အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)
Wednesday, November 30, 2011
အုဋ္ဌ်လမ်းက ကြီးတော် တဲ့
ပျင်းပျင်းရှိတာနဲ့ မိမိထံမေးများအလွန်များနေ၍ မေးစစ်ရင်း ဟာသလေးတခု တွေ့မိတာနဲ့ မိမိဘလော့ရောက်လာသူများအပျင်းပြေစေဘို့ ရည်ရွယ်ပြီး ဤ post လေးကို တင်လိုက်တာပါ.
                                  မေးကနေတွေ့ရှိ၍...
တစ်နေ့ ကိစ္စရှိလို့ မြို့ထဲ အသွား သူငယ်ချင်းတစ်ယောက်ကကျွန်တော် ကို ဖုံးလှမ်းဆက်တယ်..။" ဟေ့ကောင် online တတ်ခဲ့ဦး..."တဲ့။ဒါနဲ့ ပြန်ပြောလိုက်တယ်.." ဟာ..အိမ်မှာ မဟုတ်ဘူးကွ..မြို့ထဲရောက်နေတယ် "ဆိုတော့.." ရောက်ရာ အရပ်က တတ်ခဲ့ကွာတဲ့.."။ဒါနဲ့ နီးစပ်ရာ မြန်မာဆိုင်ကနေ online တတ်ပြီး သူငယ်ချင်းနဲ့ စကားပြောနေတုန်း...ဆိုင်ထဲကို ယောင်လည်လည် နဲ့ "တ၀မ်းပူ"လေးတစ်ကောင်ဝင်လာတယ်..။ (တ = တောသား)ပြီးတော့ ဆိုင်ရှင် အကိုကြီးကိုပြောတယ်..."အကို ကျွန်တော် ကြီးတော် နဲ့ ပြောလို့ရမလား" တဲ့.။ဆိုင်ရှင်အကိုကြီးမပြောနဲ့ ကျွန်တော်တို့တောင်မှ ကြောင်သွားတယ်..။ဆိုင်ရှင် အကိုကြီးက " ဘာ..ဘာဗျ..".ဆိုတော့" ကျွန်တော့်ကြီးတော် နဲ့ ပြောချင်လို့လေ.." တဲ့..ထပ်ပြောတယ်...။ဟာ..မင်း..ကြီးတော်နဲ့ ပြောတာ ငါတို့က ဘယ်လိုလုပ်သိမှာလဲ..။ မင်းဖာသာ မင်းပြောပေါ့ကွ..ဆိုတော့..သူက ဟာ..ကျွန်တော် မသိလို့ ခင်ဗျားကိုမေးတာပေါ့ဗျ...။ဒါနဲပဲ မနေနိုင်မထိုင်နိုင် ၀င်မေးမိတော့.." နေပါဦးကွ..မင်း ကြီးတော်က ဘယ်မှာနေတာလဲ.." ဆိုတော့မှ...အဖြစ်မှန်ကိုသိရတော့တယ်...။" ကျွန်တော် ရွာက ထွက်လာတော့ ရန်ကုန်မှာတည်းတဲ့ ဘကြီးဘုန်းကြီးက ပြောလိုက်တာလေ..မင်း မလေးရှားရောက်ရင် ဖုန်းပြောတာက ဈေးကြီးတယ်...။အင်တာနက်ဆိုင်ကို ရှာပြီးသွား..ပြီးရင် ကျွန်တော် ကြီးတော် ပြောချင်လို့ပါဆို သူတို့ လုပ်ပေးလိမ့်မယ်...တဲ့ "။အဲတော့မှပဲ..ကျွန်တော်တို့ အပတ်လည်တော့တယ်ဗျာ....။သူပြောချင်တဲ့...ကြီးတော် ဆိုတာ...ဂျီတော့ပ်(Gtalk) ကိုးဗျ...။ဂျီတော့ပ်(Gtalk) တောင်မှ ကြီးတော် ဖြစ်အောင် လုပ်တဲ့လူတွေ...။နောက်ပြီးတော့ သူဆက်ပြောတဲ့ စကားကြားတော့ မှ ကျွန်တော့်တို့ လဲ ပက်လက်လန်တာပါပဲ..။" အင်း ဘကြီးဘုန်းကြီးက ပြောလိုက်သေးတယ်...သူက အမြဲတမ်း အုတ်လမ်း မှာရှိတယ်တဲ့ .. မင်းလာချင်တဲ့ အခါ လာခဲ့တဲ့..။"သူပြောချင်တာ သူငယ်ချင်တို့လဲ သဘောပေါက်မှာပါ....။ဘုန်းကြီးက online မှာ အမြဲရှိတယ်လို့ပြောချင်တာနေမှာပါ..။သူလုပ်တော့မှပဲ ဘုန်းကြီးလဲ အုတ်လမ်းတွေ တွယ်တတ်နေရပြီလေ..။ဒါကြောင့်မို့ပေါ့..သူငယ်ချင်းတို့ရေ....မင်းတို့ ၊ ငါ့တို့တွေလည်း နေ့တိုင်း ကြီးတော် နဲ့ ပြောရဖို့ အုတ်လိုင်း ကို တွယ်တတ်နေကြရတာ မဟုတ်ဘူးလားကွာ...။    ။
ထူးဆန်းပါဘိ...ရှားပါးမိခင် တို့ရယ်.
