ဘုန်းကြီးမှ { သစ်ခေါင်းသစ်ခွ မှတ်ကြလေပါ လွင်တီးခေါင်လည်း မရှိဝိဟာ သူသေကောင်ဖုန် တဲကုတ်တဖြာ မကပ်ရ ဆတ္ထ အိုးစရည်းမှာ}လို့ ဆောင်ပုဒ်လေးများသီကုံးပေးခဲ့သည်။ မိမိကိုရင် ၁၇ နှစ်သားအရွယ်က စာချဘုန်းတော်ကြီးများ သင်ကြားပေးခဲ့ဘူးသည်ကို အမှတ်ရစေခဲ့သည်။
မြတ်စွာဘုရားသည် ထိုဝါမကပ်သင့်သည်နေရာဋ္ဌာနတွေမှာလည်း အကြောင်းတရားတွေရှိခဲ့ခြင်းကြောင့်  ၀ါဆို ၀ါကပ်ခွင့်မပေးခဲ့ခြင်းဖြစ်သည်။တစ်ရံရောအခါ ရဟန်းတို့သည် သစ်ခေါင်း၌ ဝါကပ်ကုန်၏။ လူတို့သည် ''ဘီလူးငယ်တို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ခေါင်း၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သစ်ပင်ခွ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သားမုဆိုးတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ပင်ခွ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် လွင်တီးခေါင်၌ ဝါကပ်ကုန်၏။ မိုးရွာသည်ရှိသော် သစ်ပင်ရင်းသို့လည်းကောင်း၊ တံစက်မြိတ်သို့လည်းကောင်း ပြေးကပ်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လွင်တီးခေါင်၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါကပ်ကုန်၏။ အချမ်းကြောင့်လည်းကောင်း၊ အပူကြောင့်လည်းကောင်း ပင်ပန်းကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ ရဟန်းတို့ ကျောင်း အိပ်ရာ နေရာ မရှိဘဲ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏ဟု (မိန့် တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် သူသေကောင်ထားရာတဲ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သူသေ ကောင်ကို မီးဖုတ်သော သူတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သူသေကောင်ထားရာတဲ၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ထီး၌ ဝါကပ်ကုန်၏၊ လူတို့သည် ''နွားကျောင်းသားတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။ ရဟန်းတို့ ထီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် အိုးစရည်းကြီး၌ ဝါကပ်ကုန်၏။ လူတို့သည် ''တိတ္ထိတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အိုးစရည်းကြီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ မိမိတို့မှာတော့ ၀ါဆိုရာ ကျောင်းဟု မဟုတ်သော်ငြားလည်း မိမိငှားနေသော အိမ်ကိုသာ ၀ါဆိုဝါကပ်ခဲ့ရပေသည်။ ၀ါဆိုရန် ရွတ်ဆိုရသော ပါဠိတော်မှာ “ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံဥပေမိ” လို့ ၃ ကြိမ်၃ ခါရွတ်ဆိုရသည်။ ရှင်းလင်းချက်။ ဤကျောင်းတိုက်မှာ ၀ါတွင်း၃ လပတ်လုံး ၀ါကပ်ပါ၏။ လို့ဆိုလိုပါ၏။ မိမိတို့မှာတော့ “ဣမသ္မိံ ဂေဟေ ဣမံ တေမာသံ ၀ဿံ ဥပေမိ” လို့ ၀ါဆိုဝါကပ်ခဲ့ရသည်။ ၀ါတွင်းကာလမှာ ဤကျောင်းတိုက်မှာဝါတွင်း ၃လပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုကြခြင်းဖြစ်၏။ မိမိတို့မှာတော့ ဤ အိမ်မှာ ၀ါတွင်း၃ လ ပတ်လုံး နေထိုင်ပါမည်ဟု ရွတ်ဆိုမှုပြုလိုက်ရတော့၏။ ၀ါတွင်းမှာလည်း ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားသည်။ တုံ ၃ တုံ တဲ့ ။ဒါနဉ္စ ဒါတုံ။ ဓမ္မဉ္စ သောတုံ။ ဘိက္ခုစ ပဿိတုံ။  အလှူပေးခြင်းငှာလည်းကောင်း။ တရားတော်ကို နာယူခြင်းငှာလည်းကောင်း။ ရဟန်းသံဃာအားဖူးမြင်ခြင်းငှာလည်းကောင်း ၀ါတွင်းကာလမှာ သွားဘို့ အနုပညတ်အနေနဲ့ ခွင့်ပြုခဲ့သည်။ ၀ါတွင်းကာလ မှာ ၀ါကျိုးဝါပျက်ခြင်းသည် ဒုက္ကဋ်အာပတ်သာသင့်စေသည်။ မသိနားမလည်သော လူအချို့သည် ၀ါကျိုးဝါပျက်ခြင်းကိုပင် အပြစ်ကြီးတခု ဟု ယူဆနေကြ၏။ အမှန်စင်စစ် ဒုက္ကဋ်အာပတ်သည် ဒေသနာကြားက ပျောက်နိုင်သည်။ (လူအများသိစေရန်) သာဖြစ်ပါ၏။

