အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Friday, April 6, 2012

“စင်္ကာပူနိုင်ငံ၏ ဒုတိယရက်”

" စင်္ကာပူနိုင်ငံ (MARINENA BAY)တွင်အမှတ်တရ"





ဒီနေ့ မိမိနေရာကျောင်းမှအာရုဏ်ဆွမ်းကို ကြက်သားမြူစွမ်ဘုဉ်းပေးပြီး ကျောင်းဝေယျာဝစ္စလေးများကိုလုပ်ကိုင်ပြီးမနက်(၈)နာရီထိုးသည်နှင့် မိမိနေထိုင်ရာကျောင်းမှ ထွက်ခဲ့သည်။ စင်္ကာပူနိုင်ငံနေ မိမိနှင့်အတူ အိန္ဒိယနိုင်ငံမှထွက်လာသော အရှင်သုန္ဒရ.အရှင်စန္ဒိမာ တို့၏ ရွာသား မောင်မြင့်ထူးမှ စင်္ကာပူနိုင်ငံ လည်စရာများပို့ဆောင်ပေးရန် ကျောင်းသို့ရောက်လာ၏။ ခဏနားပြီးသည်နှင့် ခဏတာလမ်းလျှောက်ပြီး(toa payoh)မြေအောက်ရထားဘူတာမှနေ၍ ရထားစီးကာထွက်လာခဲ့သည်။ မနေ့က မောင်မြင့်ထူးမှ ရထားစီးကဒ်တကဒ်ဝယ်လာပေးသည်မို့အခက်ခဲမရှိလှ .သို့သော်အနေထားပြောမပြထား၍ နောက်မှနေ၍ ဘယ်လိုလုပ်ရမှာလဲလို့မေးခဲ့။ မိမိအိန္ဒိယနိုင်ငံ ကာလကတ္တားမှာမြေအောက်ရထားစီးဘူးသည် ထိုသို့မဟုတ် မိမိသွားလိုသောဘူတာကိုပြောပြီးကျသင့်ငွေပေးစီးရသည်။ကဒ်လုပ်ပုံလုပ်နည်းလဲမတူခဲ့။ကာလကတ္တားမှာက ၄င်းကဒ်ကို ရထားစီးရန်အ၀င်ဝ အပေါက်ထဲသို့ထည့်ရသည်။ပြီးသည်နှင့်နြေ့ပန်နှုတ်ယူရသည်။ အပေါ်ထပ်ရောက်လို့ ၄င်းကဒ်ထည့်ပြီးပါက ပြန်ထွက်မလာတော့ ပြီးဆုံးခြင်းနိဋ္ဌိတံသဘောကိစ္စချောပေါ့။ ဒီမှာက ထိုသို့မဟုတ် ရထားစီးရန်အောက်သို့ဆင်းသည်နှင့် အ၀င်ဝမှာ ၄င်းကဒ်ကို တင်လိုက်ရသည် တံခါးပေါက်ပွင့်စေလိုသောသဘောပေါ့။ ကဒ်ထဲပိုက်ဆံမရှိပါက ၀င်လို့မရ။အခက်ခဲမရှိ ထိုနေရာလေးမှာပဲ စင်္ကာပူဒေါ်လာ..၅ ဒေါ်လာမှစပြီး မိမိကြိုက်သလောက်ထည့်ထားလို့ရ၏။ ဒီနေ့ ရထား ၄ ကြိမ်နီးပါးစီးခဲ့ရ၏။ ငွေစစ်ကြည့်လိုက်တော့ ၄.