                      ကလေး ရှစ်မွှာပူးမိခင်
ကလေး ရှစ်မွှာပူးမိခင်
အမေရိကန်နိုင်ငံ - ကယ်လဖိုးနီးယားပြည်နယ်မှာ ရှိတဲ့  Nadya Suleman ဆိုတဲ့ အမျိုးသမီးဟာ ... သူမယောင်္ကျားနဲ့  1999 ခုနှစ်မှာ ကွာရှင်းပြီးတဲ့နောက်ပိုင်း ကလေးလိုချင်လာပါတယ် ...
အဲဒီနောက် David Solomon ဆိုတဲ့ သုတ်ပိုးလှူတဲ့ အမျိုးသားဆီမှ သုတ်ပိုးရယူပြီး ကိုယ်ဝန်ဆောင်ခဲ့ရာကနေ.. မထင်မှတ်ပဲ ၈ မွှာပူးကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ် ....
သူမဟာ 2009 ခုနှစ် ဇန်န၀ါရီလမှာ ရှစ်မွှာပူးကို မွှေးခဲ့ပါတယ်... သူမဟာ ကမ္ဘာမှာဒုတိယမြောက် ရှစ်မွှာပူးကိုယ်ဝန်ဆောင်ခဲ့သူဖြစ်ပါတယ် ..
ခု ရှစ်မွှာပူးကလေးတွေကိုတော့ sulemom octuplets လို့ ခေါ်ပါတယ် ...
( ပုံထဲ က ဗိုက်ကြီးက အကြီးကြီးနော် :P )
ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )
ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )
တစ်လခွဲအကြာ မေလ 14 ရက် 1939 ခုနှစ်မှာ သူမဟာ ၆ ပေါင်ရှိတဲ့ ယောင်္ကျားလေးကို ခွဲစိတ်ပြီးမွေးဖွားခဲ့ပါတယ်....
ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇၀ )
ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇၀ )
ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် )
ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် )
ယခု ခေတ်သစ် ကလေးအများဆုံးမွေးသူ အဖြစ်စံချိန် တင်ထားရသူကတော့ Leonitan Albina ဆိုတဲ့ San Antonio ပြည်နယ် Chile က အမျိုးသမီးဖြစ်ပါတယ် .. သူမဟာ တရားဝန် ၅၅ ယောက်တိတိမွေးပြီးဖြစ်ပြီး ၆၄ ယောက် မွေးဖို့  ရည်မှန်းထားတယ်လို့ ဆိုပါတယ်....
ကမ္ဘာ့ပထမဆုံး အမျိုးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
ကမ္ဘာ့ပထမဆုံး အမျိုးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
Oregon ပြည်နယ်က Thomas Beatie ဆိုတဲ့အမျိုးသားဟာ အမျိုးသမီးအဖြစ်မှ လိင်ပြောင်းကုသမှူခံယူပြီး အမျိုးသားဘ၀ သို့ ပြောင်းလဲထားသူ ဖြစ်ပါတယ် ...
ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇၀ နှစ် )
ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇၀ နှစ် )
ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကလေး အငှားမွေးသူမိခင် ဖြစ်တဲ့ Carole Horlock ( အသက် 42 နှစ် ) ဟာ ၁၃ နှစ်အတွင်း ကလေး ၁၂ ယောက်ကို အငှားကိုယ်ဝန်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ် ။ သူမဟာ ၃ မွှာပူးအပါအ၀င် ကလေးများကို အငှားကိုယ်ဝန်ဆောင်ခဲ့သူ အဖြစ် စံချိန်တင်ခဲ့ပါတယ်...သူမဟာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ခ ဒေါ်လာ 25.000 မှာ 30.000 အထိ ရပါတယ်...
ကမ္ဘာ့အသေးဆုံးမိခင် 
ကမ္ဘာ့အသေးဆုံးမိခင်
ကမ္ဘာ့အသေးဆုံးမိခင် နှစ်ယောက်ရှိပါတယ် ပထမ တစ်ယောက်ကတော့ ၂ ပေ ၄ လက်မသာရှိတဲ့ Stacey Herald ဖြစ်ပါတယ် ... သူမဟာ ကိုယ်ဝန်ဆောင်ခြင်းဟာ သေစေနိုင်မယ်လို့  ဆရာဝန်တွေ အတန်တန် တားတဲ့အထဲက ကလေး နှစ်ယောက်ကို မရမက မွေးထားပြီးဖြစ်ပြီး ခု တတိယမြောက်ကိုယ်ဝန်ဆောင်ထားပါတယ် ...
ဒုတိယမြောက် အသေးဆုံးမိခင်က တော့် ၂ ပေ ၉ လက်မ ရှိတဲ့ Cristianne Ray ဖြစ်ပါတယ် .. သူမ ဟာ Kyrsten Bowden ဆိုတဲ့ ကလေးတစ်ယောက်ကို မွေးထားပါတယ် ။
ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်
ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်
Mahajabeen Sheikh ဆိုတဲ့ အမျိုးသမီးဟာ စက်တင်ဘာ 19 ရက် 2004 မှာ  Rumaisa Rahman ဆိုတဲ့ ၁၀ လက်မ - 8.6 အောင်စ ရှိတဲ့ မိန်းကလေးကို  Loyola University Medical Center မှာမွေးခဲ့ပါတယ် ...
