အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)
Thursday, March 29, 2012
ရွှေတိဂုံစေတီတော်နှင့်အင်္ဂလန်နိုင်ငံသားလူဝင်စားတဦးရဲ့ ဖြစ်ရပ်မှန်ဘ၀ဇာတ်ကြောင်း
သေခါနီးရောက်နေသည့် သတ္တ၀ါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က ကြုံတွေ့ခဲ့ရသော အာရုံကိုဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘ၀က အခြေအနေကိုဖြစ်စေ ထင်မြင်စွဲလမ်းလျက်ရှိနေ၏။
ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါမျိုးမှာ ပယ်ဖျောက်၍မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ၀မ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့သို့လည်းကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့လည်းကောင်း ထူးထူးခြားခြားဖြစ်နေသည်ကို အနီးအပါးရှိလူများက အထင်ရှားတွေ့ရလေသည်။
တစ်ချို့မှာ မိန်းမောတွေဝေရာက ပြန်လည်သတိရလာသောအခါ “ဘယ်လိုလူက ခေါ်သွားသည် ဘယ်လိုနေရာရောက်သွားသည်” စသဖြင့် လည်း ပြန်လည်၍လည်း ပြောတတ်ကြ၏။
 ဤသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းရင်းပင် နောက်ဆုံးစုတိစိတ်ကလေး ချုပ်ပျက်လျက် သေ သွား၏။ သေ ဆိုသည်မှာလည်း ယခုကြံသိလိုက်သော စိတ်ကလေးတစ်ခု ကုန်ဆုံးသွားခြင်းမျိုးပင်ဖြစ်၏။
ယခုကြံသိနေသော ရှေးရှေး စိတ် များ ကုန်ဆုံးသွားတိုင်း ထိုစိတ်များ၏ အဟုန်ကြောင့် နောက်နောက်စိတ်များ မပြတ်ဆက်စပ်ကာ ဖြစ်နေသကဲ့သို့ စုတိစိတ်ကလေး ပြတ်စဲ သွားသည်နှင့်တပြိုင်နက် သေခါနီးက စွဲလမ်းခဲ့သည့် အာရုံကိုပင် ဆက်လက်ထင်မြင်လျက် ဘ၀သစ်ဌာန၌ စိတ်အသစ်စ၍ ဖြစ်ပေါ်လာ၏။ ( ၁၉၇၇ - ဒီဇင်ဘာလထုတ်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ဘ၀ပြဿနာ စာ - ၂၆ )
သေတဲ့အခါ စိတ်စွဲထင်ရာ ဘ၀သစ်ဖြစ်ပေါ်ရကြောင်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ရှင်းလင်းဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မသေခင် နေစဉ်ကတည်းက စွဲစိတ်တွေကို သတိနဲ့ဖြတ်ချနိုင်တဲ့ အကျင့်ကောင်းကလေးတွေ ကျင့်တက်ကြစေဖို့ ၀ိပဿနာ ဆရာတော်ကြီးများက အမြဲတမ်းလမ်းညွှန်သတိပေးနေပါတယ် .
အနေတတ်ရမယ်၊ အထူးသဖြင့် အသေတတ်ရမယ် လို့ သြ၀ါဒပေးနေတာဟာ သေခါနီးမှာဖြစ်ပေါ်လာတဲ့ စွဲစိတ်တွေရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်စေချင်လို့ ဖြစ်ပါတယ်။ အလောင်းတော်ကြီး များသော် မှ နုစဉ်ဘ၀များမှာ အာရုံမှားပြီး တိရစ္ဆာန်ဘ၀များသို့ လားရောက်ရသေးတယ် မဟုတ်ပါလား။
 ကျောင်းဆောက်ပြီးလှူတဲ့ ကျောင်းဒကာကြီး ကျောင်းကိုစွဲပြီး သေသွားတဲ့အခါ ကျောင်းစောင့်ပြိတ္တာဖြစ်ရ
ရှာပုံ၊ ဘုရားဒကာကြီးလည်း ဘုရားစေတီကို စွဲပြီး သေသွားတဲ့အခါ ဘုရားစောင့်ပြိတ္တာ ဖြစ်ရရှာပုံတွေကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကလည်း သာဓကဆောင် ဟောကြားခဲ့ဖူး ပါတယ်။
လွန်ခဲ့သောနှစ်ပေါင်းတစ်ရာနီးပါး မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်က အမှတ်ထင်ထင်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဟာလည်း ကုသိုလ်ရှင်ကြီးတစ်ဦးရဲ့ စွဲစိတ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသုက္ခတွေကို ထူးထူးခြားခြား ဖေါ်ပြနေသလိုရှိပါတော့တယ်။
အဲဒီတုန်းက ကုသိုလ် ရှင်ကြီး တစ်ဦးဟာ ရွှေတိဂုံစေတီကြီးရဲ့ စနေထောင့် အနောက်တောင်ယွန်းယွန်းမှာ တန်ဆောင်းကြီး တစ်ဆောင် ဆောက်လုပ် လှူဒါန်း ခဲ့ပါ တယ် ။ တန်ဆောင်းကြီးအတွင်းမှာလည်း အများပြည်သူတို့ ကြည်ညိုဖို့ ရုပ်ပွားတော်ကြီးတစ်ဆူ ပင့်ဆောင်ကိုးကွယ်ခဲ့ပါတယ်။
 ကုသိုလ်ရှင်ကြီးဟာ မိမိရဲ့ကုသိုလ်ကောင်းမှုတွေကို အားကိုးပြီးတော့ ကုသိုလ်ရမယ့် အလုပ်တွေကိုသာ ကြိုးစားလုပ်ဆောင်နေခဲ့ပါတယ်။ဒါကြောင့်သူသေရင်နတ်ပြည်တော့မလွဲဘူးလို့အားလုံးက ထောပနာ
ပြုကြလေ့ ရှိသတဲ့။
ဒီလိုနဲ့ တစ်နေ့မှာ ကုသိုလ်ရှင်ကြီး ရှိရာ ရွှေတိဂုံ ဘုရား ရင်ပြင်တော်ဆီ ကာလအတန်ကြာကွဲကွာနေတဲ့ မိတ်ဆွေတွေရောက် လာကြပါတယ် ။ ရောက်မဆိုက်ဆိုသလို မိတ်ဆွေတွေက -
“ဘုရားဒကာ တန်ဆောင်းဒကာကြီးရဲ့သတင်းတွေကတော့ဗျာ၊ ဘိလပ်အထိအောင် မွှေးပါပေတယ်” လို့ ချီးကျူးကြပါတယ်။ `ဩော်.. သူတို့က ဘိလပ်ပြန် တွေကိုး။
သူတို့ အင်္ဂလန်သွားနေတာလည်း ကုသိုလ်ရှင်ကြီး အခုမှ သတိရတယ်။ ဘိလပ်ပြန် မိတ်ဆွေများက.. “ ကုသိုလ်ကောင်းမှုတွေ ဒီလောက်လုပ်နေတာ သေရင် နတ်ပြည်တော့ မလွဲဘူးလို့ ပြောနေကြပါလား မိတ်ဆွေကြီးရဲ့.. ဒါနဲ့ နတ်ပြည် ခြောက်ထပ်ဆိုတာ ဘယ်မှာရှိပါလိမ့် မိတ်ဆွေကြီး..” လို့ လှိုက်လှဲဝမ်းသာ မေးကြပါတယ်။
ကုသိုလ်ရှင်ကြီးက မိုးမော့ကြည့်ပြီး “ နတ်ပြည်ဆိုတာ မိုးပေါ်မှာပေါ့ဗျာ” လို့ ပြုံးပြုံးရွှင်ရွှင် ဖြေလိုက်တယ်။ ဘိလပ်ပြန်မိတ်ဆွေကြီးတစ်ယောက်က- “ မိုးပေါ်မှာ နတ်ပြည်ဆိုတာ မသေချာပါဘူးဗျာ .. ဒီမှာကျောင်းဒကာကြီး၊ ဟောဒီ မြေပြင်ပေါ်မှာတင်နတ်ပြည်ဆိုတာရှိနေတယ်ဗျ”လို့ခနိုးခနဲ့ပြောလိုက်ပါတယ်။
ကုသိုလ်ရှင်ကြီး ယောင်နန ဖြစ်သွားစဉ်မှာပဲ အခြားသော ဘိလပ်ပြန်မိတ်ဆွေကြီးနှစ်ဦးက “ ဟုတ်တယ်ဗျ၊ ကျုပ်တို့ရောက်ခဲ့တဲ့ ဘိလပ်ဆိုတဲ့ အင်္ဂလန်ကျွန်းဟာ တကယ့်နတ်ပြည်ပဲ၊ မြေပြင်ပေါ်က နတ်ပြည်ပဲ။ ဘိလပ်သူ ဘိလပ်သားတွေဆိုတာလည်း နတ်သမီး နတ်သားတွေ ကျလို့ဗျာ..ဘိလပ်မှာ ဆင်းရဲတယ်ဆိုတာ ဘာမှန်းမသိအောင် အချိန်ပြည့် ဇိမ်ခံနေကြတယ်၊ ဘုံနန်းဆောင်ကြီးတွေ ယာဉ် ရထားတွေ ပန်းဥယျာဉ်ကြီးတွေဆိုတာလည်း နတ်ပြည်မှာတောင် ရှိမယ်မထင်ပါဘူးဗျာ” စသဖြင့် ဘိလပ်ချီးမွမ်းခန်း ကို အဆန်းတကြယ်ပြော လိုက်ကြတာ ကုသိုလ်ရှင်ကြီးပါးစပ်အဟောင်းသားနဲ့ငေးမောနားထောင်ယူရတယ်။
ဘိလပ်ပြန်မိတ်ဆွေတွေ ပြန်သွားသည့်တိုင် သူ့နားထဲမှာ “ဘိလပ်ဆိုတာ နတ်ပြည်” ဆိုတဲ့ စကားသံကြွားသံတွေ ပဲ့တင်ကျန်နေရစ်ပါတယ်။
ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးဟာ ရွှေတိဂုံကုန်းတော်ကနေ ဘိလပ်တစ်ခေါက်လောက် သွားရကောင်းလေမလား.. စဉ်းစားခန်းဝင်မိတဲ့ အထိပဲ တဲ့ ။ သြော်..ငါ့အသက်လည်းကြီးပါပြီ၊ ကိုယ့်အလုပ် ကိုယ်လုပ်တာကောင်းပါတယ်ဆိုပြီး ရွှေတိဂုံဘုရားကြီးပေါ်မှာပဲဒါနသီလအလုပ်တွေကြိုးစားလုပ်ကိုင်နေပါ
သတဲ့။
အရွယ်ရောက်စ သားလူပျိုပေါက်ကို ဘုရားခေါ်လာခဲ့ပြီး လက်ကတုံးတောင်းဝှေးလုပ်ရသေးတယ်။ သားကိုခိုင်းစရာရှိတာခိုင်း၊ သင်စရာရှိတာသင်နဲ့ အလေ့ကောင်း၊ အကျင့်ကောင်း၊ အမွေကောင်း ဆက်ခံလုပ်ကိုင်စေပါတယ်။
ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးရဲ့ဘ၀ဆည်းဆာချိန် ရောက်လာတဲ့အခါ သူ့အာရုံမှာ ဘိလပ်၊ အင်္ဂလန်ဆိုတဲ့ ပုံရိပ်တွေသာ ကပ်ငြိလို့ ပုံပေါ် လာပါတယ်။ အဲဒီမှာပဲ ရုတ်တရက် သေဆုံးလေရာ ( နတ်ပြည်သို့ရောက်ထိုက်ပါလျက် ) အစွဲအငြိနဲ့ အာရုံမှားဝင်ဖျက်လို့ ဘိလပ်မှာ ၀င်စား၊ အင်္ဂလိပ်အမျိုးသား လူမျိုးခြားအဖြစ် တဖန်မွေးဖွား ပြီး လူပြန်ဖြစ်ခဲ့ပါတော့တယ်။
အင်္ဂလိပ်ဘ၀ သူ့နာမည် ‘ဟွန်းစနိုး’ ဟု ခေါ်တွင် သတဲ့။ မြန်မာပြည်သား ကုသိုလ်ရှင်ကြီးဘ၀က ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် ချမ်းချမ်းသာသာ နေရပါတယ်။
မြန်မာပြည်သားဘ၀က စောင့်ထိန်းခဲ့တဲ့ သီလကုသိုလ်၊ ပြုကျင့်ခဲ့တဲ့ဘာဝနာကုသိုလ်တို့ရဲ့ ကျေးဇူးကြောင့် လူငယ်စာသင်သားဘ၀မှာ ပညာထူးချွန်သူ ဖြစ်လာခဲ့ပါတယ်။ သူ အထူးစိတ်ဝင်စားတာက ဘာသာရေးနဲ့အတွေးအခေါ်ပညာရပ်တွေ ဖြစ်လာပါတယ်။
ယခုအခါ သူကိုယ်တိုင်ဟာ ဘာသာခြားလူမျိုးခြား ဖြစ်လာရပေမယ့် ဗုဒ္ဓဘာသာအကြောင့်တစေ့တစောင်းမျှ ဖတ်မှတ်လေ့လာရုံမျှနဲ့ သူ့စိတ်ဟာ အကြီးအကျယ် လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့သူဟာ ဗုဒ္ဓ၀ါဒ သုတေသနသမားကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ သုတေသနလုပ်ငန်းတွေအတွက် ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံမေးမြန်းစူးစမ်းတာတွေ လုပ်လာရပါတယ်။ အဲဒီမှာ မြန်မာပြည်က အင်္ဂလန်ကို ပညာတော်သင်လာရောက်သူများနဲ့ ဆုံဆည်းမိရာက သူ့ဘ၀ရဲ့ အလှည့်အပြောင်းကြီး တစ်ခု ဘွားခနဲပေါ်ပေါက် လာရ ပါတော့ တယ်။
 မြန်မာမိတ်ဆွေတစ်ဦးက အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော် ဓာတ်ပုံတစ်ပုံရယ် ရွှေတောင်ကြီးပေါက်နေ သကဲ့သို့ အံ့ဖွယ်သပ္ပါယ် လှတဲ့ မြတ်ဘုရားရွှေတိဂုံပုံတော် တစ်ပုံလက်ဆောင်ပေးပါတယ်။ အင်္ဂလိပ်ပညာတတ် ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော် ကြည့်ပြီး ရင်တွေ တဒိတ်ဒိတ်ခုန်၊ အသားတွေ တဆတ်ဆတ်တုန်လာပါတယ်။
 ရွှေတိဂုံဘုရားပုံတော်ကို မမှိတ်မသုံ စိုက်ကြည့်နေစဉ်မှာပဲ ခမ်းနားတဲ့ တန်ဆောင်းကြီး တစ်ခုကို သူမြင်လိုက်ရပါတယ်။ ( တကယ်တော့ သူကြည့်သည့် ရွှေတိဂုံပုံတော်ဓာတ်ပုံတွင် တန်ဆောင်းကို ထည့်သွင်း ရိုက်ကူး ထားခြင်းမဟုတ်သည့်အတွက် တန်ဆောင်း မပါဝင်ပါ )။
 ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော်ကို မျက်စိခွာလို့မရ၊ ကြည့်နေရင်းမှာပဲ တန်ဆောင်းကြီးတစ်ခု ဖျပ်ကနဲ ဖျပ်ကနဲ ပေါ်လာပါတယ်။ ပြီးတော့ တန်ဆောင်းအတွင်း အတင့်အတယ် စမ္ပါယ်နေတဲ့ မြန်မာလူမျိုးဘ၀က သူလှူခဲ့တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးကိုလည်း ဖူးတွေ့လိုက်ရပြန်ပါတယ်။
မြန်မာပညာတော်သင်မိတ်ဆွေကို အလွန်အမင်းကျေးဇူးတင်ခြင်းဖြင့် နှုတ်ဆက်ပြီး အိမ်ပြန်ရောက်တာနဲ့ သူဟာ ရွှေတိဂုံဘုရားပုံတော်ကို ထုတ်ကြည့်၊ ခွာကြည့် ကပ်ကြည့်ပြီး တစိမ့်စိမ့်ငေးကြည့် ကြည်ညိုလို့သာ နေတော့တယ်။ နောက်ဆုံးတော့ သူဟာ ရွှေတိဂုံဘုရားကြီးကို ကိုယ်တိုင်သွားရောက်ဖူးမြော်ချင် ကြောင်း၊ သူ့မိဘတွေဆီမှာ ခွင့်တောင်းရာမှာတော့ ဗုဒ္ဓဘာသာ သုတေသနလို့ အကြောင်းပြ ခွင့်တောင်းရရှာတယ်။ မိဘတွေကလည်း ပညာရေးကိစ္စဖြစ်လို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်ပါတယ်။
 ဒါနဲ့သူဟာ ၀ါသနာတူရာ အဖော်တစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရားကြီးရှိရာ မြန်မာပြည်သို့ ရေကြောင်းခရီးအားဖြင့် သင်္ဘောစီးထွက်ခွာလာခဲ့ပါ တော့တယ်။ သင်္ဘောပေါ်မှာ ဆုံဆည်းမိတဲ့ မြန်မာမိတ်ဆွေများကိုလည်း ဗုဒ္ဓဘာသာအကြောင်း ရွှေတိဂုံဘုရားကြီးအကြောင်း
 မေးမြန်းစုံစမ်းလို့သာ အချိန်ကုန်ဆုံးရင်း လိုက်ပါလာခဲ့ပါတယ်။
“ကမ္ဘာမှာ မရှိဘူး” “ အင်္ဂလန်မှလြည်း မရှိဘူး” … သူဟာ ရွှေတိဂုံဘုရားပုံတော်ထုတ်ကြည့်ပြီး အဲဒီလို အာမေဍိတ် အသံနဲ့ ပြော လိုက်တယ်ဆိုရင် မြန်မာမိတ်ဆွေ တွေက သဘောကျနေသလောက် အတူပါလာတဲ့ သူ့မိတ်ဆွေ အင်္ဂလိပ်ကြီးကတော့ ပုခုံးတွန့်လိုက်မိပါရော တဲ့ ။
ဒီလိုနဲ့ သူတို့သင်္ဘော မြန်မာ့ပင်လယ်ပြင် ဆိပ်ကမ်းနားသို့ ကပ်မိတယ်ဆိုရင်ပဲ -“ဟိုမှာ.. ဘုရား..ဘုရား… ရွှေတိဂုံ…ရွှေတိဂုံ..” မြန်မာမိတ်ဆွေတွေက ညွှန်ပြကြတယ်။ သူ သင်္ဘောပေါ်က လှမ်းကြည့် လိုက်တော့ ရွှေတောင်ကြီးပေါက်နေသည့် ပမာ ရွှေရောင်ဝင်းဝါနေတဲ့ စေတီတော်မြတ်ကြီးကို လှမ်းမြင်လိုက်တာနဲ့ ရင်တလှိုက်လှိုက်ခုန်ပြီး မြန်မာ မိတ်ဆွေတွေလိုပဲ သူ့ရင်ညွှန့်မှာ လက်အုပ်ကလေးချီလျက်သား..။
သူ့ ပါးပြင်ပေါ်မှာတော့ ဘယ်ကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည် စီးကြောင်း..၊ ဘ၀ဟောင်းက ပုံရိပ်တွေ တဖျပ်ဖျပ်ရိုက်ခတ်၊ ရုတ်တရတ် ဟိုမှာဘက်က ဘ၀နဲ့ သည်ဘ၀ ဆက်စပ်သွားသလို ရင်၌လိုက်ဖို ရှိုက်ငိုခြင်းမရှိပဲ မျက်ရည်တွေက သွင်သွင်စီးကျ..။ အနီးအပါးက မြန်မာမိတ်ဆွေတွေနဲ့ သူ့အဖော် အင်္ဂလိပ်မိတ်ဆွေကတော့ နားမလည်နိုင်သော အံ့သြခြင်းများဖြင့် သူ့ကိုကြည့်လို့..။
သင်္ဘောကမ်းကပ်တာနဲ့ သူဟာ ရွှေတိဂုံဘုရားကြီးဆီ တန်းသွားလိုက်ချင်ပေမယ့် ပါလာတဲ့ အဖေါ်၊ကို ငဲ့ညှာရ၊ ပစ္စည်း ပစ္စယတွေလည်း သယ်ရပြုရ သေးတာကြောင့် ထိုတစ်ညကို အကြာကြီးလို့ သည်းခံလိုက်ရတယ်။ နောက်တစ်နေ့ နံနက် မိုးသောက်ချိန် မှာတော့ သူဟာ အဖေါ်နှစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ် ရောက်နေခဲ့ပါပြီ။
အဖေါ်နှစ်ယောက်မှာ တစ်ယောက်က သူ့ သူငယ်ချင်း အင်္ဂလိပ်၊ နောက်တစ်ယောက်က မြန်မာစကားပြန်ပါ။ မြန်မာစကားတွေကို နားလည်သလိုလိုလည်း သူခံစားလိုက်ရပြန်ပါတယ်။ ဒီလောက်စောစောစီးစီး ၀ီရိယကြီးလိုက်ပါတဲ့ မြန်မာတွေ.. ဘုရားရင်ပြင်အနှံ့ ကုသိုလ်အလုပ်တွေ ဖြန့်ကျက်နိုင်လွန်းတဲ့ မြန်မာတွေကိုကြည့်ပြီး သူ့အမူအယာဟာ ထူးထူးခြားခြား ရွှင်လန်းလာပါတယ်။
 ရွှေတိဂုံဘုရားကြီးကို အားမရနိုင်သော ဖူးမြော်ခြင်းနဲ့ ဖူးမြော်ပြီး… “ ကမ ၻာမွာ မရိွဘူး ..ကမ ၻာ မွာ မရိွဘူး” လို့ သူ့နှုတ်က မြည်တမ်းနေပါတော့တယ်။ ဒီလိုနဲ့ စနေထောင့်ကို ရောက်လာတဲ့အခါ သူ့အကြည့်တွေ၊ သူ့ခြေလှမ်းတွေ တစ်နေရာတည်းမှာ ရပ်တန့်သွားတယ်။
ခမ်းနားဆန်းပြားတဲ့ တန်ဆောင်းကြီးတစ်ခုဆီရောက်တဲ့အခါပေါ့။ တန်ဆောင်းအတွင်းမှာတော့ ဟိုဖက် ရင်ပြင်ပေါ်မှာလောက် လူမများလှ၊ ပုတီးစိပ်သူ သုံးယောက်၊ တရားထိုင်နေသူ လေးယောက် ခန့်သာရှိနေပါတယ်။
သူ တန်ဆောင်းအတွင်း ၀င်မိချိန်မှာတော့ ငါးပေလောက်မြင့်တဲ့ ကြေးဆင်းတုဘုရားရုပ်ပွားတော်ကြီးကို ဖူးတွေ့လိုက်ရတယ်။
ဘုရားရုပ်ပွားတော်ကြီးက ရောင်ခြည်တော်တွေ ပြိုးပြက်လျှံထွက်နေသလို သူမြင်တွေ့ခံစားလိုက်ရတယ်။ ရုပ်ပွားတော်ကြီးရှေ့မှာတော့ ရဟန်းတစ်ပါးနဲ့ လူဒကာတစ်ယောက်၊ ဘုရားကိုယ်တော်မြတ်ကြီးကို ပန်းဆီမီးရေချမ်းတွေနဲ့ ကြည်ညိုပူဇော်နေတာ တွေ့လိုက်ရပြန်တယ်။
 ရုပ်ပွားတော်ကြီးရှေ့ တရွေ့ရွေ့နီးကပ်လာစဉ်မှာပဲ သူ့ရင်တွေ တလှပ်လှပ် ဖိုလှိုက်လာတယ်။ သူဟာ အသက်ရှူဖို့တောင် မေ့နေတဲ့အလား ဘုရားရုပ်ပွားတော်ကြီးကို ငေးကြည့် ကြည်ညိုနေမိတယ်။
သူ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး ရုတ်တရက်… “ ဘုရား..ဘုရား” လို့ အော်လိုက်မိပါတယ်။
ဘယ်ကဘယ်လို ပေါ်ထွက်လာတဲ့အသံကြီးပါလိမ့်..၊ သူ့ကိုယ်သူတောင် မယုံနိုင်တော့ပါဘူး…။
ဒီအင်္ဂလိပ်လူမျိုးစစ်စစ်ကြီး ပါးစပ်က မြန်မာလို “ဘုရား…ဘုရား”.. လို့ ပီပီသသကြီး အော်လိုက်မိတာ ပုတီးစိပ်နေသူ တစ်ယောက်ပင် မျက်လုံးဖွင့်ကြည့်၊ အို.. အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာ၊ သူ ဒူးတုပ်ထိုင်ချလိုက်ပြီး ဘုရားရုပ်ပွားတော်မြတ်ကြီးကို ရှိခိုးနေမိပါပြီ..။
“ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .. ဓမ္မံ သရဏံ ဂစ္ဆာမိ .. သံဃံ သရဏံ ဂစ္ဆာမိ..” ဘုရားရှေ့မှာ ပန်းဆီမီးပူဇော်နေတဲ့ ရဟန်းတော်ဆီက သရဏဂုံဆောက်တည်သံ ပေါ်ထွက်လာတယ်..။ သူ လိုက်ဆိုနေမိတယ်..၊ ပြီးတော့ နမောတဿ..၊ တကယ့်ကို ပီပီသသကြီး သူလိုက်ဆို ရှိခိုးနေမိတယ်.။
အတူပါလာတဲ့ အင်္ဂလိပ်မိတ်ဆွေ ခြေမကိုင်မိ လက်မကိုင်မိ သူ့ကိုကြောင်ကြည့်နေတယ်။ အားလုံးက သူ့ကို တအံ့တဩ ကြည့်နေကြပါတယ်။ သူဟာ ဘုရားရှိခိုးနေရာက မျက်နှာမော့လာကာ ဘုရားရုပ်ပွားတော်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး အင်္ဂလိပ်ဘာသာနဲ့ တစ်စုံတစ်ရာ အော်ဟစ်ပြောဆိုလိုက်တယ်။
မြန်မာစကားပြန်မိတ်ဆွေက ..