၃၀ ဒေါ်လာသာရှိတော့၏။ ရှိစေတော့ မိမိရဲ့ အတွေ့အကြုံမရှိ အ သည်ဟူ၍ ထုတ်ဖေါ်ပြောပြမိ၏။ မရှက်နိုင်ပေါင် အတွေ့ကြုံမရှိတော့လဲ အမှန်တိုင်းဝန်ခံမိ၏။ ခုမှရောက်ဘူးသည်ကိုး။ ဘူတာထဲမှ ထွက်သည်နှင့် ရန်ကုန်မိုဃ်း ရန်ကုန်သူမှမဟုတ် စင်္ကာပူနိုင်ငံမိုဃ်းသည်ကားအစိုးမရခဲ့။သဲကြီးမဲကြီးမဟုတ်စေကာမူ အနည်းငယ်များ၏။မိုဃ်းရေပါ၏။ မတတ်နိုင် ရှေ့ကသွားပြန်တော့ ရောက်ဘူးသည့်နေရာမဟုတ်တော့လဲ ရှေ့ကသွားရင်နောက်ကလိုက်ရမှာပဲပေါ့လေ။ မိုဃ်းသည်ခဏတာစဲသွား၏။ ရှေ့မှာဒကာတယောက်လဲမိမိတို့ပို့ရန်စောင့်နေရှာ၏။ မောင်ပြေငြိမ်းပေါ့။ သူတို့လဲအလုပ်ပိတ်ရက်မို့ မမောနိုင်မပန်းနိုင် ငွေကုန်လူပန်းလိုက်ပို့ရှာသည် ကျေးဇူးလဲတင်မိသည်။ မိုဃ်းကားလုံးဝမရွာတော့ လမ်းလျှောက်ရင်း တိုက်တာအဆောက်ဦးတွေ မြင့်မားပုံကြည့်ပြီး မိမိမှာတော့ ဓါတ်ပုံရိုက်သည် ရှေ့ကို မှီအောင်လိုက်ရသည်။ သူတို့သွားနေသည်ကား..Marinena bay.နေရာသို့ဦးတည်လျှက် မိမိညက အိပ်မပျော်လို့စင်္ကာပူနိုင်ငံရဲ့ဓါတ်ပုံများ အင်တာနက်မှရှာကြည့်သည် ညကတွေ့ခဲ့သောနေရာသို့ ရောက်နေချေပြီ။ ရောက်မှရောက်ပါလေစ လို့ အတွေးကို မောင်မြင့်ထူးနဲ့မောင်ပြေငြိမ်းတို့က အတွေးကိုချေဖျက်လိုက်သည်ပေါ့။မြန်မာပြည် ရန်ကုန် ထရိတ်ဒါးဟိုတည်သည်သာလျှင်အမြင့်ဆုံးလို့ ဖြုတ်ဥဏှောက်နဲ့တွေးထင်ခဲ့သည် စင်္ကာပူနိုင်ငံရောက်တော့ ထရိတ်ဒါး သည်..ပျင်းတောင်ပျင်းသေးတယ် လို့ ဆိုလေမလား..။မိုးမျှော်တိုက်ကြီးများတန်းလျှက် မြင်တွေ့နိုင်သည်။ အံသြမိသည်ပေါ့။ ထိုမှာအမှတ်တရဓါတ်ပုံမှားရိုက်ခြင်းများ ကိုယ်စီ ရှုခင်းများကို ငေးမောကာ ကင်မရာဝါသနာပါသော မိမိနေရာလတ်မရှိရိုက်သည်။ ခပ်ဝေးဝေးမှ မြင်ရသော ရှုခင်းတခု ထန်း၃ ပင်စာလောက်မက မြင့်၏။ မောင်မြင့်ထူးတို့ မောင်ပြေငြိမ်းတို့ပြောပြ၏။ အဲဒီပေါ်မှာ ရေကူးကန်တွေ စားသောက်ဆိုင်တွေရှိသည်ဟူ၏။ သူ့ပုံစံကား သင်္ဘောတစီးပုံဖြင့် ပုံဖေါ်ထား၏။ ထိုမှာ စိတ်တိုင်းကျ ဓါတ်ပုံများရိုက်ကြသည်။ လုပ်ထားပုံသည်စနစ်ကျသည်။ ထိုနေရာမှာ ဘောလုံးကွင်းတကွင်းလဲတွေ့ရှိခဲ့သည်။ ထိုမှ ခပ်မြန်မြန်သွားကာ ဆွမ်းစားချိန်သည်နီးသထက်နီးလာပြီမို့ မြန်မာအစားအသောက်ရှိရာ မြန်မာတို့အနေများသည့်(peninsula plaza)  သို့ ဆွမ်းစားရန် ခပ်မြန်မြန်လျှောက်ခဲ့ရသည်။ရောက်ခဲ့ပါပြီ.