Rumisa Rahman ဆိုတဲ့ ကလေးလေးနဲ့  ၁ ပေါင် ၄ အောင်စ ပါတဲ့ Hiba ဆိုတဲ့ အမွှာယောင်္ကျားကလေးတစ်ယောက်ကိုပါ မွေးခဲ့တာပါ.. ။။
ဟို ကြာခဲ့ပါပြီ..လေ ဖတ်စေခြင်သော မြင်စေခြင်သောသမ္မာဆန္ဒလေးတွေနဲ့ တင်ပေးလိုက်တာပါ..။
၂၀၀၉ လောက်က မေးထဲကို ရောက်လာတာပါ..။ -- 
Tuesday, November 29, 2011
အစေခံဘ၀မှသမ္မတဖြစ်လာခဲ့သူ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အနီးရှိ တောရွာလေးတစ်ရွာတွင် Garfield ကို ၁၇၉၉ ခုနှစ် တွင် ဖွားမြင်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ်တွင် Eliza ဆိုသူ သူ၏သူငယ်ချင်းနှင့် လက်ထပ် ထိမ်းမြားခဲ့ပါသည်။
ဂါဖီးတို့ ဇနီးမောင်နှံသည် သစ်ခုတ်ခြင်းလုပ်ငန်းဖြင့် ပင်ပန်းဆင်းရဲစွာ အသက်မွေး ၀မ်းကြောင်းရသည်။ သူတို့၏ တဲအိမ်ငယ်လေးထဲတွင် မိသားစုပျော်ပျော်ပါးပါးနေထိုင်ခဲ့ကြပြီး သားသမီး ၃ ယောက်ထွန်းကားခဲ့လေသည်။ တိုင်းပြည်မတည်ငြိမ်မှုကြောင်း Orange မြို့အနီးသို့ ပြောင်းရွှေ့နေထိုင်သည်။ ထိုနေရာသည် တစ်အိမ်နှင့်တစ်အိမ်အလွန်ဝေးကွာသည်။ သူတို့အိမ်နှင့် အနီးဆုံးအိမ်ပင်လျှင် ၇ မိုင်ခန့်ကွာဝေးလေသည်။ အမေရိကန်ပြည်ထောင်စု၏ ၂၀ ယောက်မြောက် သမ္မတဖြစ်လာမည့် James Abram Garfield ကို ၁၈၃၁ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဂါဖီးတို့ ဇနီးမောင်နှံ၏ စတုတ္ထမြောက်သားအဖြစ် မွေးဖွားခဲ့လေသည်။
James Abram Garfield အသက် တစ်နှစ်ခွဲခန့်တွင် တောမီးလောင်သောအခါ နေအိမ်မှာ မီးထဲပါ သွားသောကြောင့် ဒုက္ခကြီးစွာ ခံစားကြရလေသည်။ တောမီးသည်အစွမ်းကုန်လောင်ကျွမ်းသဖြင့် ဖခင် ဂါဖီးသည် ဇနီးနှင့်သားသမီးများ၏ အသက်ကို ကယ်တင်ရင်း မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း မီးလောင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့လေသည်။ ဖခင်သည် ထိုစဉ်က အသက် ၃၂ နှစ်မျှသာ ရှိသေးသော ကြောင့် သားသမီး ၄ ယောက်နှင့် မိခင်မုဆိုးမသည် ထိုနေရာတွင်ပင် တဲထိုးကာ ဘ၀ကို လှုပ်ရှားရုန်းကန်ခဲ့လေသည်။
မိခင်ဖြစ်သူသည် သားသမီးများကို ထမင်းနှစ်နပ်ကျွေးပြီး၊ မိမိကိုယ်တိုင်ကမူ ထမင်းတစ်နပ်သာစားပြီး ဆင်းရဲမှုကို ခါးစည်းခံခဲ့လေသည်။ သို့သော်ဆင်းရဲသည့်ဒဏ်ကို မခံနိုင်သည့်အတွက် အနီးဆုံးရွာလေး တစ်ရွာသို့ပြောင်းရွှေ့ နေထိုင်ခဲ့လေသည်။
James Abram Garfield သည် အသက် ၄ နှစ်အရွယ်တွင် ကျောင်းနေခဲ့ရပြီး၊ မိခင်ဖြစ်သူကလည်း ကြပ်မတ်သင်ကြားပေးသောကြောင့် စာရေး၊စာဖတ်ကျွမ်းကျင်စွာတတ်မြောက်ခဲ့လေသည်။ မိခင် ဖြစ်သူသည် ကျောင်းအားချိန်များတွင် စာများများဖတ်ရန် အမြဲတိုက်တွန်းလေ့ရှိသောကြောင့် မိခင်၏ စကားအတိုင်း စာဖတ်ခြင်းကို လိုလိုလားလားလုပ်ဆောင်ခဲ့လေသည်။
James Abram Garfield အသက် ၁၂ နှစ်အရွယ်တွင် အစ်ကိုကြီးဖြစ်သူ အလုပ်လုပ်ကိုင်ရန် အိမ်မှထွက်သွားသဖြင့် ကျောင်းမှ ထွက်လိုက်ရသည်။ လူကြီးတို့၏လုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်ရသောကြောင့် ပင်ပန်းဆင်းရဲသော်လည်း အချိန်ရသမျှ စာဖတ်ခြင်းဖြင့် ပညာရှာခဲ့ လေသည်။
James Abram Garfield က ပင်ပင်ပန်းပန်းလုပ်ကိုင်နေရခြင်းမှာ ပညာမရှိ၍ဖြစ်ကြောင်း သဘောပေါက်ပြီး ပညာတတ်မှဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့လေသည်။