“ အိုး..ဂေါ့ဒ်.. ဒီရုပ်ပွာတော်ကြီးဟာ သူလှူခဲ့တဲ့ဘုရားဆိုပါလား” လို့ အော်ကြီးဟစ်ကျယ် တအံ့တဩ ဘာသာပြန်ပေးလိုက်တယ်။ အင်္ဂလိပ်မိတ်ဆွေ အဖေါ်က “သူ ရူးသွားပြီ” လို့ ယူကြုံးမရ ပြောတယ်။
ဟွန်းစနိုးက.. “ နိုး..နိုး.. သူ မရူးဘူး” ဒီဘုရားကို သူ မြန်မာ လူမျိုး ဘ၀က လှူခဲ့တာဖြစ်ကြောင်း တပ်အပ်သေချာ အခိုင်အမာ ပြောဆိုတယ်။ သူတို့ ငြင်းခုံသံတွေကြောင့် ပုတီးစိပ်သူ၊ တရားထိုင်သူ တစ်ချို့ ထသွားကြတယ်။ သူတို့ကို သေသေချာချာ အကဲခတ်နေသူတွေကတော့ ဘုရားရှေ့မှာ ရပ်နေတဲ့ ရဟန်းတော်နဲ့ သူ့ဒကာပါပဲ။ သူကိုယ်တိုင်လည်း ရဟန်းတော်နဲ့ လူဒကာကို ငေးစိုက်ကြည့်နေရင်းက လူဒကာကို လက်ညှိုးထိုးပြီး “ You are my son.. You are my son..” လို့ ကြေကွဲဆို့နစ်စွာ အော်ပြောလိုက်ပြန်တယ်။
လူဒကာ ကလည်း သူ့ကို ရီရီဝေေ၀ ငေးကြည့်ရင်း မှင်တက်နေလေတယ်။ သူဟာ.. “ မင်းဟာ ငါ့သား” ဆိုတဲ့စကားနဲ့ အင်္ဂလိပ်လို အော်ပြောပြီး အားမလိုအားမရဖြစ်လျက် လူဒကာရဲ့လက်ကိုဆွဲ၊ ကိုယ်ကိုပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။
 ပြီးတော့ အင်္ဂလိပ်လို ဆက်ပြောနေပါတယ်။ မြန်မာစကားပြန်ကတော့ ကြိုးစားပြီး ဘာသာပြန်ပေးနေပါတယ်။
“ပြီးခဲ့တဲ့ဘ၀က သူဟာ မြန်မာလူမျိုး ဘုရားတရားအလွန်ကြည်ညိုတဲ့ ကုသိုလ်ရှင်ကြီးတစ်ဦးဖြစ်ခဲ့တယ်၊ ဘုရားကြည်ညိုလွန်းလို့ သည်ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ အနေများခဲ့တယ်၊ သူဟာ ဘုရားဝေယျာဝစ္စတွေကိုလည်း လုပ်တယ်၊ လှူလည်းလှူတယ်၊ သူ့အလှူတွေ အများကြီးထဲက ဟောဒီ တန်ဆောင်းကြီးနဲ့ ဟောဒီ ရုပ်ပွားဆင်းတု ဘုရားကြီးဟာ အထင်ကရဖြစ်ပါတယ် ..” တဲ့… ဘာသာပြန်လို့ မဆုံးသေးခင်မှာပဲ အဖေါ်ပါလာတဲ့ သူ့အင်္ဂလိပ်မိတ်ဆွေက…
“မယုံဘူး..မယုံဘူး.. မဟုတ်ဘူး…အရင်ဘ၀တွေ နောက်ဘ၀တွေဆိုတာ မရှိဘူး.. ဘာမှ အဓိပ္ပါယ်မရှိဘူး..” လို့ အပြင်းအထန် ငြင်းဆို ပြီး… “သူ ရူးသွားပြီး.. ဆရာဝန်နဲ့ ဆေးစစ်ရမယ်.. အင်္ဂလန်ကို ပြန်ခေါ်သွားရမယ်..” လို့ လေသံမာမာနဲ့ ပြောပါတော့တယ်။
မြန်မာစကားပြန် မိတ်ဆွေက… “ သည်းခံပါ လူကြီးမင်း ခင်ဗျာ.. ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ကျင်လည်ရတဲ့ သံသရာဆိုတာရှိပါတယ်၊ ပြီးတော့ လူ့ဘ၀ကနေ သေလွန်ပြီး တဖန် လူပြန်ဖြစ်တဲ့ လူဝင်စားဆိုတာလည်း ရှိပါတယ်၊
အတိတ်ဘ၀တွေကို ပြန်မှတ်မိတဲ့ ဇာတိဿရဥာဏ် ဆိုတာရှိပါတယ်။ မိတ်ဆွေရဲ့ သူငယ်ချင်း မစ္စတာ ဟွန်းစနိုးဟာ ပြီးခဲ့တဲ့ ဘ၀ဟောင်းက အကြောင်းအရာတွေ ကို ပြန်မှတ်မိသွားပြီး ဒီလိုဖြစ်သွားတာဖြစ်တယ်လို့ ကျွန်တော်ယူဆမိတယ်..” လို့ ကြားဝင် ရှင်းပြလိုက်ပါတယ်။
 ဒီမှာပဲ အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းက “ ဟုတ်တယ်..ဟုတ်တယ်” နဲ့ ကသုတ်ကယက် ၀န်ခံပြောဆိုပြီး သူ့ကိုငေးကြည့်နေတဲ့ လူဒကာကို အတင်း လက်ဆွဲ ပွေ့ဖက် ပြီး ဟီးခနဲ ငိုချ လိုက်ပြန်တယ်။
“ဒါ..ငါ့သား..သူဟာ ငါ့သား” လို့ အော်ပြောလိုက်တာနဲ့ အားလုံးထိတ်လန့် တုန်လှုပ်ကုန်တယ်.။ အင်မတန် ဣနြေ္ဒကောင်းလှတဲ့ ရဟန်းတော်လည်း ဟာခနဲ ဖြစ်သွားတယ်။
“အဓိပ္ပါယ်မရှိဘူး..မင်းကလူပျိုပဲ..မင်းရူးနေပြီ”လို့အဖေါ်မိတ်ဆွေအင်္ဂလိပ်က ငေါက်ငေါက်ငမ်းငမ်း
 ပြောဆိုလိုက်ပြန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေး သွားပါတယ်။
 မစ္စတာဟွန်းစနိုးက ..
“ဒါ ငါ့သား၊ ပြီးခဲ့တဲ့ဘ၀ ငါရဲ့မြန်မာလူမျိုးဘ၀က ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောသား၊ ကြည့်စမ်း ..
သူ လူကြီးဖြစ်နေပြီ”လို့ရှင်းပြရင်း၊မြန်မာဒကာ(သူ့သားဆိုသူ)ဘက်လှည့်ကြည့်ကာ“မင်းအမေရှိသေးလား..
 သေပြီထင်ပါတယ်” လို့ မေးလိုက်ပြန်တယ်။
 မြန်မာဒကာ ခမျာ ရုတ်တရက်ပြန်မဖြေနိုင်ဘူး ..ဟွန်းစနိုးကိုကြည့်ပြီး မချိတင်ကဲ မျက်ရည်တွေဝဲနေတယ်။ အဖေါ်အင်္ဂလိပ်ကတော့ “အဓိပ္ပါယ်မရှိဘူး..လုံးဝအဓိပ္ပါယ်မရှိဘူး..မယုံဘူး”လို့ပဲအပ်ကြောင်းထပ်အောင် အော်ဟစ်ရင်းနဲ့ပြောတယ်..
“သူငယ်ချင်း.. ဒီအရူး အမှုကြီး အဆုံးသတ်ပါတော့..၊ ငါတို့ပြန်ကြပါစို့” လို့ လေသံမှန်နဲ့ပြောရင်းနဲ့ ဟွန်းစနိုးကို ဆွဲခေါ်တယ်၊ ဟွန်းစနိုးက ရုတ်တရက် ရုန်းလိုက်ပြီး.. “ငါတောင်းပန်ပါတယ်..၊ ငါရှင်းပြပါရစေ..၊ မင်း မယုံရင် ငါလက်တွေ့ပြမယ်၊ သက်သေခိုင်လုံရင် ငါပြောတာတွေ မင်း လက်ခံရလိမ့်မယ်” လို့ ကတိတောင်းတယ်.။
သူငယ်ချင်း အင်္ဂလိပ်က သူ့ရဲ့စိန်ခေါ်မှုကို သဘောတူလိုက်ပြီး “ကောင်းပြီ.. မင်း ဘယ်လိုသက်သေပြမှာလဲ” လို့ မေးတယ်။
မစ္စတာဟွန်းဟာ ဘုရားရုပ်ပွာတော်ကြီးကို ရှိခိုးဦးချတယ်.။ ပြီးတော့ ရဟန်းတော်ကို တစ်လှည့်ရှိခိုးတယ်။ ရဟန်းတော်နဲ့အတူတွေ့ရ တဲ့ လူဒကာ ( ဘ၀ဟောင်းက သားဖြစ်သူ ) ကို မျက်ရည်စမ်းစမ်းနဲ့ကြည့်ရင်း.. “ ကျေးဇူးပြုပြီး အင်္ကျီချွတ်လိုက်ပါ.. မင်းရဲ့ ညာဘက် လက်မောင်းထိပ်မှာ ဒေါင်းပုံနဲ့ နေတံဆိပ်၊ မင်းရဲ့ဘယ်ဘက် လက်မောင်းထိပ်မှာ ယုန်ပုံနဲ့လတံဆိပ်တွေ ဆေးမင်ကြောင်ရေးထိုးထားတာ ရှိတယ်..၊
ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းလင်းအောင်စွမ်းဆောင်စေချင်တဲ့သားကောင်းရတနာဖြစ်စေချင်လို့ အရင်ဘ၀က ငါကိုယ်တိုင် ရေးထိုးခိုင်းခဲ့တယ်..၊ ပြီးတော့ မင်းရဲ့ ရင်ညွှန့်မှာ မှဲ့အနီကလေး သုံးလုံးတြိဂံပုံ ပါရှိတယ်..” လို့ ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်ပါတယ်။
မစ္စတာဟွန်းစနိုး ခိုင်းစေတဲ့အတိုင်း မြန်မာဒကာဟာ အင်္ကျီချွတ်လိုက်တယ်ဆိုရင်ပဲ သူပြောတဲ့ အမှတ်အသားတွေ တစ်ခုမလွဲ ပေါ်လာတာကို အားလုံးတွေ့လိုက် ကြရပါတော့တယ်။
သံသယနဲ့ ဘာသာရေးအစွဲကြီးလှတဲ့ မိတ်ဆွေအင်္ဂလိပ်တစ်ယောက် “ အိုး မိုင်ဂေါ့ဒ်.. အိုး..မိုင်ဂေါ့ဒ်” နဲ့… အဖန်ဖန်ရေရွတ်ရင်းနဲ့ ..ဟွန်းစနိုးလက်မောင်းကို ကိုင်လှုပ်ကာ “ဘယ်လိုထူးဆန်းမှုတွေလဲ.. မင်း ဘယ်လိုသိ တာလဲ..မင်းဘယ်လိုလုပ် ပြောင်းသွားတာလဲ” လို့ ဒလစပ်မေးခွန်းတွေထုတ်တော့တယ်။
ရဟန်းတော်အပါအ၀င် အားလုံးဟာ ပါးစပ် အဟောင်းသား ၊ မျက်လုံးအ၀ိုင်းသားနဲ့ ဟွန်းစနိုးကိုပဲ စိုက်ကြည့်နေကြတယ်။ ဘ၀ဟောင်းက သားဖြစ်တယ်လို့ အပြောခံရတဲ့ မြန်မာဒကာမှာတော့ ဘ၀ဟောင်းက သူ့အဖေဖြစ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး မစ္စတာဟွန်းစနိုးကို ကြည့်ပြီး မျက်ရည်များ စီးကျစပြုနေပါပြီ။ ဟွန်းစနိုးက ဆက်ပြီးပြောပါတယ်။
“အရေးကြီးတဲ့ သက်သေတစ်ခုကျန်သေးတယ်.ဟောဒီဘုရားရုပ်ပွားတော်ကြီးရဲ့ပလ္လင်အောက်ခြေမှာ ကျုပ်ကိုယ်တိုင် ဌာပနာခဲ့တဲ့ ပစ္စည်းလေးနှစ်ခုရှိပါတယ်။ အဲဒီပစ္စည်းနှစ်ခုကတော့ အလေးချိန် တစ်ဆယ်ကျပ်သားစီရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးနှစ်ပြားပါ ။
 ရွှေဒင်္ဂါးပေါ် မှာ ဒေါင်းရုပ်နေတံဆိပ် နဲ့ ငွေဒင်္ဂါးပေါ်မှာ ယုန်ရုပ်လတံဆိပ်တို့ ခတ်နှိပ် ထားပါတယ်၊ ငါတို့မိသားစု ( ကုသိုလ်ရှင်မိသားစု) ရဲ့နာမည်တွေကို ဒင်္ဂါးပြားရဲ့ဟိုဖက်မျက်နှာမှာ ရေးထားပါတယ်၊
ဒီသက်သေပြချက်အပေါ်မှာ မင်း အကြွင်းမရှိ ယုံကြည်မယ်လို ထင်ပါတယ်” ဟု သူ့မိတ်ဆွေ အင်္ဂလိပ်ကို ဦးတည်ပြောရင်း ရှင်းပြနေပါတယ်။
တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ရဟန်းတော်က… “ ဒီကိစ္စကတော့ ဂေါပကအဖွဲ့ကို အကျိုးအကြောင်းပြောပြပြီး ပလ္လင်ကို ဖွင့်ကြည့် ရမယ်၊ ဒီကိစ္စ ဦးဇင်းပဲ တာဝန်ယူ ပါတယ်၊ ကဲ ဒီမှာ ခဏနေရစ်ကြ.”လို့ အမိန့်ရှိပြီး တန်ဆောင်းထဲက ထွက်သွားပါတယ်။
 ဟွန်းစနိုးရဲ့ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်ကတော့ အခုမှ အသက်ဝင်လာသည့် အလား ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပါတော့တယ်။ သူ့ သူငယ်ချင်း ဟွန်းစနိုး၊ မြန်မာဒကာ၊ ဘုရားရုပ်ပွားတော်ကြီး၊ တန်ဆောင်းကြီးနဲ့ ရွှေတိဂုံဘုရားကြီး စတဲ့ မျက်စိတဲ့တွေ့သမျှ မြင်ကွင်းတွေကို အငမ်းမရ ရိုက်ယူ မှတ်တမ်းတင်ပါတော့တယ်။ ဒီတစ်ခါ သူ့နှုတ်ဖျားမှာ “ အံ့ဖွယ်ပဲ..တကယ့် အံ့ဖွယ်ပါပဲ” ဆိုတဲ့စကားတွေပဲ ရေရွတ်နေပါတော့တယ်။
ဟွန်းစနိုးက.. “ငါ အင်္ဂလန် မပြန်တော့ဘူး.. ငါ မြန်မာပြည်မှာပဲ နေတော့မယ် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါ၊ ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်း” လို့ ဆွေးဆွေး မြေ့မြေ့ ပြောလိုက်တယ်။ သူ့ သူငယ်ချင်းက.. “ ငါ နားလည်ပါပြီ.. ဒါပေမယ့် စဉ်းစားပါဦး” လို့ တောင်းပန် ပါတယ် ။
အဲဒီအချိန်မှာပဲ ရဟန်းတော်ဟာ အခြားးသော ရဟန်းတော် သုံးပါး၊ ဂေါပကလူဒကာများနဲ့အတူ ပြန်ရောက်လာတယ်။ ဟွန်းစနိုးညွှန်ပြတဲ့ ပလ္လင်အောက်ခြေဘက် ကို တူရွင်းနဲ့တူးပြီး ဖွင့်ကြည့်ကြတဲ့အခါ လက်ရာသေသပ်တဲ့ သံသေတ္တာလေးတစ်လုံး ပေါ်ထွက်လာပါတယ်၊
 သေတ္တာထဲမှာတော့ လက်တစ်ဝါးနီးပါးရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးဝိုင်းကြီး နှစ်ခုကို အရောင်ပြိုးပြက် စွာ တွေ့ကြရပါတယ်။ ရွှေဒင်္ဂါးပြားပေါ်မှာ ဒေါင်းတံဆိပ်နဲ့ ငွေဒင်္ဂါးပြားပေါ်မှာ ယုန်တံဆိပ်ပါရှိပြီး ဒင်္ဂါးပြားရဲ့အခြား မျက်နှာမှာ ‘သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ တပေါင်းလပြည့်နေ့ ကုသိုလ်ရှင် ဦးဘကောင်း - ဇနီးဒေါ်မြညွှန့်၊ သားမောင်ကောင်းညွှန့် မိသားစု ကောင်းမှု၊ တောင်းဆုနိဗ္ဗာန် ပြည့်စေသော်ဝ် ၊ ဤဘုရားဤတန်ဆောင်းပြိုပျက်လျှင် ဤရွှေဒင်္ဂါး ငွေဒင်္ဂါးများကိုရောင်း၍ ပြုပြင်နိုင်ကြပါစေ’ ဟု ရေးထိုးထားသော စာတန်းကို ဖတ်ကြရလေသည်။
ဟွန်းစနိုးကိုယ်တိုင် မိမိကောင်းမှုသက်သေကို ပြန်တွေ့ပြီဖြစ်၍ ဟန်မဆောင်နိုင်တော့ဘဲ သည်းထန်းစွာ ငိုလေတော့သည်။ ဘ၀ဟောင်း က သားဖြစ်ခဲ့သူ မြန်မာဒကာ ကိုကောင်းညွှန့်လည်း ငိုသည်။ ဘ၀ခြား လူမျိုးခြားဖြစ်နေကြသော သားအဖနှစ်ယောက်ဖက်၍ ငိုကြသည်။
 အင်္ဂလိပ်မိတ်ဆွေက ဓာတ်ပုံရိုက်နေပါသော်လည်း သူကိုယ်တိုင် အံ့သြခြင်းတ၀က်ဖြင့် မျက်ရည်လည်လျက်ရှိနေ၏။
ရဟန်းတော်က.. “ဒကာကြီး ကိုကောင်းညွှန့်.. ဒီ ဒင်္ဂါးပြားတွေကို ဘယ်လိုလုပ်ချင်သလဲ၊ သူ့ကိုမေးပါ” လို့ မိန့်ပါတယ်။
“ရွှေတိဂုံဘုရားကြီးကို လှူပါတယ်၊ ဂေါပကအဖွဲ့ကို အပ်ပါတယ်” ဟု ဟွန်းစနိုးက ဖြေတယ်.။ ပြီးတော့ ရဟန်းတော်ရဲ့သင်္ကန်းစကို ဆွဲပြီး တစုံတခုပြော လိုက်တယ်။
သူ အင်္ဂလိပ်လိုပြောတာကို မြန်မာစကားပြန်က.. “ သူ့ ကို ရဟန်းပြုပေးပါ၊ နောင်သံသရာမှာ ဘယ်လိုဘ၀မျိုးမှ မလိုချင်တော့ပါဘူး.. ဘ၀ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်အလို့ငှာ ရဟန်း ဘ၀နဲ့ကျင့်ကြံပါတော့မယ်” လို့ ဆိုပါတယ်..။
သူ့သူငယ်ချင်းကိုလည်း..