Thursday, August 2, 2012

ဓမ္မစကြ်ာဟောတော်မူရာနေ့ အမှတ်တရ မိမိတို့ကျောင်းသားတွေမှလည်း

ဗာရာဏသီမြို့ရှိ တက္ကသိုလ်၂ ခုမှ ညီညွတ်စွာ ဓမ္မစကြ်ာရွတ်ဖတ်နေကြပါ၏။

ဓမ္မစကြ်ာရွတ်အပြီး ကိုဂင်္ဂါ နှင့်အတူပေါ့
ဒီနေ့ မြတ်စွာဘုရားရှင်သည် ဓမ္မစကြ်ာသုတ်ကိုဟောတော်မူသောနေ့ဖြစ်၏။ “ ဘိက္ခုနံ ပဉ္စ၀ဂ္ဂီနံ အိသိပတန နာမကေ မိဂဒါယေ ဓမ္မ ၀ရံ ယံ တံ နိဗ္ဖာန ပါပကံ” အစရှိသည်ဖြင့် ဓမ္မစကြ်ာသုတ် ကိုဟောတော်မူခဲ့သည်။ နေရာကား မိမိတို့နေထိုင်ရာနှင့် မလှမ်းမကမ်းမှာရှိသည်။ မိမိတို့နေထိုင်ရာသည် မိဂဒါဝုန်တောနှင့် ၂ ကီလိုမျှသာ ဝေးကွာ၏။ ရဟန္တာများ စတင်ပေါ်ပေါက်ရာ သံဃာရတနာစတင်ပေါ်ပေါက်ခဲ့ရာ မြေမြတ်မဟာ ဖြစ်သည်။ သစ္စာတရား ထွန်းကာခဲ့ရာ မြေမြတ်မဟာမှာ ဒီနှစ်ဝါကပ်ရပေမည်။ ဒီနေ့ဆိုရင် အမိမြန်မာပြည်မှာ ဘုရားတွေမှာ လူများပြည့်ကြပ်လို့ ဗုဒ္ဒဘာသာတို့ အမွန်မြတ်ဆုံးနေ့တနေ့ဆိုကမှားအံ့မည်မထင်။ တချို့ ရုံးတွေ ပိတ်ရက်မို့ သံဃာတော်များ မိမိအိမ်သို့ပင့်ဆောင်ပြီး ၀ါဆိုသင်္ကန်းများဆပ်ကပ်ကြမည်။ တချို့ရုံးတွေမှာ လည်း ပင့်ကပ်တတ်ကြ၏။ အင်မတန်ချစ်စရာကောင်းသော မြန်မာပြည်ရဲ့ ဓလေ့ထုံးတမ်းဖြစ်၏။ မိမိတို့ နိုင်ငံရပ်ခြားမှာ တနည်း သစ္စာတရားထွန်းကာခဲ့ရာ မြေမြတ်မဟာပေမင့် ၀ါဆိုသင်္ကန်းဝေးစွ။ သို့သော် အမှတ်တရ ကုသိုလ်ထူးလေးတော့ ရင်ဝယ်ပိုက်ခဲ့ရပြီ။ ဗာရာဏသီမြို့ရှိ တက္ကသိုလ် ၂ခု မှ သံဃာတော်များ ဆေးဝင်္ကဘာမြန်မာကျောင်းမှာ စုပြီး မြန်မာပြည်ကို အမှတ်တရ လွမ်းဆွတ်ခြင်း, သစ္စာတရားထွန်းကားခဲ့ရမြေမြတ်မဟာမှာ  မြတ်စွာဘုရားရှင်ကို အောက်မေ့တသအမှတ်တရ အဖြစ် တက္ကသိုလ်၂ခုတို့ M.A.့ ပထမနှစ်သံဃာတော်မှား.ဒုတိယနှစ်သံဃာတော်များ။ PH.D စောင့်ဆိုင်းနေသော သံဃာတော်များ.တချို့ ကျမ်းတင်ရန် စောင့်နေကြသော သံဃာတော်များ. တချို့တင်ဆဲ viva ထိုင်ရန်စောင့်နေသောသံဃာတော်များ အပါး ၆၀ ခန့်တို့သည် ဆေးဝင်္ကဘာမြန်မာကျောင်း၌ စုပေါင်းညီညာစွာ ဓမ္မစကြ်ာရွတ်ဖတ်ကာ အမှတ်တရ ကုသိုလ်လေး ပြုလိုက်မိပါ၏။ မိမိအိမ်မှာရွတ်လဲ ရသော်ငြားလည်း မိဂဒါဝုန်တော ဓမ္မေခ စေတီတော်အတွင်း၌ ရွတ်လဲရပါသော်လည်း ညီညွတ်ရေး အဖြစ် စုပေါင်းသံပြိုင်ရွတ်ဆိုခဲ့ကြသည်။