James Abram Garfield ၏ ပညာရှာပုံမှာ အလွန်အတုယူဖွယ်ကောင်းသည်။ ၀တ္တရားအရ လုပ်နေသည်မဟုတ် စိတ်ရောကိုယ်ပါ လေ့လာသည်။ အလုပ်လုပ်ရာတွင်လည်း ဤအတိုင်း ကျင့်သုံးသည်။ အိမ်နားနီးချင်းထံမှ လက်သမားပညာကိုလည်း စိတ်ပါလက်ပါ သင်ယူပြီးလုပ်ကိုင် သည်။ ကြိုးစားအားထုတ်ခြင်း၊ ၀ိရိယထားအလုပ်လုပ်ခြင်း၊ ဇွဲကောင်းခြင်း တို့ကြောင့် လူအများ၏ ချီးကျူးခြင်းကို ခံယူခဲ့ရသည်။
အသက် ၁၅ နှစ်အရွယ်တွင် ဆားရုံတွင်အလုပ်လုပ်ကိုင်သည်။ အလုပ်တာဝန်များကို အထူးကျေပွန် အောင်ဆောင်ရွက်သည့်အတွက် အလုပ်ရှင်၏ ကျေနပ်နှစ်သက်မှုကို ခံရလေသည်။ တစ်ညတွင် စာဖတ်နေစဉ် စာထဲတွင် နစ်မျောနေသဖြင့် ညည့်နက်သွားလေသည်။ ထိုအချိန်တွင် ပိုရှင်၏ သမီးဖြစ်သူက "ဒီအချိန် အစေခံတွေ အိပ်ရမယ့်အချိန်" ဟု အထက်စီးဖြင့် အပြောခံရသည်။ "အစေခံ" ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရသည်နှင့် နှလုံးသားကို အပ်သွားဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။ အိပ်ယာထဲရောက်သော်လည်း နားထဲမှာ ပြန်လည်ကြားယောင်ရင်း "အစေခံ"ဘ၀ မှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို တွေးတောစဉ်းစားရင်း မိုးစင်စင်လင်းခဲ့ရသည်။ နောက်ရက်တွင် ဆားရုံပိုင်ရှင်ထံ မရမက ပြောဆိုပြီး အလုပ်မှနှုတ်ထွက်ခဲ့လေသည်။
အိမ်ကို ပြန်ရောက်သောအခါ လုပ်အားခရခဲ့သော ငွေများကို မိခင်ထံအပ်နှံသည်။
အသက် ၁၆ နှစ်အရွယ်
"အမေ…၊ကျွန်တော် အစေခံဘ၀နဲ့ တစ်သက်လုံးမနေနိုင်ဘူး၊ ဒီနိုင်ငံမှာ ထင်ရှားတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်"
"ငါ့သား….လောကမှာ ရည်ရွယ်ချက်ပေါက်မြောက်အောင် လုပ်ဆောင်ဖို့ဆိုတာ ကြိုးစားအားထုတ်မှု က အဓိကဖြစ်တယ်၊ မင်းအဖေ မင်းတို့ငယ်ငယ်က ဆုံးမခဲ့တာ မှတ်မိသေးလား၊ လိုလျှင်ကြံဆ နည်းလမ်းရ၊ လုံ့လ၀ီရိယရှိသူတွင် မပြီးစီးသော အလုပ်မရှိဆိုတာလေ၊ ဖြစ်မြောက်အောင်ကြိုးစား အားထုတ်ပါသားရယ်"
James Abram Garfield သည် သစ်ခုတ်သမားအလုပ်၊ လယ်သမားအလုပ်များကို လုပ်ကိုင်သည်။ သင်္ဘောသားအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ အလုပ်ပန်းသည်ဟု မညီးတွား၊ အလုပ် ကြီးသည်၊ ငယ်သည်မခွဲခြား၊ သေသေချာချာစေ့စေ့စပ်စပ် လုပ်ကိုင်သည်။ သူအလုပ်လုပ်သည့်ကာလ တစ်လျှောက်လုံး စာဖတ်တော့လုံးဝအပျက်မခံခဲ့ပေ။
ငယ်စဉ်ကနေခဲ့သည့်အိမ်
သင်္ဘောသားအလုပ်ကို ၃ လခန့်လုပ်ကိုင်စဉ်အတွင်း ရေထဲသို့ ၁၄ ကြိမ် ကျခဲ့လေသည်။ သေတွင်းမှ သီသီလေးလွတ်ခဲ့လေသည်။ နောက် ကျန်းမာရေးမကောင်းသောကြောင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူက ကျောင်းပြန်တက်ခိုင်းသဖြင့် ကျောင်းပြန်တက်ခဲ့လေသည်။
ကျောင်းပြန်တက်ခဲသော်လည်း အလွန်ဆင်းရဲလှသဖြင့် ကျောင်းစရိတ်ရရန် ညနေနှင့် စနေ၊ တနင်္ဂနွေ နေ့များတွင် လက်သမားအလုပ်ကို ၀င်ရောက်လုပ်ကိုင်သည်။ အခြားကျောင်းသားများကဲ့သို့ ၀တ်ဆင်နိုင်ခြင်းမရှိဘဲ ၀တ်ထားသောဘောင်းဘီပင်သူ့မှာ အပိုမရှိရှာပေ။ တစ်ခါတစ်ရံတွင် ထမင်း မစားရသည့်ရက်များပင်ရှိခဲ့သည်။ ကျောင်းရက်ရှည်ပိတ်သောအခါ အပိုဝင်ငွေရရန် ရွာထဲမှ ကလေးများကို စာသင်ပေးသည်။ ဤမျှခက်ခက်ခဲခဲဖြင့် ပညာသင်ကြားရင်း သိပ္ပံကျောင်းဆက်တက် နိုင်ရန် လမ်းမမြင်နိုင်ဟုတွေးကာ စိတ်ပျက်နေစဉ် ဆရာတစ်ဦး၏ အားပေးမှုကြောင့်၊ နည်းလမ်းမှန်ကို ညွှန်ပြနိုင်မှုကြောင့် ပညာကို ဆုံးခန်းတိုင်အောင် သင်ယူမည်ဟု ဆုံးဖြတ်ချက်ချခဲ့လေ၏။