“ငါ့ မိဘတွေကို အကြောင်းကြားပေးပါ၊ မြန်မာပြည်ကို အမြန်လိုက်လာဖို့ ပြောပေးပါ၊ ငါ ရဟန်းဝတ်တော့မယ်၊ တပ်မက်စရာ အာရုံအစွဲ အငြိတွေက လွတ်ရာမှာ ငါနေတော့မယ်၊ ငါကြိုးစားတော့မယ်” လို့ ပြောဆိုမှာကြားပါတယ်။
သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်မှာတော့ အရာအားလုံး မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံလိုက်ရပြီးပြီမို့ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမပြောနိုင်တော့ပါ။
ဆက်ပြီး ဟွန်းစနိုးက “ငါ ဘုရားမှာ နေခဲ့တော့မယ် သူငယ်ချင်း၊ မင်း လျှောက်လည်နိုင်တယ်” လို့ ပြောလိုက်ပါတယ်။
အားလုံးထွက်သွားကြချိန်မှာတော့ သူ့အနားမှာ တစ်ယောက်သာ ကျန်ခဲ့တော့တယ်၊ ဘ၀ဟောင်းက သူ့သားဖြစ်ခဲ့ဖူးတဲ့ ကိုကောင်းညွှန့်ဆိုတဲ့ မြန်မာဒကာပါပဲ။
အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းစနိုးဟာ အရှင်အဂ္ဂဥာဏ ဆိုတဲ့ ဘွဲ့တော်နဲ့ ရဟန်းပြုတော်မူခဲ့ပြီး မဟာသတိပဋ္ဌာန် တရားတော်မြတ်ကြီးကို အသက်ထက်ဆုံး အားထုတ်သွားပါတယ်။
ရွှေတိဂုံမှာ ပြန်ဆုံတဲ့ပွဲ - မောင်သွေးချွန်
ကိုးကား - 
၁၃၂၂ခု၊သီတင်းကျွတ်လထုတ်၊ ရေဦးမြို့ချမ်းသာကြီးဆရာတော်ပြုစုသောဗုဒ္ဓဂုဏပကာသနီကျမ်း
မှတ်ချက်= http://yhtyeu.blogspot.in/2012/03/blog-post.htmlမှကူးယူဖော်ပြသည်။
Saturday, March 24, 2012
"မဂဓတက္ကသိုလ်၏ လွမ်းမောဘွယ်"
အချိန်ကား ညနေနေ၀င်ရီတရောအချိန်မို့ လောကကိုအလင်းရောင်ပေးတတ်သောနေမင်းကြီးသည်လည်း ရဲတောက်တောက်ဖြင့် ဖရဲသီးခွဲထားသကဲ့သို့နှယ်။ မဂဓတက္ကသိုလ်အ၀င်မုခ်ဝရှေ့ ကားလေးရပ်လိုက်သည်နှင့် ရဲတယောက်စောင့်နေသည်။မောင်ဥာဏ ကားပေါ်မှဆင်းကာ အထဲသို့ဝင်လိုကြောင်းပြောပြသည် လက်မှတ်ထိုးမှဝင်ခဲ့ရ၏။ မုခ်ဝကြီး၏ ရှေးလက်ရာဆန်ဆန်ပြုလုပ်ထား၏ မိမိလည်း အကဲခတ်ကြည့်မိသည် မဂဓတက္ကသိုလ်ကြီး၏ ကျယ်ဝန်းလိုက်ပုံများ တက္ကသိုလ်ထဲဝင်သည်နှင့် အဆောက်ဦးကြီးများ ကစားကွင်းများဖြင့် မြင်တွေ့ရသည်။ အရင်အခေါက်တွေ ရောက်ခဲ့ပါ၏။ သို့သော် အမှုမဲ့အမှတ်မဲ့မို့ ပတ်ဝန်းကျဉ်ကိုသတိမထားမိခဲ့ချေ။ ဒီတခေါက် ည အိပ်မိ၏။ အဆောင်မှာလည်း မြန်မာရဟန်းတော်များ တပါးတခန်းနေရာပေးထားလျှက် ကုလားဆိုလို့မတွေ့ခဲ့ရ။ စိတ်ချမ်းသာစရာတခုအဖြစ် ရင်ထဲသဘောကျမိခဲ့၏။ အခန်းများသည်လည်းများစွာရှိတော့လဲ…မိမိသွားလိုသည့် သူငယ်ချင်းအခန်းမှာလည်း မသိခဲ့တော့ အခက်သား။ မိမိနှင့် ဦးဂဒူးမှာလက်မှဖုန်းကိုကိုင်လျှက် တခန်းဝင်တခန်းထွက်ရှာခဲ့ရ၏။ ဖုန်းမှာလည်း နယ်မြေမတူ ဒိုမိန်းဖြစ်နေသည့်အတွက်ကြောင့် ခေါ်ရတာ အဆင်မပြေခဲ့။ အောက်ထပ် မတွေ့ရ။ အလည်ထပ် ထိုနည်းတူ။ အပေါ်ဆုံးထပ် တွေ့ပါပြီ သူငယ်ချင်း မောင်ဝိမလတို့အဖွဲ့ ဆရာကေတို့ပေါ့။ ဖေါ်ရွှေပျူငှာစွာ ကြိုဆိုကြပြန်တော့လဲ အမောလေးတွေပြေလို့ပေါ့။ တွေ့ပြန်ပြီ နောက်တပါး ဦးနန္ဒပေါ့။ အခန်းတိုင်းမှာ စာပေများကိုယ်စီကြည့်လျှက်မို့ သူ့အာရုံနှင့်သူဆိုတော့လဲ ဖြစ်တတ်သည်မှာဓမ္မတာပေါ့။ အခန်းထဲရောက်သည်နှင့် ရေနွေးကြမ်းဖြင့်ဧည့်ခံသည်။ စကားတွေပြောဖြစ်ခဲ့သည်။ အချိန်အတော်ပြောဖြစ်ခဲ့တော့၏။ မနက်လဲ သူငယ်ချင်းများလေယာဉ်ကွင်းသို့ပို့ရမည်ဖြစ်၍ စကားကိုဖြတ်ပြီးအသီးသီးအိပ်ခဲ့ရတော့၏။ မနက်မိုးလင်းသည်နှင့် ပတ်ဝန်းကျဉ်ကို သတိထားမိသည်။ တက္ကသိုလ်ရဲ့ အရှေ့ခပ်ရွန်းရွန်းမှာ စေတီတဆူတွေ့ရသည်။ မေးကြည့်တော့ ဆရာကြီးဂိုအင်ဂါ မှ တည်ထားကြောင်း တရားထိုင်ရန်ပြုလုပ်ထားကြောင်း အော်..အလွမ်းပြေ အမိမြန်မာပြည်ဘုရားပုံတူစေတီတွေ့မိပြန်တော့လဲ လွမ်းမောဘွယ်အတိပါလားလို့..ရှေ့မျက်နှာစာမှာလဲ ဋ္ဌာနပေါင်းစုံများ တက္ကသိုလ်အဆောင်၏ ရှေ့မှာတော့ ဥသျှစ်ပင်ကြီးမှလဲ အသီးတွေက မြိုင်ဆိုင်လို့ မြင်တွေ့ခဲ့ရသည်။ လွမ်းမောစရာတွေ ပြည့်ညပ်နေပါလား အမိမြန်မာပြည်ရဲ့အမှတ်တရလေးတွေ တွေ့မိပြန်တော့လဲ အမိမြန်မာပြည်ပြန်ချင်စိတ်တို့သည် ရင်ထဲမှာတဖွားဖွားဖြစ်ပေါ်လျှက် လေကောင်းလေသန့်များလည်းရနိုင်၏။ သစ်ပင်အနည်းငယ်သာရှိ၏။ အ၀င်မုခ်ဝ အနားမှာတော့ သစ်ပင်ကြီးများစားသောက်ဆိုင်များ တွေ့နိုင်ပါ၏။ မြန်မာရဟန်းတော်များ နေထိုင်ရာအဆောင်နားမှာတော့ ဥသျှစ်ပင်ကြီးက မားမားရပ်တည်လို့ အခြားမပြောတတ် မမြင်ဘူးသောသစ်ပင်များ အနည်းငယ်တွေ့ရှိနိုင်၏။ နွေရာသီအချိန်အခါမျိုးမှာ လေနုအေးလေးတွေနဲ့ အေးမြခြင်းသရုပ်ဆောင်နေမည် ဟု အတတ်ပြောနိုင်၏။ ချစ်စရာအမူရာလေးတကွက်တွေ့ခဲ့ရ၏။ ရေလှူသည့် ဦးဇင်းရှိနိုင်မည်ထင်၏။ မိမိထိုနေရာအရောက် ရေသန့်ဘူးများကို သယ်မ၍ ရေကုသိုလ်လုပ်နေသည်ဟု တွေးထင်မိ၏။ မှန်၏။ စာလေးတကြောင်း တွေ့မိပြန်၏..သံဃာတော်အရှင်သူမြတ်တို့ဘုရားမိမိရေများသောက်သုံးပြီး ရေဘူးများပြန်လည်ထားပေးတော်မူပါဘုရား။ တဲ့ အော်. အဆောင်နေ သံဃာတော်များ အလွယ်တကူ ရေလှူမည့်သူလဲ ရှိပါလားဟု ထိုစာဖတ်ပြီး ပီတိအပြုံးလေးတချက်နဲ့ပြုံးနေရင်း အောက်ထပ်မှ အင်္ဂလိပ်လိုရော မြန်မာလိုရော ရောနှောပြီး ပြောဆိုနေကြသည့် သံဃာတော်များ မနက်အတွက် ကော်ဖီသောက်ရန် ခွက်လေးတွေကိုယ်စီကိုင်ရင်း မနက်ခင်းဘရိတ်ဖတ်အတွက် ကိုယ်ထူကိုယ်ထ ပေါင်မှုန့်ဖုတ်သူ ရေနွေးတည်သူနဲ့ ပျော်ရွှင်စရာလေးတွေလဲတွေ့မိပြန်ပါတယ်..။ သူငယ်ချင်းမှ နောင်ကြီးရေ မနက်တိုင်း ဒီလိုပဲလေ တပည့်တော်တို့တက္ကသိုလ်က တဲ့ မိမိလည်း ဒီလိုတွေ့မိပြန်တော့ မြန်မာရဟန်းတော်များ နိုင်ငံရပ်ခြားပညာသင်နေကြရင်း ညီညီညွတ်ညွတ်နေထိုင်ကြသည်ကိုတွေ့မိပြန်တော့လဲ ချစ်စရာလေးတွေ အတော်များများနဲ့မို့ ပီတိလေးတွေရင်မှာပိုက်လို့ ဆွမ်းကိစ္စကတော့ အပါး၄၀ ခန့်ဆိုတော့ ချက်ရတာပဲနောင်ကြီးရေ ဆိုပြီး မနားတမ်းပြောနေသောသူငယ်ချင်းကို ကြည့်လျှက်များမကြာခင်မိမိလည်း အပေါ်ထပ်မှာကော်ဖီသောက်ပြီးသော်လည်း ရေနွေးကြမ်းတပုဂံငှဲ့လျှက် သောက်နေရင်း မြူသွမ်ကို ရေနွေးဖြင့် ရွယ်ဒီလုပ်ကာ ဘုဉ်းနေကြသော သံဃာတော်တချို့..ကော်ဖီကို ပေါင်မုန့်မီးကင်ပြီးဘုဉ်းနေသော သံဃာအချို့ကိုကြည့်လျှက် ပြန်လည်စဉ်းစားနေမိသည် နိုင်ငံရပ်ခြားတိုင်းတပါးမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြသော မြန်မာရဟန်းတော်တို့သည် အမိမြန်မာပြည်မှာဆိုရင်အချိန်တန် နေရာထိုင်လေးပခုံးပေါ်တင်ပြီး အရန်သင့် ဘုဉ်းပေးရပေမဲ့ နိုင်ငံရပ်ခြားမှာပညာသင်ကြသော သံဃာတော်တွေမှာ တဖက်မှစာပေ။ တဖက်မှ စားရေးသောက်တာနဲ့ မဇ္ဈိမသားတို့နေထိုင်ရာဒေသတခုမှာ ဆွမ်းခံစားလဲမရ..။အလှူတန်းမရှိတဲ့ နေရာဒေသမှာ ပညာတွေကို အတတ်နိုင်ဆုံးကြိုးစားသင်ယူနေကြပြီး အပြန်လမ်းမှာ ပန်းခင်းထားတဲ့လမ်းတွေလျှောက်လှမ်းနိုင်ကြပါစေ လို့..။ (နိုင်ငံရပ်ခြားတိုင်းတပါးမှာပညာသင်ယူကြသော သံဃာတော်များအားလုံး ကိုဒီနေရာမှာရည်ရွယ်လျှက်) မနက်ဖြန်ဆိုရင်မဂဓတက္ကသိုလ်လေးကနေ မိမိနေထိုင်ရာ ဗာရာဏသီရွှေမြို့တော်ဆီသို့ ပြန်ရတော့မည်မို့ မဂဓတက္ကသိုလ်၏အမှတ်တရလေးအဖြစ် post တခုအဖြစ်တင်မိလိုက်ပါတယ်…။
Friday, March 23, 2012
ဗုဒ္ဒဂယာမြေမြတ်မဟာသို့
(၂၀.၃.၂၀၁၂) နေ့ မြန်မာပြည်သို့ပြန်ကြသော သူငယ်ချင်းများကို လိုက်ပို့ရင်း မိမိလည်းကိစ္စလေးအနည်းငယ်ရှိတာနဲ့ ဗုဒ္ဒဂယာမြို့သို့ လိုက်ပါလာခဲ့၏။ လေယာဉ်သည် ၂၁.၃.၂၀၁၂ နေ့ ထွက်ခွာမည်။တရက်ကြိုတင်ပြီး သွားခဲ့၏။ ဗာရာဏသီမြို့မှ ၁၁ နာရီကျော်လောက်ထွက်ခဲ့သည်။ ဗာရာဏသီမြို့ထဲမှာကို အတော်နဲ့မထွက်နိုင်ခဲ့ချေ။အကြောင်းမှာ အိန္ဒိယနိုင်ငံရဲ့ထုံးစံအတိုင်း လမ်းပိတ်ဆို့မှုကြောင့် ဖြေးညှင်းစွာ ဘီးလေးလှိမ့်ရုံ သွားနေရတော့၏။ အိန္ဒိယနိုင်ငံသည် လူဦးရေ ထူထပ်ပေါများလှ၏။ ဆိုက်ကား လန်ချား စက်ဘီး ဆိုင်ကယ် လိုင်းကားများ ကုန်တင်ကားကြီးများနှင့် တိုးဝှေ့လျှက် တခါတရံ တဖြေးဖြေး သွားလာနေသော နွားအိုကြီးများ ကားဟွန်းတီးသံကိုပင် ပမာမခန့်ပဲ ခပ်တည်တည် လျှောက်လှမ်းနေသည်ကို တွေ့မြင်လိုက်ပြန်တော့လဲ အော် နွားကို အရေးထားကြသော မျိုးနွယ်စုတွေကို ကားပေါ်မှအတွေးလေးဖြင့် ဘေးဘီမှလည်း ကားဟွန်းတီးသံများ လမ်းလုကာမောင်းနေကြသော ကိုရွှေဆိုင်ကယ်သမားများနှင့် တလှမ်းရ တလှမ်းတတ်နေသော စက်ဘီးစီးနေသူများကို ကြည့်ပြီး တယောက်ထဲ ပြုံးနေရင်းဖြင့်  အမြန်လိုသော လူငယ်တယောက် မိမိကားရှေ့မှာ စက်ဘီးကိုခွလျှက်နှင့် ဂရုမစိုက်သယောင်အမူရာဖြင့် ရှေ့သို့ ဖြေးညှင်းစွာ စက်ဘီးကိုနင်းလျှက် အော်..သေရမှာကို မကြောက်တာလား..? ဘာကြောင့်လဲဆိုတာ မတွေးတတ် မိမိသိလိုက်တာကတော့ လမ်းသည် အများပြည်သူပိုင်ဆိုင်သည် ငါလဲ ငါ လမ်းလျှေက်နေတာပဲ မင်းလဲ မင်းလမ်းမင်းလျှောက်နေတာပဲ ဆိုသည့် ပုံသဏ္ဍာန်ဖြင့် ဟွန်းတီးနေသည်ကို မသိချင်ယောင်ဆောင်လျှက်..မိမိကတော့ ကြည့်သာနေမိသည် သူနိုင်ငံ သူလူမျိုး သူတို့ဓလေ့ကိုတော့ တခါတလေ သဘောတော့အကျသား လို့ ဘေးဘီကို အာရုံပြောင်းလွဲကာ မိမိရှေ့မှ အမြင်အာရုံကို မျက်ကွယ်ပြုလျှက် ကားလေးမှာတော့ တတီတီဖြင့် သူတာဝန်ကျေအောင်မောင်းရမယ်ဆိုတာ သိနေမိသည်။ ဘေးပတ်ဝန်းကျဉ်မှာလည်း ကားတို့သည် ၃လက္မခန့်လောက်သာခြား၏။ မတွေးရဲစရာပါလားဆိုပြီး တအိအိမောင်းလာရင်းနဲ့ အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်တော့မည်မို့ ကားသမားသည် ကားထဲမှ ကုလားသီးချင်းကို အသံမတိုးမကျယ်ဖွင့်လျှက် မြင်တွေ့နေရသော အဝေးပြေးလမ်းမကြီး၏ ဖြောင်းတန်း ညီညာစွာမြင်တွေ့လျှက် မိမိသည်လည်း ဒီတော့မှ သက်ပြင်းလေးတချက်ချကာ ကားသမားသည် အဝေးပြေးလမ်းမရောက်သည်နှင့် တရှိန်ထိုးမောင်းနှင်တော့၏။ ကားလေးသည်လည်း တညိမ့်ညိမ့်နဲ့ ကုန်ကားကြီးများ ၁၀ ဘီးကားကြီးများနှင့် တခါတရံ ကျော်လျှက် တခါတရံ ဟွန်းသံပေးကာ လမ်းတောင်းလျှက် မိမိ၏ ကားသမားသည် ကားမောင်းရင်း အသံညှောင်နာနာညီးလျှက် ကုလားသီချင်းနှင့် စည်းချက်ကိုက်သည့်အခါလည်းရှိ၏။ မကိုက်သည့်အခါလည်းရှိ၏။ ပျော်နေရှာပြီ တခါတရံ ကီလိုမီတာ ၈၀ ကျော်မောင်းနှင်လျှက် တခါတရံ ၆၀ ကျော်လေးနဲ့ ဖြေးညှင်းစွာမောင်းလျှက် မိမိမှာတော့ ဘေးပတ်ဝန်းကျဉ်၏ အသီးအနှံပင်များ ခပ်ဝေးဝေးမှ တွေ့မြင်နိုင်သော ဟိန္ဒီဘုရားကျောင်းကြီးများ နေပူချည်းမှာ ခေါင်းမြီးခြုံကာ အလုပ်လုပ်နေသော ကုလားမကြီးများနှင့် ခေါင်းကိုပေါင်းလျှက် အလုပ်ကြီုးစားနေသော ကုလားကြီးများကိုကြည့်လျှက် အော်..သူတို့ နေပူထဲမှာ အလုပ်တွေ လုပ်နေကြသည်ကို ကြည့်ရင်းနဲ့ ကားလေးခေါ်ဆောင်ရာ ဗုဒ္ဒဂယာရွှေမြို့တော်သို့ ၄ ကြိမ်မြောက်ရောက်ရှိပါသည်လားလို့ မဟာဗောဓိစေတီတော်ကြီး ကို မျက်စိထဲမြင်ယောင်မိလို့ မြတ်စွာဘုရားသဗ္ဖညုတရွှေဥာဏ်တော်ရခဲ့သည့် မြေမြတ်မဟာမှာ ယခု မိမိသည်ကားနှင်ခရီးနှင်လျှက် မြတ်စွာဘုရားလက်ထက်တော်အခါက သဗ္ဖညုတရွှေဥာဏ်တော်ရပြီးသည်နှင့် ဗုဒ္ဒဂယာမြေမြတ်မဟာမှသည် ဓမ္မစကြ်ာတရားဦးဟောရန် ဗာရာဏသီမြို့ မိဂဒါဝုန်သို့ ခြေလျင်ဖြင့် ကြွချီလျှက်..မြတ်စွာဘုရားရှင်အား ကြည်ညိုစိတ်တို့သည် ရင်ထဲမှာအပြည့် ဘေးမှ လေအေးတချက်တိုးဝှေ့မှုကြောင့် အတွေးစကို ဖြတ်လျှက် ကားလေးသည် တရှိန်ထိုးမောင်းနှင်လျှက် တဝေါဝေါဖြင့် ကုန်ကားကြီးများကို ကျော်တတ်လျှက် တခါတရံ ရင်ထဲမှာအေးစိမ့်စိမ့်ဖြစ်လျှက်မို့ မီတာဒိုင်ကွက် ကိုကြည့်မိတော့ ၉၀ သို့ လက်တံသည်ပြလျှက်…အင်း.တခါတရံ ကားသမားသည် စီယာတိုင်မှ လက်ကိုခွာလျှက် ဖြောင့်ဖြူးနေသော ဟိုင်းဝေးလမ်းမကြီးပေါ်သို့  မိမိတို့ကားလေးသည် မောင်းနှင်လျှက် ဘေးဘီမှ လေနုအေးလေးတွေကြောင့် ရင်ထဲမှာလည်း.အေးမြလျှက်.မကြာခင် ဗုဒ္ဒဂယာမြို့တော်သို့ရောက်တော့မှာပါလား…