မြနန္ဒာထမင်းဆိုင်တဲ့..၀င်လိုက်သည်နှင့် မြန်မာထမင်း.ဟင်း အနံ့တို့ဖြင့် နှာခေါင်းကိုမိတ်ဆက်လိုက်သည်။ဗိုက်ပိုလို့ဆာလာသည် အစတော့ ရှုခင်းတွေ ရိုက်လို့နေချိန်မှာ ဘာမှမသိသာခဲ့။မောင်ကျောင်းသားတို့မှ အအေးကပ်မည်ပြောတာကို လက်မခံခဲ့ပါ။ယ္ခုမူ ဗိုက်ဆာလာသည် ဆိုင်ထဲဝင်ရောက်သည်နှင့် ခုံအသီးသီးသို့နေရာယူကာ စားသောက်နေကြ၏။ အတော်များများတွေ့ရ၏။ တချို့လဲ မိမိတို့အားကြည့်ရင်းပြုံပြလျှက် မောင်ကျောင်းသားတို့ လင်ပန်းဖြင့်မကာယူလာပြီ ကြက်သားဟင်း ပုဇွန်ဟင်း ပဲကြီးနှပ် ငါးပိရေ တို့စရာအရည်သောက်တခွက် ငါးဖောင်ရိုးချောက်ကြော် မိမိတို့၃ ပါး လိုက်ပွဲတပွဲစီဖြင့် ဘုဉ်းပေးလိုက်သည်နှင့် ပြည့်စုံသွား၏။စင်္ကာပူနိုင်ငံမှာ မြန်မာအစားစာရခြင်းသည် ရွှေမြန်မာတို့ ဈေးလဲသက်သာ စားလို့လဲအဆင်ပြေစေသည်။ ဆွမ်းစားနေဆဲ ဖုန်းဝင်လာသည် အမိမြန်မာပြည်မှ မကြည်ကြည်လွင်၏ တူမ မစုလေး သည်စင်္ကာပူနိုင်ငံ၌ အလုပ်လုပ်နေ၏။မိမိအား စင်္ကာပူဒေါ်လာ ၁၇၀ လာလှူရန်ဖုန်းလာ၏။ဘယ်ရောက်နေတာလဲဘုရား..ဦးဇင်းတို့ ခု (peninsula plaza)ဆွမ်းဘုဉ်းနေကြောင်း သူမကြာခင် ရောက်လာမည်ဖြစ်ကြောင်း သူသည်လည်း ဂျပန်နိုင်ငံသို့သွားရန်အလုပ်တွေ ရှုတ်နေသည့်အကြားမှ အဒေါ်ရဲ့ ပြောဆိုညွှန်ကြားမှုကြောင့် လာရောက်တွေ့သည်ဖြစ်ကြောင်း ခဏတာမျှ စကားပြောပြီးစာအိပ်လေးကပ်ခါ အလုပ်ရှိလို့ ပြန်တော့မည်ဘုရား ဟု ပြောကာ ပြန်သွားခဲ့သည် အမှတ်တရ ဓါတ်ပုံတောင်မရိုက်မိလိုက်ပါ။ ဆွမ်းဘုဉ်းပြီးသည်နှင့် နောက်ထပ်တနေရာပို့မည်ဖြစ်ကြောင်း နောက်တနေရာကား မိမိတို့နှင့်တော့မဆိုင် (CASINO)သို့ ကားငှားကာ သွားခဲ့ကြသည်။ ရောက်ပါပြီ (CASINO)အထဲသို့ ၀င်လိုက နိုင်ငံခြားသားဆိုရင် အခမဲ့ သင်လို့ရသည်ဟူ၏။ ထိုအထဲမှာ လောင်းကစားဝိုင်းမှားသာဖြစ်ကြောင်း အထဲသို့ဝင်လိုလျှင်လဲ မိမိတို့စီးလာသောဖိနပ်နှင့်ဝင်ခွင့်မပြုဆို၏။ ၀င်လဲမ၀င်လို အပြင်မှနေ၍ ဓါတ်ပုံရိုက်သည် အပန်းဖြေနေရာများဖြစ်နိုင်သည်။ ဒေါ်လာပေါများသူအဖို့ ဒိနေရာမှာလာပြီးဖြုန်းတီးကြသည်။ဟု မောင်ကျောင်းသားတို့မှပြောပြသည်။ ထိုမှဆက်လက်ပြီးအပေါ်တတ်ကာ (SENTOSA) မှာလည်းလျှောက်ကြည့်ကြသည်မှတ်တမ်းတင်ဓါတ်ပုံမှားရိုက်ကြသည်။ ထိုနေရာအရောက်မိုဃ်းအနည်းငယ်ကျလာသည်။universal ဆိုသည်ကိုလည်းတွေ့ရှိရသည်။ ဗွီဒိယို များကိုဘယ်လိုရိုက်သည် သိခွင့်ရနိုင်သည်။သို့သော် ၀င်ကြေး စင်္ကာပူဒေါ်လာ(၇၀) ဆိုလို့မ၀င်ဖြစ်ခဲ့။ ထိုမှတဖန် (UNDER WATER)ရေအောက်ကမ္ဘာသို့ သွားခဲ့ပြန်သည်။ တော်တော်လဲထူးဆန်းသည် ၀င်ကြေး စင်္ကာပူဒေါ်လာ၂၅ ဖြစ်သည်။ အောက်ထဲသို့ဝင်ကြည့်လေ့လာသည် စင်္ကာပူဒေါ်လာ၂၅ တန်အောင်လှည့်လည်ကြည့်ရှုသည် အံ့မခန်းစရာ ငါးတွေ မိမိခေါင်းပေါ်မှာပြေးလွားနေသည်။ဘေးမျက်နှာမှာလဲ ပြေးလွှားနေလျှက် ကြည့်နေစဉ် တနေရာထဲ ပြုံမနေနိုင်အောင် ဓါတ်ကြိုးဖြင့် လှည့်လည်စေသည်။တနေရာထဲစုဝေးမှုမဖြစ်စေရန် ကောင်းလိုက်သည့်အကြံ နေရာတိုင်းမှာအံ့သြစရာတွေချည်းဖြစ်သည်။ အစိုးရသည် အတော်လေးကြိုးစားကာပြည်သူလူထုတွေအပေါ် ကြည့်ရှာသည်။ ထိုမှ ဆက်လက်၍ လင်းပိုင် နှင့် ဖျံလေးတို့ရဲ့ အလိမ္မာပြကွက်များပြသသည့်နေရာသွားကြည့်မိသည်။ လူအတော်များများကြည့်ရှုအားပေးကြသည်။ မိမိတို့အဖွဲ့အတော်ပင်ပန်းနေကြပြီ လမ်းလျှောက်သည့်နေရာများခဲ့သည်။ ထိုမှာ စင်္ကာပူကမ်းခြေအလှကိုလဲသွားရောက်လေ့လာမိသည်။ ရုံးပိတ်ရက်မို့ လူအတော်များများကမ်းခြေမှာပျော်ပွဲရွှင်ပွဲများဖြင့် ကစားနေကြသည် အထူးသဖြင့်တရုတ်လူမျိုးအများစုဖြစ်နိုင်သည်။ ဖီလစ်ပိုင်.