သိပ္ပံကျောင်းသို့ရောက်သောအခါတွင်လည်း ပညာသင်ကြားရင်း ကျောင်းတက်ကျောင်းဆင်းချိန်များ တွင်ခေါင်းလောင်းထိုးပေးခြင်း၊ စာသင်ခန်းများတွင် အမှိုက်လှည်းရခြင်း၊ ကျောင်းအားရက်များတွင် လက်သမားအလုပ်ကို လုပ်ကိုင်ခြင်း စသည်ဖြင့် ၀င်ငွေရှာပြီးကျောင်းတက်ခဲ့ရလေသည်။ ၁၈၅၆ ခုနှစ်တွင် သိပ္ပံကျောင်းမှ အောင်လက်မှတ်ရရှိခဲ့သည်။
ဆရာအလုပ်ကို လုပ်ကိုင်နေစဉ် ဖူးစာဖက်ကို တွေ့ရှိခဲ့ပြီး ၁၈၅၈ ခုနှစ်တွင် လက်ထပ်ခဲ့လေသည်။ ဇနီးဖြစ်သူသည် ပညာတတ်ဖြစ်သောကြောင့် သူ၏အလုပ်အတွက် အထောက်အပံ့လွန်စွာရရှိခဲ့သည်။
ဇနီးကောင်းပီသခဲ့သူ Lucretia Garfield
James Abram Garfield သည် ဖြောင့်မတ်တည်ကြည်သည်။ မတရားသည်ကို လက်မခံ။ အမှန်တရား ဘက်ကအမြဲရပ်တည်သည်။ အသေးအဖွဲကကလေးများကိုပင် စနစ်တကျလုပ်ပိုက်ပြောဆို ဆောင်ရွက်တတ်၏။ ကြိုးစားပါ ဟူသောအသုံးအနှုန်းမှာ သူ၏ လက်ကိုင်ဖြစ်သည်။
ဆရာလုပ်ရင်း သူသည် ဥပဒေပညာကို ဆက်လက်ဆည်းပူးလေ့လာသည်။ ထိုစဉ်က အမေရိကန်နိုင်ငံ တွင် ငွေဝယ်ကျွန်များနှင့်ပတ်သက်ပြီး အငြင်းပွားနေသည့်အချိန်အခါဖြစ်သည်။ James Abram Garfield က ငွေဝယ်ကျွန် မရှိသင့်ကြောင်း ပြောဆိုဆွေးနွေးမှုများပြုလုပ်ခဲ့လေသည်။ သူ၏ ဥာဏ်ပညာကြီးမားခြင်း၊ စကားပြောကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ ရဲရင့်ခြင်းတို့သည် ထင်ရှားကျော်ကြားလာသည့်အတွက် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
အမေရိကန်ပြည်တွင်းစစ်ဖြစ်သောအခါ တပ်မတော်တွင် ဗိုလ်ကြီးအဖြစ် တိုင်းပြည်အကျိုးကို သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ပြည်တွင်းစစ်ကာလအတွင်းဗိုလ်ချုပ်ကြီးဘဝ
၁၈၆၃ ခုနှစ်တွင် သမ္မတအေဗရာဟင်လင်ကွန်းက စစ်ဗိုလ်ချုပ်ကြီးဖြစ်နေသော James Abram Garfield ကို သူ၏ရုံးတွင် ခေါ်ယူခန့်ထားလေသည်။ ထိုသို့ခေါ်ယူခန့်ထားသော်လည်း သူ့ကို ဗိုလ်ကြီးလစာသာခံစားခွင့်ပြုထားသဖြင့် များစွာနစ်နာလေသည်။ သို့သော် သူသည် နစ်နာမှုကို ဂရုမထားဘဲ တိုင်းပြည်၏အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက် ပေးခဲ့လေသည်။
သမ္မတရုံးတွင်နေရစဉ်
James Abram Garfield ထံမှ အတုယူဖွယ်အကောင်းဆုံးမှာ သူသွားလေရာတွင် စာအုပ်များ အမြဲပါပြီး အချိန်ရသမျှစာဖတ်ခဲ့သူဖြစ်သည်။
James Abram Garfield ၏အစိမ်းရောင် တံဆိပ်
သူ၏ ကြိုးစားအားထုတ်မှုကြောင့်လည်းကောင်း၊ အလုပ်အပေါ်စေတနာထားခြင်းကြောင့်လည်း ကောင်း အသက် ၄၉ နှစ်အရွယ် ၁၈၈၀ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၂၀ ယောက်မြောက် သမ္မတဖြစ်လာခဲ့လေသည်။
Washington, D.C ရှိ James Abram Garfield အမှတ်တရကျောက်တိုင်
ဒုက္ခနှင့်အရင်းတည်ခဲ့သော သူ့ဘ၀သည် သုခနှင့်အဆုံးသတ်ခဲ့ပါသည်။
James Abram Garfield ၏ လက်ရေးမူများ
သမ္မတ James Abram Garfield