Tuesday, March 13, 2012
“ရွှေစင်တိပိဋကဆရာတော်နှင့်မိဂဒါဝုန်”
ဆရာတော်တို့အဖွဲ့အနတ္တလက္ခဏာသုတ်ရွတ်ဖတ်ပူဇော်နေစဉ်
ရွှေစင်တိပိဋကဆရာတော်နှင့်ကျောင်းသားလေး
ရွှေစင်တိပိဋကဆရာတော်အား ဗာရာဏသီဖြစ် ကော်ဇော လှူဒါန်းခဲ့သည်။
ဆရာတော်အဖွဲ့ ဓမ္မစင်္ကြာရွတ်ဖတ်နေကြစဉ်
မိမိသည် ရွှေစင်တိပိဋက ဆရာတော်နှင့်မမျှော်လင့်ပဲ တွေ့ဆုံခွင့်ရလိုက်သည်။ မိမိဆွမ်းဘုဉ်းပေးအပြီး ဆရာတော်နှင့်စကားလက်ဆုံသွားပြောမိ၏။ ယ္ခု ဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှကြွချီလာကြောင်း ရနောင်းဘက်မှာပရဟိတဖွင့်ထားကြောင်း ကလေးသူငယ်များ ၃၀၀ ကျော်ခန့် စာပေပညာသင်ကြားပေးထားကြောင့်နှင့် စားဝတ်နေရေးများလည်း တာဝန်ယူထားရသည်ဟု သိရသည်။ အင်္ဂလန်နိုင်ငံမှာ နေသည်ဟု မိမိတွေးထင်ထားသည်။ ရန်ကုန်မြို့မှာနေကြောင်းနှင့် ၀ါယာလက် မင်္ဂလာဒုံ တနေရာမှာလည်း ကျောင်းတနေရာလုပ်ထားကြောင်းနှင့် အင်္ဂလန်မှာလည်း Meditation center တခု ဒကာတွေလျှေက်လို့ ပြုလုပ်ထားကြောင်းသိခွင့်ရရှိခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီဖြစ်သော ရွှေစင်တိပိဋကဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ သည် အရင်ကနဲ့မတူညီတော့ မိမိတို့နှင့် အမိပဇ္ဇောတာရုံကျောင်းတိုက် မုံရွာမြို့မှာ တကျောင်းထဲအတူနေလာခဲ့သည် ထိုအချိန်ခါတုန်းက ဥဘတောဝိဘင်္ဂဓရ အာဂုံပြန်ဆိုနေချိန်ဖြစ်၏။ ယ္ခု မူ နိုင်ငံတကာသို့ သာသနာပြုခရီးစဉ်များကြွချီနေရတာများသည်ဟူ၍ သိရသည်။ မိမိနှင့်ဇာတိတူ တကျောင်းတိုက်ထဲမှာအတူတူနေခွင့်ရခဲ့သည့် ဆရာတော်သည် ယ္ခု အခါ မိမိတို့နှင့် မတူညီတော့ချေ။ မိမိသည် သာမည ရဟန်းတပါးအဖြစ်ရပ်တည်နေခဲ့သည်။ ထိုဆရာတော်မှာ လက်ညှိုးညွှန်ရာရေဖြစ်ဆိုသလို တွေ့ရကြုံရကြားခဲ့ရသည်မို့ ယ္ခု လိုမထင်မှတ်ပဲတွေ့ဆုံလိုက်ရသည့်အတွက်ကြောင့်လည်း များစွာဝမ်းမြောက်ဂုဏ်ယူမိပါ၏။ မိမိကိုရင်ဘ၀မှ သာမဏေသကျသီဟ တတ်စဉ်အခါက အင်္ဂုတ္တိုရ်ပါဠိတော်စာဝါပို့ချသည်။ မှတ်မှတ်ရရ အသင်းကြီးသို့ နှုတ်ဖြေဖြေဆိုရသည်။ ကစ္စည်းသဒ္ဒါကြီိး သဂြိုဟ် စသည့်တို့ အသင်းဥက္ကဋ္ဌမှ မေးသမျှဖြေဆိုရသည်။ ပြီးလျှင် ပါဠိတော်စာအုပ်ကြီးများ လှန်လှောကာနိဿယျလှည့်ခိုင်းသည်။ မိမိအား အင်္ဂုတ္တရနိကာယ်ထဲမှ  ''နာဟံ၊ ဘိက္ခဝေ၊ အညံ ဧကရူပမ္ပိ သမနုပဿာမိ ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ ယထယိဒံ၊ ဘိက္ခဝေ၊ ဣတ္ထိရူပံ။ ဤပါဠိတော်ကို နိဿယျအလှည့်ခိုင်း၏ မိမိလည်း တောက်တောက်ပါအောင်လှည့်ပြ၏။ ထူးခြားချက်ကား နသမနုပဿာမိ=မြင်တော်မမူ။ဟု နိဿယျဆရာဖွင့်ဆို၏။ ထိုဆရာတော်အရှင်သည် မိမိတို့အား(၀ါ) သဗ္ဗညုတဥာဏ်မျက်စိဖြင့်အကုန်အစဉ်ကြည့်ရှု၍ပင်မြင်တော်မမူ.ဟု မိမိသည်(၀ါ) ပေါက်၍ ရွတ်ဆိုပြသည်။ အသင်းဥက္ကဋ္ဌ အဲဒီအချိန်မှာ ဦးအောင်ဖြိုး ဖြစ်၏။ လက်အုပ်လေးချီကာ အရှင်ဘုရား(၀ါ)သဒ္ဒါလေးပြန်လည်မိန့်ပါဟူသတတ်။ ထို(၀ါ)ကား ယ္ခု ရွှေစင်တိပိဋကဆရာတော်ပို့ချသည်။ အသင်းဥက္ကဋ္ဌကြီးသည် မိမိအား မည်သူပို့ချသည်ဖြစ်ကြောင်းမေးတော့၏။ အဲဒီအချိန်မှာ ရွှေစင်တိပိဋကဆရာတော်သည် ကိုရင်ဘ၀ ရှင်ဂန္ဓ္ဓမာလာလင်္ကာရ ဖြစ်သောကြောင့် ရှင်ဂန္ဓ္ဓမာလာလင်္ကာရဟု ဖြေခဲ့၏။ ထိုအကြောင်းလေးတွေ ပြန်လည်စဉ်းစားပြီး ရွှေစင်တိပိဋကဆရာတော်ရှိရာ မိဂဒါဝုန်(ဓမ္မစင်္ကြာတရားဦးဟောတော်မူရာနေရာသို့အသွား)သူ့အကြောင်းလေးတွေတွေးရင်း မိဂဒါဝုန်ထဲသို့ ၀င်လာခဲ့သည်။ ဆရာတော်ကား သူ၏ ဒကာ/မများအား တရားရေအေးတိုက်ကျွေးနေသည်။ ဒကာ/မတို့သည်လည်းငြိမ်သက်လျှက် မိမိလည်း ရိုသေစွာထိုင်ကာ နာနေမိသည် နန္ဒိယသတို့သားအကြောင်းပြောနေသည် နန္ဒိယသတို့သားသည်မသေခင်ကထဲက နတ်ပြည်မှာနတ်ဗိမ္မာန်ပေါက်နေသည်” ထိုအကြောင်းအရာကိုထောက်ပြီး ယ္ခု လူတို့ပြောနေကြစကားတလုံးရှိသည် မိမိပြောနေသည့်စကား အမှားတခုပြုလုပ်မိတိုင်း စေဟဲ့ နန္ဒိယ ဆိုပြီးမိမိနဖူးပုတ်ကာပြောဆိုတတ်ကြ၏။ နန္ဒိယ သတို့သားသည် လူ့ပြည်မှမသေသေး။သို့သော် နတ်ပြည်မှာ စောင့်နေရရှာသော နတ်သမီးတို့သည်ငြီးငွေ့တော့၏။ထိုသည်ကိုအကြောင်းပြု၍ သေဟဲ့ နန္ဒိယ ဟူသော အသုံးနှုန်းစတင်ဖြစ်ပေါ်ခဲ့သည်ဟု သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ ရေးမှာ သိခွင့်ရရှိခဲ့သည်။ ဆရာတော်သည် ခဏတာနားပြီး ဓမ္မစကြ်ာအဖွဲ့လိုက် ရွတ်ဖတ်ပူဇော်သည်။ နန္ဒိယကျောင်းတော်ရာများ မိဂဒါယေ= သားတို့ကိုဘေးမဲ့ပေးရာဖြစ်သော ဟူသော နိဿယျဆရာတော်များ၏ အတိုင်း သားသမင်တို့ကို ဘေးမဲ့ပေးထားရာဥယာဉ်ထဲသို့ ပြသစေ၏။ ထို့နောက်စုပေါင်းဓါတ်ပုံရိုက်ခြင်း အဖွဲ့လိုက်ရိုက်စေခြင်း တချို့နေရာ စိတ်တိုင်းမကျခဲ့ရင် သူကိုယ်တိုင် ၀င်ရောက်ရိုက်ပေးခြင်းတို့ပြုလုပ်ခဲ့သည်။ အနတ္တလက္ခဏာသုတ်ရွတ်ရန်ကျန်သေးသည်မို့ ဆရာတော်အဖွဲ့ ခပ်မြန်မြန်လေး လျှောက်စေသည်။ အနတ္တလက္ခဏာသုတ်ရွတ်ဆိုနေစဉ်. ''ရူပံ၊ ဘိက္ခဝေ၊ အနတ္တာ။ ရူပဉ္စ ဟိဒံ၊ ဘိက္ခဝေ၊ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ -- 'ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ'တိ။ ယသ္မာ စ ခေါ၊ ဘိက္ခဝေ၊ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ -- 'ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ'တိ။ စသည်ရွတ်ဆိုနေစဉ် ခရာတုတ်ပြီးတုတ်များကိုင်ဆောင်လျှက် လာနေကြသောကုလားအဖိုး ၅ ယောက် ကျလိုး..ကျလိုး နှင့် မောင်းထုတ်နေတော့၏။ မိမိသည်လည်းဘေးမှနေ၍ အမှတ်တရဓါတ်ပုံရိုက်ပေးခြင်းပြုလုပ်နေ၏။ဘန္တေကြီး.အချိန်စေ့နေပြီ အမြန်ထွက်ပေးပါဟူသတဲ့.။မိမိလည်း ငါတို့ ဘုရားကိုပူဇော်နေသည် ၁၀ မိနစ်ခန့်စောင့်ပါ ဟု ပြော၏။ ပါးစပ်မှပွစိပွစိနှင့်ကိုကုလားကျေနပ်ဟန်မတူ ပိုက်ဆံတောင်တော့၏။ ပြီးရင်ပေးမည်ဟု ပြောဆိုထား၏။ သို့သော် ပါးစပ်မှခရာကို ဆက်တိုက်မှုတ်နေလျှက် ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသု။ တေန ခေါ ပန သမယေန ဆ လောကေ အရဟန္တော ဟောန္တိ။သာဓု..သာဓု..သာဓု..(၃)ကြိမ်ခေါ်ဆိုပြီးသည်နှင့် ပိုက်ဆံတောင်းတော့၏ ရူပီးငွေ ၂၅ ရူပီးပေး၏။မကျေနပ်ဘူးတဲ့။ ဒိလိုနဲ့နေပေစ ဆိုပြီး ဓမ္မေခ ဘုရားကြီးကို ပတ်လည်လှည့်ကာ ဆရာတော်မှရှေ့မှနေ၍ ပဋ္ဌာန်းသံပြိုင်ရွတ်ကာ တပတ်ပတ်သည် ကုလားတို့သည်ကား နောက်မှတုတ်ဖြင့် လိုက်လျှက် သူ့နိုင်ငံ သူနေရာမှာ ဘာသာရေးပူဇော်ပွဲလုပ်နေသည်ကိုပင်မမြင်လိုသော မဇ္ဈိမသားတို့ရယ် ဂုဏ်တောင်ယူရမှာကို အချိန်လေးအနည်းငယ်လေးကိုဘာလို့များ မောင်းထုတ်နေရတာလဲ.။တကယ်လို့သာ မြတ်စွာဘုရားသက်ရှိထင်ရှားရှိနေခဲ့ရင် မင်းတို့တတွေရဲ့အပေါ်ဘယ်လို ဆုမ္မမှုတွေ ဘယ်လိုအပြစ်တွေပေးမလဲဆိုတာ မတွေးဝန့်မိခဲ့ဘူး။ မိမိသည်လည်း ၂၀၀၈ ခုနှစ် အမိမြန်မာပြည်မဟာသင်္ကြန်အတတ်နေ့မှာ နန္ဒိယကျောင်းတော်ရာအပေါ်တွင် ဓမ္မစင်္ကြာသုတ်နှင့်အနတ္တလက္ခဏာသုတ် မေတ္တာပို့ပြုလုပ်ခဲ့ဘူး၏။ပြဿနာမရှိ။၂၀၀၉ မှာ ရွတ်ဖတ်ပူဇော်နေကြသွားရောက်ရွတ်ဖတ်ခဲ့၏။ကိုရွှေကုလားတို့ တုန့်ပြန်လိုက်သည်ကား တုတ်ဖြင့် မောင်းချကာခံခဲ့ရဘူး၏။ ပြီးသည်နှင့် ဆရာတော်အား ဗာရာဏသီဖြစ် ကော်ဇောတထည်လှူဒါန်းလိုက်၏။ ဆရာတော်မှ မိမိအားပညာသင်စရိတ်အဖြစ် လိုရာသုံးရန် ဒေါ်လာ (၂၀၀) စွန့်ကြဲခဲ့သည်။ ထိုမှ ကော်ဇောများဝယ်သည်။ ပြီးသည်နှင့် ည ၈နာရီကျော်ချေပြီ ဆရာတော်အားနှုတ်ဆက်ပြီး မိမိနေရာသို့ ပြန်ခဲ့သည် လမ်းမှာတော့ မိုဃ်းသည် တဖွဲဖွဲကျလျှက်.. မိဂဒါဝုန်အတွင်း ဓမ္မစင်္ကြာရွတ်ဖတ်သံနှင့် အနတ္တလက္ခဏာသုတ်ရွတ်ဖတ်သံတို့သည်ကား..ပြန်လည်ကြားယောင်လျှက်..မိုဃ်းသည် လည်း ပိုလို့ သဲသဲမဲမဲရွချလျှက်…။။
"ဒေါက်တာအရှင်မြတ်တို့၏ ဆွမ်းဒါနပွဲ"
 သံဃာတော်များဤသို့ဆွမ်းပေးဘုဉ်းကြ၏
 ထိုနေ့ ရွှေစင်တိပိဋကဆရာတော်သည်လည်းဆွမ်းဘုဉ်းအမှီရောက်လာ၏
မြင်တွေ့နေရတာတော့ ဆေးဝင်္ကဘာကျောင်းဆရာတော်
ပူပူနွေးနွေး ဒေါက်တာအရှင်သုမင်္ဂလ မှလည်း သံဃာတော်တွေအား လက်အုပ်လေးချီလျှက်
(၁၃.၃၂၀၁၂)နေ့ ဗာရာဏသီမြို့ ဆေးဝင်္ကဘာမြန်မာကျောင်းတွင် မြန်မာရဟန်းတော်များအပါး ၅၀ ခန့်မျှတွေ့မြင်နိုင်၏။ မနေ့က မိမိတို့နေထိုင်သော စရဏရပ်ကွက်လေးသို့ ဖုန်းအသီးသီးဝင်လာခဲ့၏။ ၀င်လာခြင်းမှာ B.H.U တက္ကသိုလ်မှ PH.D ကျောင်းသား ၄ ပါးပြီးခဲ့လေသည်။ (ဒေါက်တာ ၄ပါးဖြစ်ခဲ့သည်။) M.A ဘွဲ့ ၃ ပါးရရှိခဲ့သည့်အထိမ်းအမှတ်အဖြစ် စုပေါင်း၍ ဆွမ်းကပ်ကြသည့် တွေ့ဆုံနိုင်ခွင့်ဖန်တီးပေးခဲ့သည်။ ဗာရာဏသီမြို့မှာ တက္ကသိုလ် ၂ ခု ရှိ၏။ Sanskrit Universityနှင့် B.H.U University တို့ဖြစ်၏။ မြန်မာရဟန်းတော်များ တတ်ရောက်ပညာသင်ကြားနေကြသည်။ တက္ကသိုလ် ၂ ခု ကျောင်းသားများ တွေ့ဆုံဖို့ရာလည်း အနေဝေးနေတာကြောင့်ရယ် နောက်တချက်က ကိုယ့်စာ ကိုယ်ရေး နေခဲ့ကြသည်။တက္ကသိုလ်မှပေးခဲ့သော စာများလေ့လာရသည် များမကြာခင် M.A တတ်ရောက်နေသော မြန်မာရဟန်းတော်များစာမေးပွဲဖြေဆိုရတော့မည်။(Thesis) လုပ်နေကြသော ရဟန်းတော်များလည်းရှိသည်။ အသီးသီးကိုယ့်အလုပ်နှင့်ကိုယ်။ကိုယ်အကြောင်းနှင့်ကိုယ်မို့ တကူးတက တွေ့ဆုံဘို့အကြောင်းမရှိခဲ့။ ဖုန်းလေးတွေနှင့်ဆက်သွယ်ကာ သတိရစေသည်။အမှတ်ရ လွမ်းဆွတ်စေကြသည်။ ဒီနေ့အဖို့ တွေ့ဆုံနိုင်ဘို့အကြောင်းဖြစ်လာတော့၏။ အချင်းချင်း ကီလိုမီတာ ၁၀ ကီလိုမီတာလောက်ဝေးခဲ့ကြ၏။ မိမိတို့မှာစရဏရပ်ကွက် မြတ်စွာဘုရား ဓမ္မစင်္ကြာတရားဦးဟောတော်မူရာ မိဂဒါဝုန်အနီးနားတွင် အိမ်ငှားနေထိုင်ကြသည့် မြန်မာရဟန်းတော်တို့သည် အပါး ၂၀ ခန့်လောက်ရှိ၏။ မိမိတို့လည်း အစားအသောက်သည် ပဓာနမဟုတ်သော်လည်း “သမဂ္ဂါနံ တပေါ သုခေါ”ဟူသော မြတ်စွာဘုရားဟောတော်မူသည့်အတိုင်းတွေ့ဆုံခွင့်ရရှိရေး မြန်မာရဟန်းတော်တို့ အချင်းချင်းညီညွတ်ကြသည်ဟူသော ပြယုဂ်ကို ထုတ်ဖေါ်ပြခဲ့သည်။ နိုင်ငံရပ်ခြားတိုင်းတပါးမှာ အဆင့်မြင့်ပညာများကိုသင်ကြားနေသော ရဟန်းတော်တို့သည် အချင်းချင်းတွေ့ဆုံမိသည်နှင့် ပြုံးရွှင်သော မျက်နှာကိုယ်စီဖြင့် နှုတ်ဆက်ကြသည်။ မိမိတို့ နေရာကနေ ဆေးဝင်္ကဘာမြန်မာကျောင်းရှိရာသို့ တက္ကစီငှား၍ သွားခဲ့ရသည်။ ရောက်သည်နှင့် အရှင်ကိတ္တသာရ မှ ကျရည်ခေါ်သော လဘက်ရည်ဖြင့် အပန်းဖြေဘုဉ်းပေးနိုင်ရန်အဆင်သင့်စောင့်လို့ တက္ကစီကားခများ အသွားအပြန်တခါထည်းကပ်လှူသည်။ဒီနေ့ မြန်မာရဟန်းတော်များ၏ တွေ့ဆုံပွဲသည် ပျော်ရွှင်စရာကောင်းလှသည် မိမိသည်လည်း တနေရာမှ အကဲခတ်နေ၏။ ယနေ့အပြုံးပန်းတွေနဲ့ မြင်တွေ့ရသော ပုံရိပ်ကို မမေ့နိုင်ခဲ့ပါ။ ဆွမ်းမဘုဉ်းမှီ အရှင်နိပုဏ မှလည်း ကျေးဇူးတင်စကားနှင့် မေတ္တာသုတ်ပရိတ်ချီးမြင့်ပေးဘို့အကြောင်း “သမဂ္ဂါနံ တပေါ သုခေ”ညီညွတ်ရေးကို ရှေးရှုပြီးယခု လိုကြွရောက်လာခြင်းဟာ အင်မတ်ဝမ်းသာကြောင်းနှင့် ဆွမ်းကပ်သော ရဟန်းတော်တို့ကိုယ်စားပြောကြားခဲ့သည်။