နေပါလီ.မြန်မာအချို့အနည်းငယ်တွေ့ရသည်။ ဥရောပလူတစုမှာ သဲများကိုတူးပြီး ဦးခေါင်းလေးဖေါ်ရုံသာဖေါ်ထားပြီး နေပူလှန်းသည်လား..ရာသီဥတုပူလို့လားမဝေခွဲတတ် တွေ့ရှိခဲ့သည်။ မိမိတို့မှာတော့ ရေပေါ်တံတားကိုကူးကာ ပင်လယ်ပြင်လေကိုရှုရှိုက်ပြီး ခပ်ဝေးဝေးမှမြင်နေရသော သင်္ဘောကြီးများကိုငေးလျှက် မှုန်ပြပြမြင်တွေ့ရသော ကျွန်းတကျွန်းကိုလည်း ကြည့်ကာ မောင်ကျောင်းသားမှ လာကပ်သော ကျွဲရိုင်းဖျော်ရည်ကိုသောက်လျှက်..ခရုကောက်နေကြသော တရုတ်မလေးများ ရေချိုးနေကြသော လူပေါင်းစုံ အလွှာပေါင်းစုံတို့သည်လည်း အအေးဓါတ်ကိုခံယူရင် ပင်လယ်လှိုင်းလုံးကြီးများ စီးနေသူတို့သည်လည်း ပျော်ရွှင်နေကြသည်ကိုမြင်မိပြန်တော့ မိမိတို့အဖို့မှာတော့ ပျော်ရွှင်မှုလေးများ ကို သူတို့ကိုကြည့်ပြီး ပီတိ အပြုံးလေးတွေဖြင့် ပြုံးကာ ညောင်းညာမှုပြေပျောက်ပြီမို့ မိမိတို့နေရာသို့ ပြန်ရန် ခေတ်မှီသော လိုင်းကားပေါ်တတ်လို့ ဘယ်လောက်လဲလို့ မောင်ကျောင်းသားမေးကြည့်တော့ အခမဲ့ ဟူသတဲ့။ ထိုမှ မြေအောက်ရထားစီးသည်။ တနေရာရောက်သည် ဆင်းပြန်သည်။ မြေအောက်ထဲပြန်ဆင်းပြန်သည် ပြန်စီးပြန်ပြီ ထိုနေရာမှ(under water) မှ လိုင်းကား တခါ။  မြေအောက်ရထား ၂ခါစီးရသည်။ တနေရာမှာ မောင်မြင့်ထူးတယောက် သင်လို့မရ။သူ့ရထားစီးကဒ်သည် ငွေကုန်နေလေပြီ ချက်ချင်း ၁၀ ဒေါ်လာထည့်သည် ရသည်။မောင်မြင့်ထူးတယောက် သူ့သူငယ်ချင်းမင်္ဂလာဆောင်ဖိတ်ထားသည်ဟု ပြော၍ လမ်းတ၀က်တွင်ကျန်ခဲ့ပြီး သူ့သူငယ်ချင်းမင်္ဂလာဆောင်ဆီိသို့ အပြေးလွှားသွားလျှက်ကျန်ခဲ့သည်။ အပြန်လမ်းမှာမောင်ပြေငြိမ်းတယောက် မိမိတို့အား(toa payoh) ထိအောင်လိုက်ပို့ခဲ့သည်။ တသက်မမေ့နိုင်ပါဘူး မောင်ကျောင်းသားတို့ရေ…..။မောင်ကျောင်းသား ၂ယောက်အား ဤ post ဖြင့်ကျေးဇူးအထူးတင်ရှိပါတယ်ဆိုတာ….။

No comments:

Post a Comment