အားကျအတုယူဖွယ်ရာ ပုဂ္ဂိုလ်များအကြောင်း တင်ပြပေးခဲ့တာ ဟာ ၃ ယောက်မြောက်ရှိပါပြီ။
၁။ ကြီးပွားချမ်းသာရေးအတွက် စာအုပ်ပေါင်းများစွာရေးသားခဲ့သူ
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3182617
၂။ စာဖတ်ခြင်းဖြင့်ကြီးမြင့်လာခဲ့သူ
http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3205489
ချစ်သူမြို့တော်က တစ်ဦးတစ်ယောက် ကျွန်တော့်စာများဖတ်ပြီး ထိပ်တန်းကို ရောက်ရှိစေရန် ရည်ရွယ်ပါတယ်။
အတတ်နိုင်ဆုံးဆီလျော်အောင် ကိုးကား ပြန်ဆိုထားလို့ အမှားပါရင်၊ အမှားတွေ့ရင် ထောက်ပြကြပါ။
မူရင်းအတိုင်း အင်္ဂလိပ်လို လေ့လာနိုင်အောင် အောက်မှာဖော်ပြပေးလိုက်ပါတယ်။
http://en.wikipedia.org/wiki/James_A._Garfield နှင့် သူ့ဘ၀ အကြောင်းအရာများဖြစ်ပါတယ်.။။
မေးတခုမှတွေ့ရှိ၍ တင်ပြလိုက်ပါကြောင်း..။။
မြတ်စွာဘုရားနှင့်ပတ်သက်သော ပုံတော်များ.
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
သုမေဓာရှင်ရသေ့ဘဝ
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
ဖွားတော်မူခန်းမဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကိုထိပုံခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ
အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ
လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ
ယသောဓရာဒေဝီနှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ခံစားခြင်းအလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း
သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးမြင်တော်မူခြင်းအလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း
တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ကြီးမားသောမေတ္တာတော်ဖြင့်ကြည့်ခြင်းအလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း
ရဟန်းပြုတော်မူပုံ
အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ
ဗိမ္ဗိသာရမင်းကြီးကနန်းစည်းစိမ်တဝက်ကို ခွဲပေးနန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။
လောကီဈာန်သင်ယူတတ်မြောက်ပုံဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ
အိမ်မက်မြင်မက်တော်မူပုံ.....ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
သုဇာတာနို့ဃနာဆွမ်းကပ်ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ
မာန်နတ်မင်းတိုက်ခိုက်ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ
သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပုံမဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
http://satekuupuyar.blogspot.com/
 မေးတခု မှ တွေ့ရှိ၍ မျှဝေခြင်းပါ...။
Monday, November 28, 2011
သမီးမိုက်လေးမိတင်မြ ခုတော့ မြေခသွားပြီပေါ့..
စာရှု့သူများကို ညောင်လေးပင်မြို့ ရွာလယ်ရွာမှ တကယ်ဖြစ်ပျက်ခဲ့တဲ့ မတင်မြရဲ့ အဖြစ်အပျက်ကို တင်ပြပါဦးမယ်။ ရွာလယ်ရွာသည် ညောင်လေးပင်မြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ ရွာသူရွာသားများသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြပြီး အလွန်ရိုးသား၍ ကြိုးစားသူများဖြစ်သည်။ တစ်ဦးကိုတစ်ဦးလည်း ကူညီကြပါသည်။ ရွာသူရွာသားများသည် အချင်းချင်းစည်းလုံး ညီညွှတ်စွာဖြင့် စောင့်ရှောက်နေထိုင်ကြပါသည်။