    ယနေ့ ဆွမ်းကပ်ကြသော အရှင်မြတ်များမှာ
  ဒေါက်တာအရှင်ကုဏ္ဍလ(ပူပူနွေးနွေး)
  ဒေါက်တာအရှင်ကဉ္စန          ။
  ဒေါက်တာအရှင်ဝိသုတ      ။
  ဒေါက်တာအရှင်သုမင်္ဂလ     ။ နှင့်
  အရှင်သူရိယ (M.A) ဘွဲ့အပြီး
  အရှင်စရဏ        ။
  အရှင်ကိတ္တသာရ  ။ တို့ဖြစ်ကြသည်။
ဟင်းပေါင်းစုံဖြင့် ကပ်လှူသည်။ အချိုပွဲတို့ဖြင့်လည်းမြိုင်ဆိုင်လျှက် မိမိမှာတော့ အသားဟင်းနှင့်ဝေးကွာနေသည်မှာကြာခဲ့ပြီမို့ ၀က်သားကြိုက်သော မိမိ ဒီနေ့အဖို့ ခေါင်းမဖေါ်နိုင်လောက်အောင် စကားမပြောဆိုနိုင်လောက်အောင် ဘုဉ်းပေးမိသည်။ မိမိဆွမ်းဘုဉ်းပေးအပြီးအချိုပွဲ ဘုဉ်းနေစဉ် မထင်မှတ်ပဲ မိမိ၏ သူငယ်ချင်းလည်းဟုတ် ဆရာဆိုလည်းမမှားသော ရွှေစင်တိပိဋကဆရာတော် ကြွရောက်လာခဲ့သည် မြန်မာပြည်မှ သူ၏ ရဟန်းဒကာမကြီးနှင့်အတူ မြင်းခြံ မန္တလေးမြို့ အသီးသီးမှ ဒကာ/မများနှင့်အတူ အိန္ဒိယနိုင်ငံ သံဝေဇနိယ လေးဋ္ဌာန ဘုရားဖူးလာသည်ဟုသိရသည်။ ဒီနေ့ ဆေးဝင်္ကဘာမြန်မာကျောင်းမှာ မြန်မာရဟန်းတော်များ၏ မေတ္တာပို့သံသည်ကား…။ဆွမ်းကပ်ကြသော အရှင်မြတ်(၇)ပါးတို့သည်လည်း မရှိဟူသောစကားနှင့် မ၀ဟူသောစကား မပြောဆိုရသည့်ကိုယ်။မကြားရသည့်ကိုယ်ဖြစ်ကြပါစေ လို့ အမိမြန်မာပြည်အရောက်တွင် သူတို့၏ ဒကာ/မများအား ဓမ္မရေးအေားများတိုက်ကျွေးပြီး “ ဗုဒ္ဓသာသနဘာရော အ၀ဿံ ၀ဟိတဗ္ဗော” ဟူသည်နှင့် အညီ သာသနာ့တာဝန်ကိုယ်စီ ထန်းဆောင်နိုင်ကြပါစေ လို့….။
Sunday, March 11, 2012
"အဇာတသတ်လို မဖြစ်ကြပါစေနဲ့လို့ သို့ မိဘမေတ္တာ"
 အဇာတသတ်သည် ခမည်းတော်ဗိမ္ဖိသာရမင်းအားဤသို့ထောင်ထွင်းချထား၏ သူ၏ အာဏာစည်းစိမ်လောဘဇောကြောင့် ခုတော့ ပိတုဃာတကကံကြောင့် ငရဲ သို့လားနေရှာပြီ
အင်္ဂုလိမာလသည်သည်းတာတေလံအောင်ဆိုးသွမ်းခဲ့၏.သို့သော်
မြတ်ဗုဒ္ဒက “မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော” တဲ့ မိဘ နှစ်ပါးတို့အားပြုစု လုပ်ကျွေးခြင်းသည် မင်္ဂလာတပါး။” ဗြဟ္မာ တိ မာတာပိတရော ပုဗ္ဗစရိယာတိ ၀ုစ္စတေ”လို့လဲပြောထားတယ်ပေါ့။ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဖာစရိယမိနှင့်ဖ.။ဒီလိုစားရတယ် ဒီလိုပြောရတယ် ရဟန်းသံဃာများတွေ့ရင်.ဦးတော်.လုပ်ရတယ်ဆိုတဲ့သွန်သင်မှု ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် လူဖြစ်လာအောင်ပြုစုကျွေးမွေးစောင့်ရှောက်လာခဲ့ကြသည်။   အဆိုတော် ဒေါ်မာမာအေးကို ကျေးဇူးတင်မိသလို စာရေးဆရာကိုလည်း လေးစားမိသည်။ စိတ်လေးရှုတ်လေတိုင်း ဒေါ်မာမာအေး ၏ သီချင်းကို ဖွင့်နားထောင်ဖြစ်သည်။ အထူးသဖြင့် အမေ ကိုသတိရနေရရင် ရင်ထဲအေးမြစေခဲ့လို့။ ခုလည်း အမေ့ကို သတိရစေသည် သတိရလို့ ဒီအကြောင်းလေးရေးမိသည်။ (အရွယ်မတိုင်မီ….မိဘနှစ်ပါး…ပိုးမွေးသလို မွေးရပါအတည်..အနန္တဂုဏ်ရည် ပျိုကြည်အောင် ကျေးဇူးတွေ တင်သည်။ ဖ၀ါးလက်နှစ်လုံး..ပုခုံး လက်နှစ်သစ်..လူဖြစ်အောင်လဲ…ကျွေးမွေးရသည်.။လူလားမြောက်တဲ့အချိန်မှာအတည်.အထင်တော်များ မှားခဲ့သည်။ဥပမာ….အဇာတသတ်မင်းနဲ့….).စသည့် တေးသွားလေးကို ရင်ထဲမှာစွဲနစ်စေသည်။ အဇာတသတ်မင်းသားသည် လူပေါင်းမှားခဲ့၏။ မင်းစည်းစိမ် အာဏာကိုမက်မောသည့် လောဘဇော။ ဆရာမတင်သင့်သူ့ကို ဆရာတင်လိုက်သည့် အမှားတွေက သူ့နောက်သို့အရိပ်မဲသဏ္ဍာန် ထင်ဟပ်ပြီး ရာဇ၀င်တင်သွားခဲ့သည်။ အဇာတသတ်မင်းဟာ လူပေါင်းလဲမှား မင်းစည်းစိမ် တက်မက်မောခြင်းလောဘဇောကြောင့် ဖခင်ကြီးဗိမ္ဗိသာရမင်းကို ထောင်တွ  င်းအကျဉ်းချ။ ဖ၀ါးကိုဒါးနဲ့ခွဲ  ရှားမီးခဲကင်တယ်။ နောက်ဆုံး စာလေး၂ဆောင်ကို မူးကြီးမတ်ကြီးများက လာရောက်ဆက်သခဲ့သည်။ အမတ်ကြီး၂ ယောက်လမ်းမှာဆုံဖြစ်သည်။ တယောက်က မင်္ဂလာစာချွန်။တယောက်က အမင်္ဂလာစာ။ တယောက်နဲ့ တယောက်မေးဖြစ်ကြ၏။ အမင်္ဂလာစာချွန်တော်အမတ်ကြီးက မင်္ဂလာရှိသောစာချွန်လွှာစာကို အရင်ဆက်သစေ၏။ အဇာတသတ်မင်းသည် သားတော်လေးမွေးဖွားကြောင်း ကြားသိရသည့်နှင့် တပြိုင်နက် ချစ်ခြင်းမေတ္တာတို့သည်ကား မဖြစ်ဘူးသော ရင်ထဲမှပီတိတို့သည်ကား.ပြောမပြတတ်လောက်အောင်ဟု စာပေတို့ဆို၏။ အနီးနားတွင် မယ်တော် ဝေဒေဟီသည်ရှိ၏။ အဇာတသတ်မင်းသားသည် မယ်တော်အား သားကိုမွေးဖွားတုန်းက သားကို ဖခမည်းတော်က အဲလိုချစ်တာပဲလားတဲ့..။ ထိုအကွက်ကိုပြောချင်နေရှာသော ဝေဒေဟီမိဘုရားကြီးသည် မင်းလူမိုက်ပဲ. ဒီထက်တောင်ပိုတယ်။ မင်း ကို ကိုယ်ဝန်လွယ်ချိန်မှာ အဖကိုသတ်မဲ့သားဟု ပု ဏ္ဏားတော်များ နိမိတ်ဖတ်၍ ငါ မဖွားနိုင်ကြောင်း အမျိုးမျိုးကြံစည်သော်လည်း မင်းကိုချစ်တဲ့ မင်းအဖေက သတ်လိုရင်သတ်ပါစေတဲ့။ သားတော်မျက်နှာလေးမြင်ပရစေဆိုပြီး မပြယ်သောမေတ္တာတွေနဲ့ချစ်ခဲ့သလို သားတော်လက်မှာ ခူနာပေါက်ပြန်တော့လဲ မအိပ်နိုင် မစားနိုင်ဖြစ်ခဲ့တဲ့ ဖခင်ရဲ့မေတ္တာဟာ အာခံတွင်းမှာငုံထားပြီး အနာပြည်မှည့်လို့ ပေါက်စေခဲ့တယ် ပြည်ပိုးပြည်ပုတ်တွေမရွံမရှာ မြိုချတယ်လို့ ပြောလဲပြောရော။ ဗျာ..ဆိုပြီး ဖခမည်းတော်ကြီးကိုသတိရစေသည်။ မိဘမေတ္တာကို အောက်မေ့လာခဲ့သည်။ ဟဲ့.မင်းကြီးများ ဖခမည်းတော်မင်းကြီးအား ထောင်တွင်း အကျဉ်းခံဘ၀မှ လွတ်ပေးစေလို့လဲ ပြောလိုက်ရော ကျန်တဲ့အမတ်တယောက်ရဲ့စာက မှန်လှပါဘုရား ဆိုပြီး ဖခမည်းတော်ကြီးနတ်ရွာစံ ကံတော်ကုန်ပါပြီဘုရားလို့ စာတဆောင်ဆက်သတော်မူတော့  နောင်တတွေ တပွေ့တပိုက်ကြီးသူရလိုက်သည်။ ခေါ်လိုက်ပါပြီ အရှင်ဒေ၀ဒတ်ကို လောဟကုမ္ဗီငရဲက ဒီနေ့ထိပေါ့။ အင်္ဂုလိမာလကြပြန်တော့ လူကောင်းလူတော်တယောက် သို့သော် ဂုန်းတိုက်ခံခဲ့ရှာ၏။ လက်ညှိုးပေါင်း၁၀၀၀ ရှာကြံခိုင်းခဲ့တယ်ပေါ့သူ့ဆရာက။ တွေ့သမျှ လူကို သတ်ခဲ့သည် လူဆိုးလူမိုက်ဘ၀ရောက်ရှိလာခဲ့တော့သည်။လူမြင်သမျှက နှလုံးအော့အံလောက်အောင် မုန်းတီးစေခဲ့သည်။ ဒီနေ့ ဒီရက် လက်ညှိုးပေါင်း တထောင်ပြည့်တော့မည် ၉၉၉ ချောင်း ဘယ်သူလာလာသတ်မည်ဟု စိတ်ထဲတွင်ကြုံးဝါးလျှက်။ တိုင်းသူပြည်သားတို့သည်လည်း အင်္ဂုလိမာလ ရန်မှရှောင်ကြရသည်။ တိုင်းပြည်မှ ကြော်ငြာမောင်းခတ်ထားသည် တွေ့တဲ့နေရာ သတ်စေ ဆိုသော အမိန့်။ ထိုစကားကိုကြားလိုက်သည်က သူ၏အမေ တောင်ဝှေးကိုလက်မှာကိုင်ပြီးတောထဲသို့ ထွက်အရှာ။သားအပေါ်ချစ်တဲ့ မိဘ၏မေတ္တာ။မြတ်စွာဘုရားသည်လည်းသတ္တ၀ါတွေအပေါ်ကျွတ်ထိုက်သူ/ထိုက်ချိန် ကို ဥာဏ်တော်ဖြင့် ဆင်ခြင်နေပြီ။ တကယ်လို့ ငါမကယ်ရင် မာတုဃာတကကံ ထိုက်ပေတော့မည် ဟု တွေးရင်း မြတ်စွာဘုရားလည်းတောထဲထွက်အလာ။ အင်္ဂုလိမာလသည်လည်း မိခင်ကိုသော်မှ သတ်မည် တွေပပြီ အမေ။ မိဘရဲ့ ကရုဏာအသံ။ သားရေ လူလေးဆိုပြီးအော်ခေါ်သည်။တချောင်းထဲသာ လိုသောလက်ညှိုးသည် ဒီနေ့အမေ့လက်ပဲ.ဟုတွေးပြီးအမေဆီသို့ လိုက်။မဟာကရုဏာရှင်မြတ်စွာဘုရားသည် ကြားမှ ၀င်ပြီးဟန့်တား။ ဒီတော့ အင်္ဂုလိမာလ တယောက်မိဘထက် ရဟန်းဂေါတမကိုမြင်သည် ရဟန်းဂေါတမနောက်လိုက်သည် အရှင်ရဟန်းကြီးမပြေးလင့်..ဆိုသည်။ ချစ်သား ငါကားမပြေး သင်သည်သာ ပြေးနေသည်သာတည်းဟု တရားဓမ္မဟောကြားလို့ ကျွတ်ခဲ့ရသည်။ လူတွေအပေါ်မကောင်းကျိုးများစွာပေးခဲ့သည့် လူမိုက် အင်္ဂုလိမာလ။ရဟန်းဘ၀ရောက်သည်။အိမ်စဉ်အတိုင်းလှည့်လည်ဆွမ်းရပ်သည် ဆွမ်းမပြောနဲ့တွေ့သမျှလူတို့က ခဲတို့ဖြင့်၎င်း ဒုတ်တို့ဖြင့်၎င်း ပစ်ပေါက်ကြ၏။ အနာတရ ဒဏ်ရာတို့သည်မြင်မကောင်းရက်။ သို့သော် သူ၏ ဘ၀သမိုင်းက မိုက်ကြွေးတွေ သူဆက်သည်။ငြိမ်ခံသည်။ နောက်မြတ်စွာဘုရားသည် အင်္ဂုလိမာလသုတ်ပရိတ်ကို ရွတ်စေသည် မိန်းမများမီးတွင်းမှာ အခက်ခဲများဖြစ်ပေါ်ခဲ့သော် အင်္ဂုလိမာလပရိတ်တော်ကို ရွတ်စေခြင်းအားဖြင့် မွေးဖွားရလွယ်စေသည်။ အင်္ဂုလိမာလသည် တိုင်းသူပြည်သားတွေအပေါ် ဆိုးသွမ်းခဲ့၏။ ဒုက္ခများစွာပေးခဲ့၏။ သို့သော် သူသည် ကောင်းကျိုးကိုလည်းပေးဆပ်ခဲ့လေပြီ။ သူသည် အကယ်၍ မြတ်စွာဘုရားနှင့်မတွေခဲ့သော် မာတုဃာတကကံ ထိုက်ပေတော့မည်။ သို့သော်.သူ၏၀ဋ်ကြွေးသူပြန်ဆက်သွားရှာ၏။ကောင်းကျိုးလဲပေးသွား၏။ အဇာတသတ်မင်းသားမှာတော့ ပိတုဃာတကကံထိုက်သွားရရှာပြီ ယနေ့ထက်တိုင် ငရဲသို့ကျခံနေရသည်သာ။ လူတိုင်းလူတိုင်းမှာ မိဘ မရှိသူ၍ မရှိပါ။ မိဘကျေးဇူးကို သက်ရှိရှိနေစဉ်ပြုစုကျွေးမွေးစောင့်ရှောက်တတ်ပါစေ။ တလောက အင်တာနက်စာမျက်နှာက တွေ့လိုက်ရသည့် ဗွီဒီယိုကားတကား “ မရင်ရွှေ” တဲ့ မိဘကိုပစ်မှားသည် စော်ကားသည် ပါးရိုက်သည်။မိခင်အရာတွင်နေသော ဒေါ်မြင့်မြင့်ခင်ကြီးမှာတော့ သမီးမိုက်မရင်ရွှေ အတွက် နေ့တိုင်းမျက်ရည်နဲ့ မျက်ခွက်။ဖြောင်းဖျပြောဆိုသည် ဆိုးသွမ်းမြဲဆိုးသွမ်းလျှက် တနေ့ ဒေါသပေါက်ကွဲရင်း မိခင်ကို စော်ကားပြီးပါးရိုက်ခဲ့သည်။ တောသို့ထွက်ပြေးခဲ့သည် မဟာပထ၀ီမြေကြီးသည် ကွဲအပ်လျှက် မရင်ရွှေ ကို မြေကြီထဲသို့အရှင်လတ်လတ်မြေမြိုပစ်ခဲ့သည်။ ယ္ခု.ခေတ် ဗွီဒီယိုတွေ ခေတ်စားနေသည် ဒါရိုက်တာကြီးများလည်း ဒီလိုကားမျိုးတွေများများရိုက်ခြင်းဖြင့် လူငယ်တွေ ရှောင်ကြဉ်နိုင်ရန် ပညာပေးကားများ မိဘမေတ္တာ မိဘကျေးဇူးကားများရိုက်ခြင်းဖြင့် လူသားတိုင်းအပေါ်မှာ ပညာပေးနိုင်ကြပါစေ လို့။ ဒီ post လေးကို ဖတ်မိသူတိုင်း မိဘမေတ္တာကို နားလည်စွာ အသိတရားများရင့်ကျတ်ပြီး ယောသိသောမနသိကာရ စိတ်လေးများဖြင့်မိဘတိုင်းအပေါ်မှာ ကျေးဇူးတရားကိုသိတတ်သော သားသမီးရတနာများဖြစ်နိုင်ကြပါစေ လို့ ရည်သန်လျှက်။။
"ဒီနေ့ ပတ်စ်ဝါ့ ပြဿနာ"နှင့် အိမ်ရှင်၏ ကြက်သားဟင်းနှင့်ပူတီ
ဒီနေ့ဘယ်လိုဖြစ်တာရယ်တော့မသိလိုက်ရပါ။ မနေ့ညက တညလုံး ဘလော့နှိုက်နေသေး.မနက် ၄နာရီခွဲလောက်ထိပေါ့။
ဒီနေ့ မိမိလည်း အမိမြန်မာပြည်မှာဆရာလည်းဟုတ် သူငယ်ချင်းလည်းဟုတ်သည်။ မိမိကိုရင်ငယ်ဘ၀မှာတုံးက သာမဏေသကျသီဟ တတ်ခဲ့
စဉ် မဟာဝါပါဠိတော်ကို ပို့ချပေးဘူးသည့် ဆရာပေါ့။ သူသည်အိန္ဒိယနိုင်ငံ သို့ ဘုရားဖူးလာ၍ မိမိအား လေယာဉ်ကွင်း ဆင်းပြီးတာနဲ့ များမကြာခင်
ဖုန်းဆက်၍ ဗာရာဏသီရောက်က လာခဲ့ဘို့ ဖုန်းမကြာမကြာဆက်တော့၏။ ရောက်ခဲ့ပါပြီ ဗာရာဏသီမြို့။ ရောက်တော့လဲ ဖုန်းဆက်ကာ ဘုရားထဲ ခေါ်၏။ သွားခဲ့ရပြန်၏။တနေကုန် ဘုရားထဲလိုက်လံပို့ခြင်း ဈေးများဝယ်ပေးခြင်း စတဲ့ အလုပ်များနေ၍ တနေကုန် ကွန်ပြူတာနား ကပ်ချိန် မရှိခဲ့။
နေ့လည် မွန်းမလွဲခင် မိမိအိမ်လည်းရောက်ဘူးသည်ရှိအောင် ခေါ်ဆောင်ပြီး ဆရာရဲ့ ဆရာ နှင့်အမျိုးသမီးတယောက်ပါ မိမိနေထိုင်ရာ အခဏ်း
သို့လိုက်ပါခဲ့၏။ ချက်ပြီးသား ခရမ်းချဉ်သီးချက် ရယ် ချဉ်ရည်ဟင်းရယ် အသင့်ရှိပြီးသားနှင့် ကပ်မည်ဟု သံဒိဋ္ဌာန်ချခဲ့သည်။ သို့သော်
အချိန်လဲရသည်မို့ ပါလရွက်လေးကိုကြော်ခဲ့ပြန်၏။ ကြက်ဥ ၅ လုံး ကဗျာကယာမွှေကာ ကြော်ပြီး ဆရာ နှင့် ဆရာ၏ ဆရာတို့အား ဒီနေ့ ဖြစ်သလိုကြုံသလို
ဖြင့် ကပ်ခွင့်ကုသိုလ်လေးတခုတော့ ရလိုက်ပါ၏။ နေ့လည် ဆေးဝင်္ကာကျောင်းသို့ ပြန်ကြွရန် ပြန်လည်ပို့ဆောင်ပေးခဲ့ရပြန်၏။ ကျောင်းသို့ရောက်သည်နှင့်
ဆရာ၏ ပစ္စည်းများအိပ်တလုံးနှင့်ထည့်ကာ စီစီရီရီပြုလုပ်ပေးပြီးပြန်လာခဲ့သည်။ ဆရာမှ သင်္ကန်းနှင့်လွယ်အိပ်။ ဒကာတယောက်မှရှားပါး
ရပ်ရွာဖြစ်ပျားရည်တပုလင်း ။မန္တလေးထိုးမုန့်တထုပ် ရန်ကင်းတောင်ဆရာတော်မှလည်း မာတင်သင်္ကန်းတစုံ  လှူလိုက်သည်။
ဒီလိုနဲ့ဆရာကိုနှုတ်ဆက်ပြီးပြန်အလာ ထုံးစံအတိုင်း အင်တာနက်ကို ဖွင့်မိလိုက်တော့၏။ ပတ်စ်ဝါ့မှားနေသည် ဟူ၏။ တခါ နှစ်ခါ မရ။ သုံးကြိမ်မြောက်
ကြိုးစားကြည့်သည် မရခဲ့။ အလို..ဘာများဖြစ်တာပါလိမ့် လို့အတွေးပေါင်းများစွာနှင့် ကြိုးစားကြည့်ပြန်သည်။ စိတ်မောလူမော နဲ့သာ ရင်ဆိုင်ရ၏။
မနှစ်ကလဲ ဒီအချိန် တခါဖြစ်ဘူး၏။ ဘယ်လိုများလုပ်ရပါလိမ့်ဟု တွေးနေမိသည်။ အတွေးထဲမှာ ဂျမူးတက္ကသိုလ်သို့ (PH.D thesis) လုပ်နေသော
အိုင်တီ သမား အရှင်ကုဏ္ဍလ(တောင်ငူ)ကိုပြေးသတိရမိ၏။ အွန်လိုင်းမှာလဲ သူမရှိခဲ့။ ဖုန်းခေါ်ကာ အကျိုးကြောင်းပြောပြ၏။
မိမိအသုံးပြုသော မေးကို တောင်းကာ ကြိုးစားလုပ်ပေးမည်ဟု ပြောတော့၏။ မိမိသည်လည်း ပို့ပေးပြီး များမကြာခင် ဖုန်းပြန်လာတော့၏။
တယ်လဲထူးဆန်းပါလား ..? မကြာခင်အချိန်တောအတွင်းမှာ မိမိအသုံးပြုသော မေးကို ပြန်လည်အသုံးပြုခွင့်ရရှိတော့၏။
ထူးဆန်းပါပေ့ အင်တာနက်ခေတ်ကြီးရယ် လိုက်မမှီသော အင်တာနက်ပညာတို့သည်ကား..။ မိမိသည် အင်တာနက်ပညာ မကျွမ်းကျင်ရကား
ကျွမ်းကျင်သူတို့သည် မကြာခင်အချိန်တောအတွင်း ပြန်လည်အသက်ဝင်စေသည်။ ဒီနေ့ ကံကောင်းခြင်းပေလား..? ကံမကောင်းခြင်းပေလား.?
တွေးရင်းဖြင့်  တမနက်လုံးပင်ပန်းမှုဒဏ်ကြောင့် အိပ်ပျော်သွားခဲ့၏။  ၈ နာရီခွဲ အကျော် လန့်နိုးတော့၏။ မိမိအိမ်ရှင်မ တံခါးလာခေါက်သည်။ ကြက်သား
ဟင်းနှင့်ပူတီလာပို့၏။ မိမိတို့ညစာမစားကြောင်းပြောပြ၏။ သို့သော် မောနင်း အိတင်းဆိုပြီး မပီကလာ ပီကလာနှင့်ပြောဆိုပြီး ထားခဲ့တော့၏။
ကြက်သားအနံ့သည် မွှေးကြိုင်နေ၏။ သို့သော်....
မှတ်ချက်။ ။ မိမိနေ အိမ်မှာ ၄ ကြိမ်ပြည့်ခဲ့ပြီ နေခဲ့ဘူး၏။ဒီနေ့အိမ်ရှင်၏ စေတနာ မေတ္တာသည်ကား..
Friday, March 9, 2012
မိဂဒါဝုန်အနီး ဒေါ်ဝဏ္ဏသိင်္ဂီ၏ ၄၆ နှစ်မြောက်မွေးနေ့အလှူ
"မွေးနေ့ရှင်မှ ဆွမ်းကပ်အပြီး လက်အုပ်ချီမ၍"
"န၀ကမ္မ ရူပီး ၅၀၀ ကပ်လှူအပြီးမှာ"
"ဤသို့ တပါးစီ ကိုယ်တိုင်ကပ်လှူ၍"
"ရေစက်မချမီ စကားစမည်ပြောနေစဉ်"
"ရေစက်ချအပြီး မွေးနေ့ရှင် ဒေါ်ဝဏ္ဏသိင်္ဂီနှင့် ကြွလာသောသံဃာတော် ၅ပါး"
ဗာရာဏသီမြို့ ဓမ္မစကြ်ာတရားဦးဟောတော်မူရာ အနီးနားတွင် စရဏရပ်ကွက်ရှိ၏။
 ထိုအနီးနားတွင် ပိုင်းလော့ဆရာတော်ဘုရား ဘန္ဒန္တဇေယျပဏ္ဍိတ အဖွဲ့မဇ္ဈိမဒေသ
ဘုရားဖူးလာစဉ်တွင် ဓမ္မရေအေးများ တိုက်ကျွေးရာနေရာတခုအဖြစ် တည်ထောင်ထား၏။
ခင်ရာဆွေမျိုး တော်စပ်သော အသက်(၃၅)နှစ်ခန့်မှ သာသနာ့နွယ်ဝင် သီလရှင်အဖြစ် တရားဘာဝနာများ
 ပွားများပါများလာသည်နှင့်အမျှ လူဘောင်ကိုခွာ သာသနာ့နွယ်ဖွား သီလရှင်ဘ၀သို့ ရောက်ရှိလာခဲ့သည့်
ဆရာလေး ဒေါ်ဝဏ္ဏသိင်္ဂီ သည် ထိုနေရာ၌ နေထိုင်၏။ သူ၏ (၄၆)နှစ်မြောက်မွေးနေ့မင်္ဂလာပြုလုပ်သည်။
 စုစုပေါင်း (၅)ပါးပင့်ဖိတ်ပြီး ခေါက်ဆွဲကြော်ဆွမ်းကပ်လှူ၏ အလိုရှိရာသုံးစွဲရန် ရူပီးငွေ (၅၀၀) စီလှူဒါန်း၏။
မိမိတို့မှာလည်း နိုင်ငံရပ်ခြားတိုင်းတပါးမှာ နေခဲ့သည်..သို့သော် ဒီလို ဆွမ်းပင့်ဖိတ်ပြီးကပ်လှူခြင်းကို ပထမအကြိမ်အဖြစ် ဘုဉ်းပေးခွင့် ရရှိခဲ့သည်။
 ပီတိဖြစ်ဖွယ်ကောင်းစွ။ ထိုနေရာဒေသမှာ ၀ိပဿနာတရားများ (၅)ရက်ခန့်မျှ ပြုလုပ်ခဲ့ဘူးပြီဟူ၏။
ဘုရားဖူးအဖွဲ့တို့သည် သံဝေဇနိယလေးဋ္ဌာနလည်း ဖူးခွင့်ရရှိခဲ့သည်။ ထိုကဲ့သို့သော နေရာဒေသမှာ
 တရားဓမ္မများငြိမ်သက်စွာ အားထုတ်နိုင်ခဲ့ကြ၏။ဤနေရာသည် မြတ်စွာဘုရားသည် အရှင်ကောဏ္ဍည အစရှိတဲ့
ပဉ္စ၀ဂ္ဂီ(၅)ဦးအားတရားဦးဟောသည့်နေရာမြတ်။ ရဟန္တာတွေ များစွာစတင်ဖြစ်ပေါ်ခဲ့သည်နေရာမြတ်။ သံဃာရတနာ
 စတင်ဖြစ်ပေါ်ခဲ့သည့်နေရာမြတ်လည်းဖြစ်သောကြောင့် ဓမ္မမိတ်ဆွေများအနေဖြင့် ထူးကဲသော ဘာဝနာများ
 ပွားများခွင့် ရရှိခဲ့သည်နေရာဆိုကမှားအံ့မည်မဟုတ်။ မိမိကြက်သီးမွေးညှင်းများထလျှက် ဘာသာတရားကင်းကွာနေသော
မဇ္ဈိမသားတို့နေရာမှာ တရားဓမ္မများလာရောက်ပွားများကြခြင်းသည် မြန်မာလူမျိုးတို့၏ ထူးခြားမှုတခု ဖြစ်၏။
 ပိုင်းလော့ဆရာတော်သည် အမိမြန်မာပြည်တွင်လည်း ထင်ရှားကျော်ကြားသောဆရာတော်တပါးဖြစ်၏။
သူ၏ ပရိသတ်ကိုလည်း ဓမ္မအရသာ ကို မြတ်စွာဘုရားတရားဦးဟောရာမြေမြတ်မဟာတွင် ကျင့်သုံးစေခဲ့သည်။
ဆရာလေးအကြောင်းဆက်ပါဦးမည်.အိန္ဒိယနိုင်ငံထဲတွင် မိန်းမသား (၃)ဦးနေထိုင်ရဲသည့်သတ္တိကိုလည်းလေးစားမိ၏။
 ဗီဇာရသမျှ ထို အိမ်ကြီးထဲမှာ ဓမ္မအလုပ်တွေ လုပ်ဆောင်နေ၏။ ထိုအိမ်ကြီးသည်လည်း သန့်ရှင်း၏။လှပ၏။
 ခိုင်ခန့်၏။ တလပေးရသည့် လခသည်လည်းအများသား ရူပီး၁၂၀၀၀ ဟူသတတ်။ ထိုနေရာမှာ ၀ိပဿနာအလုပ်စခန်းကို
မကြာသေးခင်က (၇.၂..မှ.၁၁.၂) ထိ ၅ရက်တိုင်တိုင် ပြုလုပ်သွားကြ၏။ စားရေးသောက်ရေးတို့ကို ဆရာလေးနှင့်အတူ
ခပ်ငယ်ငယ်ဆရာလေးတပါးနှင့် သိင်္ဂီနွယ်ဆိုသောကလေးမတို့ စီမံကာ ဝေယျာဝစ္စကုသိုလ်များ ပါဝင်ဖြည့်ဆည်း ကုသိုလ်ပေးခဲ့ကြသည်။
ထိုအိမ်၏ စရိတ်စားခများကို စင်္ကာပူနိုင်ငံတွင် ရှိသော ဆရာလေးနှင့် ပိုင်းလော့ဆရာတော်၏ ထောက်ပန့်မှုဟု သိခဲ့ရ၏။
 ထိုအိမ်၏ ဖွဲ့စည်းမှုတို့ကိုအကဲခတ်ကြည့်မိ၏။ပတ်ဝန်းကျဉ်သန့်ရှင်းစေသည်။ မွေးနေ့ရှင်သည် မိမိတို့ကြွလာခိုက် ဝေယျာဝစ္စအလုပ်တို့ဖြင့်
အလုပ်ရှုတ်နေ၏။ မွေးနေ့ရှင်ဆရာလေးနှင့် အခြားဆရာလေးတပါး တကာမခပ်ငယ်ငယ်တယောက် နေ့ဆွမ်းအဖြစ် သဟတ္ထိကအဖြစ် ကပ်လှူကြသည်။
 ဒီနေ့အဖို့ မွေးနေ့ရှင် ဆရာလေးသည် အသက်(၄၆)နှစ်မွေးနေ့မှသည် နှစ်ပေါင်းတရာတိုင်အောင် ၀ိပဿနာဓူရ တရားဓမ္မများ
ကျင့်ကြံကျိုးကုတ်အားထုတ်နိုင်သော သူတော်စဉ်အဖြစ် ထာဝရပ်တည်နိုင်ပါစေ.လို့ ကောင်းမြတ်သော သမ္မာဆန္ဒဖြင့် ဤဘလော့၌
အမှတ်တရအဖြစ်တင်လိုက်ပါ၏။
          “မွေးနေ့ရှင်အတွက် ကျောင်းသားလေး၏ ဓမ္မလက်ဆောင်”
အနေနီးသောသူဖြစ်ပါစေ ဆိုတာ မိမိတို့ အမိမြန်မာပြည်သူပြည်သားအပေါင်းတို့သည် မြတ်စွာဘုရား သဗ္ဗညုတဥာဏ်ရရှိခဲ့သည်
 မြေမြတ်မဟာ။ ဓမ္မစကြာတရားဦးဟောတော်မူရာမြေမြတ်မဟာ။ ပရိနိဗ္ဗာန်စံတော်မူရာဋ္ဌာနတို့ နှင့် ဝေးကွာသော်ငြားလည်း
 မြတ်စွာဘုရားနှင့်ပတ်သတ်သော နေရာဋ္ဌာနတို့ကို လာရောက်ဖူးမျှော်ပြီးသံဝေဂ လည်းရသလောက် ရစေနိုင်ခဲ့သည် မြတ်စွာဘုရား၏
အဆုံးအမတော်အတိုင်းလိုက်နာကျင့်ကြံပွားများအားထုတ်နိုင်ကြကုန်၏။ အနေဝေးသော်ငြားလည်း မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားဆုံးမစကားတို့ကို
လိုက်နာခြင်းအားဖြင့် အနေဝေးသော်ငြားလည်း မြတ်စွာဘုရားနှင့် အနေနီးသူဟူ၍ မှတ်ယူရမည်။ မဇ္ဈိမသားတို့သည် အနေပင်နီးသော်ငြားလည်း
 မြတ်စွာဘုရား၏ အဆုံးအမကိုလည်းမခံယူလိုပဲ အယူသီးမှု ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားပြီး မာနတွေရစ်မူးကာ အတ္တ၀ါဒကိုအခြေခံပြီး
ဘာသာတရား အားနည်းကာ အယူသီးမှု ၀ါဒကိုလက်ခံကျင့်သုံးပြီးမြတ်စွာဘုရားနှင့်အနေနီးသော်လည်း အနေဝေးနေသောသူဟူ၍ မှတ်ယူရပေမည်။
 မွေးနေ့ရှင်ဆရာလေး ဒေါ်ဝဏ္ဏသိင်္ဂီ သည်မြတ်စွာဘုရား၏ အဆုံးအမ သြ၀ါဒကိုလက်ကိုင်ထားပြီး လောကီလူ့ဘောင်ကို ပယ်ခွာလျှက်
 သာသနာ့နွယ်ဝင်ဆရာလေးအဖြစ်ရပ်တည်ကာ ၀ိပဿနာအလုပ်များလုပ်နေခြင်းအားဖြင့် မြတ်စွာဘုရားနှင့်အနေနီးသော သူအဖြစ်
ထာဝရ ရပ်တည်နိုင်ပါစေ ဟု ဆုမွန်ပတ္ထနာပြုရင်း. ဓမ္မလက်ဆောင်ပေးလိုက်ပါကြောင်း..။
Thursday, March 8, 2012
ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်ပြောင်ခဲ့သည့်။
အောက်နားက post တခုကတော့ ဆည်ပေါ်ငါးကျော်ရင်ဟင်းအိုးထဲရောက်တတ်တယ်တဲ့.ငါးသည် သူအလိုလိုနေရင်တော့ ဘာမှဖြစ်မလာပါဘူး။ အောက်ပိုင်းဒေသတခုမှာတွေ့ခဲ့ရတယ်။ ငါးထောင်တယ်ပေါ့.ဆည်လုပ်ရတယ်။ ၄င်းဆည်ပေါ်မှာငါးကကျော်တတ်လာတယ် ကျော်တတ်လာမှတော့ ငါးကမိပြီလေ။ မိပြီဆိုမှတော့ ဘာမှမပြောနဲ့ အိမ်ရှင်မတို့ထုံးစံအရရောင်းမယ်။ ၀ယ်မဲ့သူကလဲ ဟင်းအိုးထဲသို့ရောက်စေသလို ကာယကံရှင်ကိုယ်တိုင်လဲ အလှတော့မွေးမထားရက်ခဲ့။ ဟင်းအိုးထဲသို့ အရောက်ပို့လိုက်တော့တာပါပဲလေ။ ထို့အတူ.ဘုန်းကြီးတွေ ၀ိနည်းသိက္ခာပုဒ်အရပြောရရင် ပိဋကကျမ်းစာနဲ့မကိုက်ညီပဲ”အတ္တနော မတိ” မိမိအလိုကျပြောဆိုပြုမူရင် ဘုရားဟောနဲ့ဆန့်ကျင်စွာပြောဆိုပြုမူလျှင် ဆည်ပေါ်ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်တယ် ဆိုသလို အပါယ်သို့ လားစေနိုင်တယ်ဆိုတာ ရှေးဆရာတော်ကြီးများ သွယ်ဝှိုက်ကာ”၀င်္က၀ုတ္တိအလင်္ကာ”သဘောမျိုးနဲ့ ပြောဆိုဆုံးမခဲ့တယ်ပေါ့။ ယ္ခု..လည်း မိမိတို့ ထေရ၀ါဒ နိုင်ငံမှာတော့ ဘာသာတရားစော်ကားတဲ့ လူအချို့တွေ အင်တာနက်စာမျက်နှာပါ တွေ့ရတယ်ပေါ့။မိမိတို့ ထေရ၀ါဒ ဗုဒ္ဒဘာသာသည် မည်သည့်ဘာသာတရားကိုမှမစော်ကား မပုတ်ခတ်ခဲ့ဘူး။ မိမိတို့ဘာသာသည်ပင်လျှင်ပုတ်ခတ်စော်ကားနေကြသည်။ သီးခံခြင်းတရားတွေနဲ့ ရိုးသားစွာ ရေငုံနှုတ်ပိတ်တိတ်တိတ်လေးနေခဲ့ရသည်။(ကြောက်လို့တော့မဟုတ်ကြ) လွန်ခဲ့သည့် ၂နှစ်ခန့်ကလည်း အင်ဒိုးနီးရှားနိုင်ငံမှာ ဗုဒ္ဒဘား ဟု အင်တာနက်စာမျက်နှာမှာ တွေ့ရှိခဲ့ရသည်။ နောက်မကြာခင်လေးမှာပဲ ဥရောပတနေရာမှာ ဗုဒ္ဒနိုက်ကလပ် ဆိုပြီး တွေ့ခဲ့ပြန်တယ်
မြန်မာဒကာတယောက်