ရွာအလယ်ပိုင်းမှ လယ်သမားကြီး ဦးမြအောင်နှင့်ဒေါ်တင်နုတို့ မိသားစုတွင် မတင်မြဟုခေါ်တဲ့ သမီးတစ်ယောက်ရှိလေသည်။ မတင်မြသည် အသက် (၁၅)နှစ်အရွယ်ရှိ အပျိုမလေးဖြစ်လေသည်။ မတင်မြသည် အရပ်ရှည်၍ အသားဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသည့် တောသူမလေးဖြစ်သည်။ ပဉ္စမတန်းကျောင်းသူဖြစ်၍ စာရေးစာဖတ်တတ်ပြီး ဉာဏ်ကောင်းသူလေးဖြစ်သည်။ မတင်မြသည် သူငယ်ချင်းအပေါင်းအသင်းအပေါ်တွင် အနစ်နာခံပေါင်းသင်းဆက်ဆံသော်လည်
း မိဘများအပေါ် ဆက်ဆံရာတွင် စကားပြောဆိုမှအစ ရိုင်းစိုင်းပြီး မိဘကျေးဇူးကိုပင် မသိတတ်သူလေးဖြစ်ပါသည်။
မိဘနှစ်ပါး၏ လုပ်ငန်းကိစ္စအ၀၀ကို ၀ိုင်းဝန်းကူညီလုပ်ကိုင်ရမှန်းမသိတတ်သည့်အပြင် ကျောင်းမှပြန်လာလျှင် လွယ်အိတ်ဘေးချပြီး အမေချက်ထားတဲ့ထမင်းဟင်းကို ခူးခပ်စားသောက်ပြီး ဟင်းမကောင်းပါက အမေအား ရန်လုပ်ပြောဆိုလေ့ရှိသည်။ မိခင်ကြီးသည် ဖခင်လယ်ထဲမှ ပြန်လာလျှင်စားဖို့ ဟင်းကိုခွဲ၍ ချန်ထားလို့မရဘဲ “အမေတို့များ သူ့လင်ကြီးအတွက် သိတတ်လိုက်တာ၊ ဒီမှာဟင်းတွေရှိရဲ့သားနဲ့ မရှိဘူးတဲ့” ဆိုပြီး ချန်ထားတဲ့ဟင်းများကိုရှာကာ မတင်မြသည် စားပစ်တတ်သည်။
မတင်မြသည် အစားအသောက်မက်မောရုံသာမက အလှအပကိုလွန်စွာ မက်မောလေသည်။ မျက်နှာသနပ်ခါးနဲ့ ပေါင်မှာသေးစီးကြောင်းနဲ့ဆိုသည့် မိန်းကလေးမျိုးဖြစ်ပါသည်။ ထဘီကို ကွင်းလုံးချွတ်၍ အကျီ င်္ကိုလည်း တွေ့ကရာနေရာမှာ ပစ်ထားသဖြင့် မိခင်ကြီးက လိုက်သိမ်းရသည်။ အိပ်ယာကိုလည်း ထလျှင်မသိမ်းသဖြင့် ဖခင်ကြီးက သိမ်းပေးရသည်။ မိဘနှစ်ပါးသည် မတင်မြကို ခက်ခက်ခဲခဲ အသက်လုမွေးခဲ့ရသဖြင့် တစ်ဦးတည်းသော သမီးလေးမို့ အလိုလိုက်ခဲ့သော်လည်း အမိုက်စော်ကားသူဖြစ်သည်။
ဒေါ်တင်နုသည် အသက်လေးဆယ်ကျော်မှ ကိုယ်ဝန်ရှိလာသည်။ ကိုယ်ဝန်အရင့်အမာဖြစ်သောအခါ မီးဖိုချောင်ကိစ္စများကို မတင်မြအား ခိုင်းရလေသည်။ မိခင်ကြီးခိုင်းသမျှကို မတင်မြသည် မလုပ်ချင်၍ ပါးစပ်က ပွစိပွစိပြောပြီးမှ လုပ်သည်။ ဒေါ်တင်နုသည် အလေးအပင်မှအစ သမီးကိုမခိုင်းပဲ ကိုယ်တိုင်လုပ်သည်။ ဒေါ်တင်နုမီးဖွားချိန်တွင် ကိစ္စအ၀၀ကို မတင်မြက အားလုံးလုပ်ရသဖြင့် ဒေါသဖြစ်ပြီး မကျေမနပ်ဖြစ်လေသည်။ ကျောင်းပျက်၍လည်း စိတ်ညစ်နေသည်။ ဒေါ်တင်နုသည် သားငယ်လေး မွေးဖွားပြီး မကျန်းမာ၍ ညနေစာစားရန် သမီးဖြစ်သူကို ခိုင်းရပြန်သည်။ သမီးဖြစ်သူသည် ဆန်ဆေးနေရင်းက အမေခိုင်းသည်ကို မလုပ်ချင်သဖြင့် ဆန်အိုးကိုပစ်ချပြီး “တော်တို့အလုပ်ချည်းပဲ၊ ကိုယ့်လင်နေမကောင်းတာ ပြုစုချင်ယင် ကိုယ်ဟာကိုယ်ထလုပ်ပါလား” လို့ ပြန်ပြောလေသည်။
မတင်မြသည် မကြားဝံ့ မနာသာစကားကိုပြောပြီး မိခင်ကိုရန်လုပ် ဆောင့်အောင့်နေလေသည်။ မိခင်ကြီးက ဒေါသဖြစ်၍ မီးဖိုခန်းအတွင်းသို့ ထသွားပြီး “မတင်မြ ဘယ်လိုစကားမျိုးပြောလိုက်တာလဲ၊ အမေနှင့်အမေကိုလဲ စော်ကားပြစ်မှားလိုက်တာ မွေးရကျိုး မနပ်ဘူးလို့” ပြောလေသည်။
“ဟဲ့... တင်မြ၊ ငါသမီးဖြစ်ဟဲ့လို့ ဆုတောင်းပြီး ရလို့လားလို့ ပြောပါဦး” ဟုပြောလေသည်။