ကြိုးစားပြီး ထိုဗုဒ္ဒရုပ်ပွားတော်ကိုကြိုးစားပြီးဒေါ်လာတွေမြောက်များစွာ အဆမတန်ပေးပြီး ရုပ်ပွားတော်ကို မြန်မာကျောင်းတနေရာသို့ ပင့်ဆောင်ကာ ကုသိုလ်ယူခဲ့သည်။ ဒီနေ့လဲ မိမိသည် မဇ္ဈိမနိကာယ်ထဲမှ ရဋ္ဌပါလသုတ်ကို ကြည့်နေစဉ် မြန်မာပြည်မှဒကာမတယောက်မှ ချက်တင်ထိုင်ရင်း အရှင်ဘုရားဆိုပြီး ဗုဒ္ဒရုပ်ပွားတော်တွေအကြောင်းစသည်စသည်ပြောဆိုခဲ့ကြဖြစ်သေးတယ်။ စိတ်မကောင်းစရာတွေ ကြုံတွေခဲ့ရတယ်ပေါ့။ ယ္ခု လည်းကြည့်ပါဦး.ဗုဒ္ဒကို ပုတ်ခတ်ပြောဆိုပြီး ဗီဒီကားတွေဖန်တီးကာ မဟုတ်တယုတ်တွေ ဇာတ်လမ်းလုပ်ရိုက်ကြ။တကယ်တမ်းလေ့လာပြီးမှ ရိုက်သင့်တယ်လို့ ယူဆမိတယ်ပေါ့။တလောကလည်းကြည့်ဖြစ်သေးတယ်။ခွေးလိမ္မာကားတကားပေါ့။ လိမ္မာလိုက်သာလို့ တွေးနေရင်း ခွေး၏ နာမည်ကို ဗုဒ္ဒ တဲ့။ အင်း..မြန်မာမှာတော့အဆိုရှိတယ်လေ။ ဘုရားကိုးကွယ်တန်ခိုးကြွယ်..။တဲ့ စကားလေးတခွန်းလောက်ထည့်လိုက်ပရစေပေါ့။ ဘုရားပုတ်ခတ် အကျိုးပျက်လို့ ။လူတိုင်းသိနေကြပါတယ်လေ။ အာဖဂန် မှာကမ္ဘာ့အကြီးဆုံးရုပ်ထုကြီးကို အမြှောက်တွေ ဗုံးတွေနဲ့ ခွဲလိုက်ကြတာ မကြာပါဘူး.နောက်ထပ်သတင်းတခုထွက်လာတယ်လေ။ အသေဆိုးတွေနဲ့သေခဲ့ရတဲ့သတင်း။ ဆည်ပေါ်ငါးကျော်ရင်တော့ ဟင်းအိုးထဲရောက်တတ်သတဲ့ ခုလဲ တကယ်ဗုဒ္ဒအကြောင်းမလေ့လာပဲ ပုတ်ခတ်ပြောဆိုပြီး ပြုမူနေကြရင်ဖြင့် ဒယ်အိုးထဲပဲရောက်တော့မယ်လို့..။ (အပါယ်လေးပါး=ဒယ်အိုး) ယ္ခု..လည်း အင်တာနက်စာမျက်နှာတွေ လှန်လှောဖတ်ရင်းနဲ့ တွေ့ခဲ့ရသည့် သတင်းတခုကြောင့် စိတ်မကောင်းခြင်းများစွာနဲ့မို့ အများပြည်သူများသိစေခြင်သောဆန္ဒကြောင့် ဘလော့တခုမှ ကူးယူဖေါ်ပြလိုက်ပါတယ်.။။
အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော ဉာဏ်အားရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော် လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသောဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။
ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။
ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။
ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။
အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။
ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။
ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့်မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။
မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထားခြင်းအားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
မူရင်းက ဒီမှာပါhttp://www.co2zenith.com/2012/03/nbc.html
"့HAPPY HOLIDAY"
ဒီလို သူငယ်ချင်းတွေနဲ့ အမှတ်တရပေါ့
 မျက်လုံးထဲများဝင်ကုန်ရင်တော့လား.
 အသက်ကြီးပိုင်တွေလဲ ဤသို့..
 အလှမပြင် သဘာဝပေါ့..
 သိပ်ပျော်နေပုံရတယ် ကုလားမငယ်တို့ရယ်..
 ဒီလို ရောင်းရတယ်.လေ..
ဒီနေ့ အိန္ဒိယနိုင်ငံ ရဲ့HAPPY HOLIDAY ပေါ့..။အမိမြန်မာပြည်မှာဆိုရင်တော့ အတာသင်္ကြန်ပေါ့။အမိမြန်မာပြည်ကား နှစ်ဟောင်းကအညစ်ကြေးတွေကိုဆေးကြောစေတဲ့ သဘောမျိုးနဲ့ အတာရေ သင်္ကြန်ရေ ယဉ်ကျေးစွာဖြင့် အေးချမ်းစွာ ပတ်ကြသည်(ရှေးခတ်အခါက)။ယ္ခု..မူ ထိုသို့မဟုတ်တော့ ရေပိုက်ခေါင်းကြီးများဖြင့်နာကျင်အောင်ပတ်ကြသည်။ တလောက အငြိမ့်ခွေတခွေကြည့်မိ၏။ရှေးအခါနှင့် ခု ခေတ်ကာလနှိုင်းယှဉ်ပြီး သရုပ်ပြ ပျက်လုံးထုတ်သွားတာတွေ့လိုက်ရ၏။ အစပထမယဉ်ကျေးစွာဖြင့် ငွေဖလားထဲသို့သပြေပန်းခတ်ဖြင့် ငြိမ်သက်စွာရေပတ်၏။ နောက်ခေတ်တွေပြောင်းလာတာနဲ့အမျှရေပိုက်ကြီးများဖြင့် ပတ်ကြသည်။ ပျော်ရွှင်စရာသင်္ကြန်မဟုတ်တော့။ မိန်းကလေးများလည်း မူးတတ်လာကြ၏။မြင်သူရှက်အောင် မပေါ်တပေါ် အ၀တ်များဝတ်လျှက် ကားကြီးကားငယ်တို့ဖြင့် အလှပြိုင်ကြသလိုမတွေ့ဘူးသော အ၀တ်အစားများဝတ်ရဲလာကြ၏။ မူးရဲလာကြ၏။သို့သော်.လူတိုင်းတော့မဟုတ်ပါ။ သင်္ကြန်ကာလမှာဘုရားသွားကျောင်းလာသူ လူကြီးများရှိလာသလို လူရွယ် လူငယ်များလည်းရှိကြ၏။ မိမိ အမိမြန်မာပြည်မှာနေစဉ်ကသင်္ကြန်နေ့တိုင်း ရွှေတိဂုံအနီးနားမှ ယောက်လမ်းမှတ်တိုင်အထိ လမ်းလျှောက်ကာ သင်္ကြန်နေ့တိုင်းသီလပေးခဲ့ဘူး၏။ တနေ့မှာ မနက်ဖြန်တော့သီလလာမပေးတော့ဟု ပြောဘူး၏။ အမှန်မှာ သူ့အတွက် တရက်လည်ချိန်ပေးတဲ့သဘောမျိုးဖြင့်ပြော၏။သို့သော်ရေပတ်ခံမထွက်ချင်ကြောင်း မနက်ဖြန်လဲကြွဘို့ လျှောက်၏။ မိမိသည် ငယ်ရွယ်သူမို့ ပျော်ရွှင်စေလိုသောဆန္ဒကြောင့်ပေါ့။ယ္ခု မူ စင်္ကာပူနိုင်ငံ သို့ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည်ဟုကြားသိရ၏။မတွေ့ရတဲ့ နှစ်ပေါင်းကြာမြင့်ခဲ့ချေပြီ။ယ္ခု..အိန္ဒိယ နိုင်ငံသားတို့မှာကား. ဆေး ကာလာ ရောင်စုံတို့ဖြင့် ပတ်ဖျန်းကြ၏။ တနေကုန်ဆိုင်ကယ်ကြီးငယ်အသွယ်သွယ်တို့ဖြင့် အော်..ဟစ်ခါ ပျော်ရွှင်နေကြ၏။ မြင်ရသူတိုင်းမှာ မျက်နှာတွေဆေးကာလာရောင်စုံတို့နှင့် ရောပြွမ်းလျှက် ညစ်ပေလျှက် အကျီ င်္တွေမှနှင့် ဆံပင်တို့မှာလည်းထိုနည်းတူ။ လမ်းတွေမှာလည်း ဆေးကာလာ ရောင်စုံတို့ဖြင့် တွေ့နေရသည့် မြင်ကွင်း။ မနေ့ညကHOLI နေ့ ရဲ့အကြိုမို့ တဒိုင်း..ဒိုင်း ဖြင့် ဆူညံနေတော့၏။ ဒီနေ့တော့ လမ်းဆုံ နေရာတိုင်းမှာတရားဟောဆရာတို့သည်လည်း မီးများမြိုင်စွာထွန်းလျှက် ဟောနေကြ၏။ တချို့လူငယ်လူရွယ်တို့သည်လည်းဘောက်များတတ်ဆင်ကာ ခုန်ပေါက်ကာ ကနေကြသည် လမ်းဘေးတနေရာမှာ မူးပြီးလဲနေသူတို့လည်းတွေ့ရသည်။ဈေးဆိုင်တို့လည်း ပိတ်ကြ၏။ အနည်းကျဉ်းမျှသာတွေ့၏။ ဒီနေ့ သူတို့ပြောပြောနေသောholiday ဆိုသည်မှာ မထူးတော့မထူးဆန်း သို့သော် အိမ်တိုင်းမှာတော့ လူငယ်လူရွယ်တို့ အိမ်အလည်သွားကြ၏။ လှလှပပ၀တ်ဆင်ကာအမျိုးအိမ်များသို့ သွားကြ၏။အမှန်မှာမုန့်ဘိုးတောင်းကြခြင်းဖြစ်၏။ အချိုမုန့်များဝယ်စားကြ၏။ မိမိ သွားနေကြအိမ်ကတော့ ထူးထူးဆန်းဆန်းအချိုမုန့်တွေ ပုဂံနဲ့ထည့်ကာ ဧည့်ခံ၏။ မိမိမှလည်း “HAPPY HOLIDAY”ဆိုတော့လဲ သပျစ်သီများအမှတ်တရ ၀ယ်ကျွေးခဲ့၏။ အပြန်လမ်းမှာတော့ ဆူညံစွာ ဘောက်ရှေ့တွင်မညီညာသော ဟန်ချက်တို့ဖြင့်မူးယစ်စွာ ကနေသော လူတစု ကိုတွေ့ မိပြန်တော့လည်း.. အော် ..HAPPY HOLIDAY နေ့ဆိုတော့သူတို့သိပ်ပျော်နေကြတာပါလား.ဟု တွေးပြီး မြတ်စွာဘုရားတရားဦးဟောရာ ဓမ္မေခစေတီ အတွင်းမှာတော့လူသူကင်းလျှက် (ဗုဒ္ဒ)ဘာသာတရားကင်းမဲ့သော လူမျိုးနွယ်စု တို့ သန္တာန်မှာ အယူသည်းမှုတွေရောပြွမ်းပြီးဇာတ်နိမ့် ဇာတ်မြင့်ခွဲခြားကာ ဆက်ဆံတတ်သော မဇ္ဈိမသားတွေ၏ အကြောင်းကို မဆီမဆိုင်တွေးရင်း..မြတ်စွာဘုရားသာသက်တော်ထင်ရှားရှိခဲ့ပါလျှင် သူတို့တတွေကို ဘယ်လို ဓမ္မနည်းတွေနဲ့များ သွန်သင်ဆုံးမဟောကြားပြသမှာပါလဲ ဟု တွေးရင်း…
Wednesday, March 7, 2012
"တာဝန်ကိုယ်စီထမ်းရမည်"
လောကမှာ လူသားအားလုံး မိမိတို့နဲ့ ဆိုင်တဲ့ တာဝန်တွေ ကိုယ်စီ ရှိနှင့်ကြပြီးသားပါ။ ကျောင်းသားက စာသင်တဲ့ အလုပ်ကို လုပ်ရသလို ဆရာက စာသင်ပေးတဲ့ အလုပ်ကို လုပ်ရပါတယ်။ အလုပ်သမားက အလုပ်လုပ်ပေးရသလို အလုပ်ရှင်က ကျသင့်သလောက် အခကြေးငွေ ပေးရပါတယ်။ ဈေးရောင်းသူက ပစ္စည်းပေးရသလို ဈေးဝယ်သူက တန်ရာတန်ကြေးပေးရပါတယ်။ ဒါ့အပြင် သာသနာအကျိုး၊ နိုင်ငံအကျိုး၊ အများအကျိုး၊ မိသားစုအကျိုး စသဖြင့် လုပ်ဆောင်နေရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့နဲ့ ဆိုင်ရာဝန်တွေကို ထမ်းရွက်နေရတာပါပဲ။ အဲလို ဆိုင်ရာ ၀န်တွေကို ထမ်းရွက်နေတဲ့ သူတွေကိုပဲ ၀န်ထမ်းလို့ ခေါ်ဆိုကြသလို မထမ်းရွက်နိုင်ရင်တော့ ၀န်ထမ်းအဖြစ် မခေါ်ဆိုနိုင်ပါဘူး။ ၀န်ထမ်း မဟုတ်တဲ့ ၀န်ထုပ်လို့ ဆိုရမှာပါပဲ။ ဒီနေရာမှာ တာဝန်ဆိုတာကလည်း နေရာယူလိုခြင်းသဘောမဟုတ်ဘဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းသဘောသာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှ တာဝန်ရှိတာမျိုးမဟုတ်။ လူတိုင်းမှာ ဆိုင်ရာတာဝန် တွေ ရှိကြပါတယ်။ တာဝန်သိသူတိုင်းမှာ တာဝန်ရှိကြတာချည်း ဖြစ်ပါတယ်။ အသိဉာဏ်ရှိသူကမှ လောကတာဝန်ကို မယူဝံ့လျှင် အသိဉာဏ်မဲ့သူတို့၏ လောကကို ဖျက်ဆီးခြင်းသည် အပြစ်ဆိုဖွယ်ရာမမြင်လို့ ဆိုရမှာပါပဲ။
ယနေ့အခါ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံ ဖြစ်တယ်လို့ အသိအမှတ်ပြု ခံထားရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုက သဒ္ဓါတရား အားကောင်းသလောက် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ဟုတ်- မဟုတ် ဝေဖန်စိစစ်တတ်တဲ့ ပညာဉာဏ်က အားနည်းကြပါတယ်။ ဒါကြောင့် အထူးအဆန်းဆိုရင် သူ့ထက်ငါ ဦးအောင် သွားတတ်ကြတယ်။ ပုဂ္ဂိုလ်ထူးရင် ချည်းကပ်ကြတယ်။ သိချင်တာမေးမယ်။ ဖြစ်ချင်တာတွေ ပြောပြမယ်။ ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြမယ်။ ထို့အတူ ဓမ္မထူးရင် ထိုဓမ္မကို လက်ခံကျင့်သုံးဖို့ ဆည်းကပ်ကြပါတယ်။ ဓမ္မဆိုရာမှာလည်း ကုသိုလ်ဖြစ်ကြောင်း ဓမ္မနဲ့ အကုသိုလ်ဖြစ်ကြောင်း အဓမ္မဆိုပြီး ရှိပါတယ်။ ဓမ္မသည် ကုသိုလ်ဖြစ်ကြောင်း ဖြစ်ပြီး အဓမ္မမှာ အကုသိုလ်ဖြစ်ကြောင်း ဖြစ်တယ်လို့ မှတ်သားနိုင်ပါတယ်။
ဓမ္မသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် (၄၅)၀ါ ကာလပတ်လုံး ဟောကြားခဲ့သည့်အတွက လည်းကောင်း၊ ပရိနိဗ္ဗာန် စံပြီး နောက်ပိုင်းမှာလည်း ဘုရားရှင်ချမှတ် ဟောကြားခဲ့တဲ့ မူအတိုင်း ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ စသဖြင့် ဟောရိုး ဟောစဉ်သာ ဖြစ်တဲ့ အတွက် အထူးအဆန်လို့ မဆိုသာပါဘူး။ အဓမ္မသည် ဘုရားဟောဒေသနာတော် တို့နှင့် ဆရာအစဉ်အဆက် လက်ခံအားကိုးအားထား ပြုခဲ့သော အဋ္ဌကထာ၊ ဋီကာတို့ကို မျက်ကွယ်ပြု ဆန့်ကျင်ကာ အဆန်းထွင်သော ၀ါဒဖြစ်လို့ အထူးအဆန်း ဖြစ်နေပါတယ်။ ထိုအခါမှာ အထူးအဆန်းကြိုက်သူတို့က မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် ဝေဖန်စီစစ်ခြင်းမရှိဘဲ ဆည်းကပ်ကာ နည်းနာနိဿယ ခံယူကြပါတော့တယ်။ ဒါကြောင့် ကျေးဇူးတော်ရှင် ဒီပဲယင်း ဆရာတော်ကြီးက “ဉာဏ်အမြင်နည်း၊ သဒ္ဓါကဲ၊ အလွဲလွဲဖြစ်တတ်သည်” ဟု ဆုံးမထားခြင်းဖြစ်ပါတယ်။ အရှင်ဇ၀န (မေတ္တာရှင်)က “အထူးအဆန်းကို ယုံလျှင် အရူးအနှမ်း ဖြစ်တတ်သည်” ဟု ဆုံးမထားပါတယ်။
နေရာတိုင်းမှာ ဆန့်ကျင်ဘက် သဘောရှိတတ်တာ သဘာဝတရား တစ်ခုပါ။ အတုနဲ့ အစစ်၊ အမှားနဲ့ အမှန်၊ အရှေ့နဲ့ အနောက်၊ အချစ်နဲ့ အမုန်း၊ စသဖြင့် ဆန့်ကျင်ဘက် သဘောတရားတွေကို လူတိုင်း မြင်တွေ့နေကြမှာပါပဲ။ ထို ဆန့်ကျင်ဘက် တွေထဲမှာ ဓမ္မနဲ့ အဓမ္မဆိုတဲ့ ဆန့်ကျင်ဘက် တရားကိုတော့ လူတိုင်းပိုင်းခြား သိစေချင်ပါတယ်။ ပြုသူရှိရင် ဖျက်သူဆိုတာ ရှိသလို ဖျက်သူရှိရင် ပြုပြင်သူဆိုတာလည်း ရှိတတ်စမြဲပါ။ ဖျက်ဆီးသူဟာ ပျက်ဆီးမှုကို ပိုင်ဆိုင်ပြီး ပြုပြင် သူဟာ ကောင်းမွန်မှုကို ပိုင်ဆိုင်ရပါတယ်။ ဖျက်ဆီးသူမဟုတ်ဘဲ ပြုပြင်သူတွေ ဖြစ်စေချင်ပါတယ်။ ဘုရားဟောကြားခဲ့တဲ့ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံခြင်း မရှိဘူးဆိုရင် မိမိကိုယ်တိုင်ပဲ သာသနာကို ဖျက်ဆီးသူဖြစ်မှန်း မသိ ဖြစ်နေတတ် ပါတယ်။ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေမှ တူရာ တရားအစုတွေကို စုးစည်းပြီး ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ် စသဖြင့် ပိဋကတ် သုံးပုံသတ်မှတ်ခဲ့ပါတယ်။ ထိုပိဋကတ်သုံးခုပေါင်းကို ပရိယတ္တိ သာသနာလို့ ခေါ်ပါသေးတယ်။ ဒါကြောင့် ၀ိနည်းတော်အတိုင်း မလိုက်နာရင် ၀ိနည်းပိဋကတ်ကို ပယ်ရာရောက် သလို သာသနာတော်ကို ပုတ်ခက်ရာ ရောက်သွားပါတယ်။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ခုနှစ်ရက်ကြာတဲ့ အခါမှာ အရှင်မဟာကဿဖရဲ့ နောက်လိုက်ရဟန်းတွေက ဘုရားရှင်ပရိနိဗ္ဗာန်စံ ပြီဖြစ်ကြောင်း သိရတဲ့ အတွက် ငိုကြွေးကြပါတယ်။ ဒါပေမယ့် သုဘဒ္ဒဆိုတဲ့ ရဟန်းတစ်ပါးကတော့ ငိုကြွေးခြင်း မရှိပဲ ငိုကြွေးနေတဲ့ ရဟန်းတော်တွေကို- “အရှင်ဘုရားတို့… ၀မ်းမနည်းကြပါနဲ့၊ ဘုရားရှိတုန်းကဆိုရင် ဘယ်ဟာ မအပ်ဘူး၊ ဘယ်ဟာ အပ်တာဆိုပြီး တပည့်တော်တို့ကို ချုပ်ခြယ်နေတာ၊ အခုတော့ ဘုရားမရှိတော့ဘူး။ တပည့်တော်တို့ လုပ်ချင်ရာ လုပ်လို့ ရပြီ၊ တပည့်တော်တို့ လွတ်လပ်ပြီ” ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ပြောခဲ့တယ်။ ဒီစကားတွေကို အရှင်မဟာကဿဖ ကိုယ်တော်ကြိး ကြားတော့- “ဘုရားရှင်ရဲ့ ရုပ်အလောင်းတော် ရှိစဉ်မှာပဲ ဒီလို စော်ကားတဲ့ သာသနာ့ ဆူးငြောင့်ရန်စွယ် အန္တရာယ်ပေါ်လာရင် နောင်အခါ ဒီလို လူစားတွေကြောင့် သာသနာတော်ကြီး ပျက်စီးရချေရဲ့” လို့ ဓမ္မသံဝေဂ ဖြစ်တော်မူခဲ့ပါတယ်။
ထို့ကြောင့် အရှင်မဟာကဿဖ ကိုယ်တော်မြတ်သည် ဘုရားရှင် ကြွင်းကျန်ခဲ့သော ဓာတ်တော်တွေကို ခွဲဝေပြီးချိန်မှာ သံဃာ့ပရိတ်သတ်ကို အစည်းဝေးခေါ်ကာ- “ငါ့ရှင်တို့… ဘုရားဟောထားတဲ့ တရားတော်တွေဟာ မသီကုံးရသေးတဲ့ ပန်တွေလိုပဲ အစီအစဉ်မရှိဘဲ ဖြစ်နေတယ်၊ ပန်းတွေဟာ မသီကုံးဘဲ ထားရင် လေတိုက်တိုင်း လွှင့်တဲ့ အတွက် မကြာခင်မှာပဲ ကုန်သွားနိုင်ပါတယ်။ ဒီလိုပါပဲ… ဘုရားဟောဖော်ခဲ့တဲ့ တရားတော်တွေကို စီကာစဉ်ကာ သဘောတူ ပေါင်းစု မထားဘူးဆိုရင် အဓမ္မ၀ါဒ လေမုန်တိုင်း တိုက်ခတ်လို့ မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အစစ်အမှန်တရားတော်တွေ ပျောက် နိုင်ပါတယ်။ ငါ့ရှင်တို့… ဓမ္မ၀ါဒပဲ ဖြစ်ဖြစ်၊ အဓမ္မ၀ါဒပဲ ဖြစ်ဖြစ် အားကြီးဖို့ အကြောင်းတိုက်ဆိုင်လာရင် အားကြီးလာတတ်တယ်၊ အကယ်၍များ အဓမ္မ၀ါဒတွေ အားကြီးလာမယ်ဆိုရင် တစ်သာသနာလုံး ထိန်းမရ၊ သိမ်းမရအောင် ခက်ကုန်ကြလိမ့်မယ်၊ ဒါ့ကြောင့် အဓမ္မတွေ မထွန်းကားခင်၊ ဓမ္မတွေ မပျောက်ကွယ်ချိန်မှာ သင်္ဂါယနာ တင်ကြပါစို့” လို့ မိန့်တော်မူပါတယ်။
အရှင်မဟာကဿဖရဲ့ သင်္ဂါယနာတင်ဖို့ မိန့်လိုက်တဲ့ သြ၀ါဒကို ကြည့်ခြင်းအားဖြင့် အရှင်မဟာကဿဖဟာ သာသနာတော် အတွက် ကြောင့်ကြမဲ့ မနေခဲ့ပါဘူး။ သာသနာ့ ရန်စွယ်တွေကိုလည်း ဥပေက္ခာပြုလို့ မထားဘူးဆိုတာ ထင်ရှားပါတယ်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်တစ်ရာကျော်လောက် ကြာတဲ့ အခါ ဝေသာလီပြည် ၀ဇ္ဇီုတိုင်းသား ရဟန်းများက- “ရဟန်းများ ရွှေ၊ ငွေ အလှူခံအပ်တယ်။ နေမွန်းလွဲပြီး နေရိပ်လက်နှစ်သစ် လွန်တဲ့အထိ ခဲဖွယ်များကို စားနိုင်တယ်။ သေရည်အနုစား၊ စိမ်ရည်အနုစားကို သောက်သုံးနိုင်တယ်”… အစရှိတဲ့ ၀ိနည်းတော် (၁၀)ချက်ကို ပြင်ဆင်ကျင့် သုံးကြ တယ်။ ဒီသတင်းကို အရှင်မဟာယသ ကြားသိရတဲ့ အတွက်- “ဗုဒ္ဓသာသနာ ပျက်စီးကြောင်းကို ကြားသိရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မတော်ပေဘူး။ ယခုပဲ ငါသွားလို့ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ်အမှန်ကို ပြမယ်” လို့ အကြံဖြစ်ကာ အဓမ္မ၀ါဒီတို့ရဲ့ ဝေသာလီပြည်ကို အဖော်မပါ တစ်ပါးတည်း ကြွတော်မူကာ ရှင်းလင်းခဲ့ပါတယ်။ ဒါဟာ အရှင်မဟာယသရဲ့ သာသနာတော် အပေါ်မှာ ဥပေက္ခာပြု မထားမှုပါပဲ။ သာသနာတော် အပေါ်မှာ လစ်လျှူရှုမနေခဲ့ပါဘူး။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၃၅နှစ်လောက်မှာ သာသနာတော်မှာ ပစ္စည်းလေးပါး ပေါများသလောက် ရသေ့တိတ္တိ တို့မှာတော့ ပစ္စည်းလေးပါးရှားပါးလို့ သာသနာတော်ထဲကို တိတ်တိတ်ပုန်း ၀င်ရောက်လာပြီးတော့ သူတို့ရဲ့ မိစ္ဆာအယူတွေ ကို မစွန့်ပဲ ယူမြဲ ယူထားကြတယ်။ အဲဒီတော့ သာသနာတော်ဟာ မသန့်မရှင်း ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ဟာ ဒီသာသနာ့ ရန်စွယ်တွေကို ဖြေရှင်းဖို့ အတွက် အဓမ္မ၀ါဒီရဟန်းများနဲ့ အပြန်အလှန် အမေးအဖြေ အချေအတင်ပြုလုပ်ပြီး ၀ါဒတစ်ခုချင်းကို အနုစိတ်စီစစ်ကာ ဖယ်ထုတ်တော်မူခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည်လည်း သာသနာတော်ရဲ့ အဓမ္မတွေကို ကြောင့်ကြမဲ့ မနေခဲ့ဘူးဆိုတာ မြင်သာပါတယ်။ အရှင်အရဟံနဲ့ အနော်ရထာတို့လည်း ဆရာဒကာ ညီညွတ်စွာနဲ့ သာသနာ့ ဆူးငြောင့်တွေကို ရှင်းလင်း ခဲ့ကြတာ အားလုံး သိနှင့်ပြီးသားပါ။ ယနေ့တိုင်အောင် ခေတ်အဆက်ဆက်က သာသနာ့ တာဝန်ကို ယနေ့တိုင်အောင် သံဃာတော် အရှင်သူမြတ်များက တာဝန်သိပြီး တာဝန်ရှိသည့် အားလျော်စွာ သာသနာ့ဝန်ကို ထမ်းရွက်နေကြဆဲပဲ ဖြစ်ပါတယ်။
လူများသည်လည်း နည်းလမ်းမှန်ကန်စွာနှင့် ဆရာကောင်းတို့ ထံမှာ ချည်းကပ်ကာ နည်းနာခံယူ တတ်စေချင်ပါတယ်။ ဒါထက်ပိုလို့ ဆရာဒကာ ညီညွတ်စွာနှင့် သာသနာ့ တာဝန်ကို ထမ်ဆောင်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်စေချင်ပါ တယ်။ ဓမ္မ၊ အဓမ္မကို ဝေဖန်ုပိုင်းခြားနိုင်ပြီး ဓမ္မအတွက် တာဝန်သိပြီး တာဝန်ကျေတဲ့ သူများ ဖြစ်စေချင်ပါတယ်။ ဒါသည် သာသနာ့ တာဝန်ကို ယူဝံ့သော ကိုယ်စီတာဝန်သိ စိတ်ပင်ဖြစ်ပါလိမ့်မယ်။
ဓမ္မချမ်းသာကို တွေ့အောင် ရှာနိုင်၍ ဓမ္မက ပေးသော ချမ်းသာအစစ်ကို ရရှိခံစားနိုင်ကြပါစေ…
"ကျွန်ုပ်နှင့် ဂျပါတီ ပြီးတော့ သူတို့မိသားစု"
မိသားစုနှင့်အမှတ်တရပေါ့
ဒီနေ့ အိန္ဒိယနိုင်ငံ ရဲ့HOLI ဟု ခေါ်သော သင်္ကြန်နေ့တည်း။ အမိမြန်မာပြည်လို ရေဖြင့် ပတ်ဖြန်းခြင်းတော့မဟုတ်။ ဆေးကာလာရောင်စုံတို့ဖြင့် ပတ်ဖြန်းကြ၏။ ဦးခေါင်းတွေ အင်္ကျီတွေမှာ ဆေးကာလာတွေနဲ့ရောပြွမ်းနေတဲ့ အိန္ဒိယ နိုင်ငံ၏ သင်္ကြန်ကား ထူးခြားပေစွ။ မိမိလည်းဒီနေ့အတွက်ထူးခြားတဲ့နေ့တနေ့ ဆိုလျှင်လဲမမှားခဲ့ချေ။ အကြောင်းကား အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံး ဂျပါတီကို မိမိသွားနေကြမိသားစုအိမ်မှ မနေ့ညက ပြောလိုက်ခဲ့သည်။ မနက်ဖြန် “ဘန္တေကြီး”ပူတီလာစားပါဟု ဖိတ်ခေါ်ခဲ့သည်။အမိမြန်မာပြည်မှာဆိုလျှင်တော့ပူတီ ဘုဉ်းပေရန်ပင့်ဖိတ်သည်ပေါ့။ ယ္ခု မူ ပူတီလာစားပါ ဆိုတော့လဲ မိသားစုလို ဖြစ်နေသည့်အလျှောက် သွားရောက်ပြီး ဘုဉ်းပေးခဲ့၏။ အား…ပါး…။ဒီနေ့ တယ်ထူးဆန်းနေပါ့လား။ ပူတီကို ပုဂံထဲ၎ ချက်ခန့်လောက်ထည့်ထား၏။ အာလူး ပဲသီးများ ငြုပ်သီးများဖြင့် ရောနှောကာချက်ထားသော ဟင်းတခွက်။ သရက်သီးဖျော်ရည်ကတပုလင်းပေါ့။ အန်ဂူး=သပျစ်သီးကတပုဂံ။ နောက်အိန္ဒိယနိုင်ငံ၏ အားအထားရဆုံးသော မိထား=ဟုဆိုသော မလှိုင်မုန့် အချိုမျိုးစုံဖြင့် ကျွေးမွေး၏။ ဒီနေ့ HOLI ဒေးပေါ့။ မိမိလည်း သူတို့ပြောသောစကားနားလည်သိအခါရှိ၏။နားမလည်သော စကားတို့လည်းရှိ၏။ သူတို့လည်း မိမိပြီးသည်နှင့် ဝေငှ၍ မိန်ရေ ရှက်ရေ စားသောက်နေကြတာတွေ့၍ ပီတိတော့အဖြစ်သား။ သို့သော်..သို့သော်ငြားလည်း..မိမိမှာတော့ နဂိုရ်ကမှ ဂျီးများတတ်သော မိမိအဖို့ ၂ ချက်ခန့်လောက် ကျေနပ်စေရန် ဘုဉ်းခဲ့၏။ ညီမငယ်မှအနားမှနေ၍ ဗဟု ခါးနားဟဲ..ဟု ပြောနေသည်။ မာတာကြီးမှလည်း ဟင်းများကိုထည့်ပေးသည်။သို့သော်မိမိမှာကား..အစာဂျီးများတတ်၍ ပူတီကို စားရေနဲ့မျှောချမိ၏။ သရက်သီးဖျော်ရည်လေးဖြင့် မြိုချရသည်။ မစားတတ်။ ပြီးမှ မလှိုင်မုန့်များ အန်ဂူးခေါ် သပျစ်သီးများကိုများများစားခဲ့သည်။ ဗိုက်တော့ အတင်းသား။မိမိမှလည်း မိသားစု ကို ချိုချဉ်=သကြားလုံး ၇ လုံးခန့်စီဝေငှသည်။ အပြန်လမ်းမှာတော့ ပီတိတို့ဖြင့် အတွေးလေးကို တွေးပြီးပြန်အလာ လမ်းတနေရာအရောက်မှာ “ဘန္တေကြီး”ဆိုပြီး ဆေးကာလာတို့ဖြင့် ပတ်ရန်ကြံရွယ်နေသော လူငယ်တစု မိမိသည်လည်း ဆေးကာလာတွေနဲ့ပတ်ခံရမည်ကို ကြောက်သောကြောင့် နောက်ပြန်လှည့်ပြီး သုတ်ခြေတင်ခဲ့ရ၏။ ဒီနေ့ အဖို့ မဇ္ဈိမသားတွေရဲ့ ပင့်ဖိတ်သော=ပူတီစားရတဲ့နေ့တနေ့တည်း။ လွန်ခဲ့သည့် ၃ နှစ်မှလည်း ၄င်းမိသားစုသည် မိမိအားမြန်မာပြည်အပြန် ခြုံထည်တထည်လှူခဲ့ဘူး၏။ ဒီနေ့သည် အိန္ဒိယနိုင်ငံ၏ HOLIDAY ဖြစ်၏။ မိမိသည်လည်း ထူးဆန်းတဲ့နေ့တနေ့အဖြစ် မှတ်တမ်းတင်လိုက်ပါ၏။ မကြာခင် လမ်းဆုံလမ်းခွ၌ သစ်ပင်ကြီးများ သစ်ခိုင်းများ ထောင်လျှက်ပုံထားကြ၏။ ထို သစ်ကိုင်းကြီးများကို မီးရှို့ကြတော့မည်။ ဘာကိုပူဇော်သည်ဟု မေးကြည့်သောအခါ သရဲကြီးများကို ပူဇော်သည်ဟူသတတ်။
Tuesday, March 6, 2012
မိမိနှစ်သက်သော ဆရာဇော်ဂျီ၏ ကဗျာတပုဒ်
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
စေတီစပါး၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊
လှည့်လည်သွားလျက်၊
မစားလေရ၊ ဝမ်းမဝ၍၊
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့၊
တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်၊
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်၊
သီးနှံချိုပျား၊ များလည်းများ၏၊
များပါလေလဲ၊ တမွဲမွဲနှင့်၊
ဆင်းရဲကာသာ၊ ကာလကြာလျှင်၊
မြင်သာမြင်ရ၊ မစားရ၍၊
တောကပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျှော့လုံ့လ၊
သူကစ၍၊ ငါကအားလုံး၊
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်၊
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့၊
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ၊
ဤယာစပါး၊ ဘယ်သူ့စပါးလဲ၊
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း၊
ဉာဏ်ရှေ့ပန်း၍၊
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။ ။
(ဇော်ဂျီ)
ဒီ ကဗျာလေးကို ဆရာချစ်ဦးညို ရဲ့ စင်္ကာပူစာပေဟောပြောပွဲတွင်ကြားသိရ၍ အလွန်သဘောကျနေမိ၏။ ဇော်ဂျီ ကဗျာထဲမှာတွေ့ခဲ့ရသည်မို့.ဒီpost တင်နေချိန်အတွင်းမှာပဲ စပေဟောပြောပွဲသည် ဖွင့်လျှက်မို့ ဆရာချစ်ဦးညို ပြောသည်။အသိပေးသည်။ မာန်အပြည့်နှင့်စိတ်ဓါတ်တွေကြက်သီးမွှေးညှင်းထလာအောင်ဆွဲဆောင်ခဲ့သည်။
ဆရာဇော်ဂျီ ရေးထားသော ကဗျာတို့သည် တကယ်ပင်မြန်မာပြည်အတွက် ကြိုတင်သိနေခြင်းပေလားမတွေးတတ်ပါ။ မှန်၏။သွေးထွက်အောင်ပင်မှန်နေ၏။