“တော်တော့ တင်မြ၊ ညည်းလုပ်ချင်မှလုပ်၊ စကားတွေက လွန်လာပြီ”
“လွန်တော့ကော ဘာဖြစ်လဲ မှန်တာပြောလို့ တော်ကနာနေတာလား”
“ညည်း ငါ့ကိုပြန်မပြောနဲ့၊ ငါလုပ်လိုက်ရ”
“လုပ်ရဲလုပ်ကြည့်လေ၊ ကျုပ်လည်း လက်ပါတာပဲ” လို့ပြန်ပြောလေသည်။
ဒေါ်တင်နုမရိုက်မှီ မတင်မြက မိခင်၏ပါးကို ဖြန်းခနဲနေအောင်ရိုက်လိုက်သည်။ ဒေါ်တင်နုသည် နောက်သို့လှန်ကာ လဲကျသွားပြီး မိခင်၏ပါးပြင်တွင် သမီး၏ လက်ဝါးရာက ထင်ရှားစွာ ထင်ကျန်သွားလေသည်။ ဒေါ်တင်နုသည် အံ့သြစွာဖြင့် ၀မ်းနည်းစွာ ငိုချလိုက်ရာ အမေကို သမီးက ပါးရိုက်တယ်ဆိုပြီး အော်ဟစ်သောအခါ သမီးဖြစ်သူက အိမ်ထဲမှ ထွက်ပြေးသွားသည်။ ရွာထိပ်မှ တစ်ဦးတစ်ယောက်ကခေါ်လိုက်သလို အသံလာရာဘက်ဆီသို့ အပြေးအလွှားထွက်သွားသည်။
မတင်မြသည် အိမ်ကြိုအိမ်ကြား၊ လမ်းကြိုလမ်းကြားနှင့် ဆုတောင်းပြည့် ဘုရားဝင်းအတွင်းမှ ခုန်ပြန်ကျော်လွှား ထွက်ပြေးသွားခဲ့လေသည်။ မတင်မြပြေးလာသည်ကို ရွာသူရွာသားများက တွေ့၍ မေးသည်ကို ရန်လုပ်သွားပြီး လယ်ကွက်များရှိရာသို့ ဆက်ပြေးသွားသည်။ ရေကန်အနီး လယ်တစ်ကွက်တွင် မတင်မြ ခလုတ်တိုက်လဲသွားလေသည်။ အရှိန်နှင့်ပြေးလာသဖြင့် လေးဘက်ထောက်လျက် မသက်မသာလဲကျသွားသည်။
ဤအချိန်မှစ၍ မတင်မြထ၍ မရတော့ပါ။ ရေကန်ြီ့းဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက်ထောက်လျှင် ကုန်းကုန်းကြီးဖြစ်နေ၍ ရွာထဲမှ ကောက်ရိတ်ပြန်လာသူများက လှမ်းမေးကြသည်ကို “ဘာလုပ်လုပ်တော်တို့နဲ့ ဘာဆိုင်လို့တုံး၊ သွားကြ၊ ကျုပ်အနား မလာနဲ့” ဟု အော်လွှတ်လေသည်။
ကောက်ရိတ်သမားများကလည်း မတင်မြအပေါ့အပါးသွား၍ ရှက်သဖြင့် ပြောလွှတ်သည်ထင်ပြီး ပြန်သွားသောအခါ တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ “မတင်မြတော့ အမေ့ပါးရိုက်ပြီး ရေကန်ကြီးထဲ ခုန်ချသေမလို့ ထွက်ပြေးသွားသည်” ဟု ပြောနေကြသည်။
ရွာသူရွာသားများက မတင်မြ ဒုက္ခရောက်မှာစိုးသဖြင့် မိဘနှစ်ပါးနှင့် ရွာသားအချို့အပြေးလိုက်သွားကြပါသည်။ မတင်မြကိုတွေ့လိုက်ရသောအခါ မြေကြီးအတွင်းသို့ ခြေမျက်စိအထိ ကျွံဝင်နေပြီဖြစ်သည်။ ညနေစောင်း ငါးနာရီလောက် အချိန်ဖြစ်နေပါသည်။ လယ်ရိတ်ပြီးစ ရိုးပြတ်တောထဲတွင် ဘယ်အချိန်ကလဲကျပြီး ဘယ်အချိန်ကစ၍ မြေမျိုနေသည်မသိ မတင်မြနှင့် ဆယ့်လေးငါးကိုက်အကွာမှ ရိုးပြတ်များလည်း မီးလောင်ထားသကဲ့သို့ ဖြစ်နေသည်။ တပို့တွဲလဆန်းစအချိန်တွင် မတင်မြ၏ တစ်ကိုယ်လုံးမှာ ချွေးသီးချွေးပေါက်များနှင့် စိုရွဲနေပါသည်။
မတင်မြသည် အဖေနှင့်အမေအပါအ၀င် ရွာသူရွာသားအားလုံးကို လေးဖက်ထောက်လျက်ပင် “ငါ့နားကို ဘယ်သူမှ မလာနဲ့သွားကြ၊ မလာကြနဲ့” လို့ အော်ထုတ်နေသည်။ မတင်မြအော်နေသည့်ကြားကပင် ဖခင်ကြီးနှင့်ရွာသားအချို့ ရှေ့သို့ တိုးကပ်သွားကြသည်။ မီးလောင်ထားသကဲ့သို့ဖြစ်နေသည့် မြေအနားစပ်ကို ခြေချလိုက်သည်နှင့် အားလုံးကြောက်လန့်ပြီး နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။ “အမေလေး... ပူလိုက်တာဗျ” သံပြိုင်အားလုံး အော်လိုက်ကြသည်။ မတင်မြ၏ ဘေးပတ်လည်တွင် မီးလောင်ထားသကဲ့သို့ လယ်မြေအ၀ိုင်းမှ မြေကြီးများသည် မီးဖုတ်ထားသလို ပူလောင်နေသဖြင့် မည်သူမှ ဆက်၍ မတိုးရဲဘဲဖြစ်နေပါသည်။
မိဘနှစ်ပါးနှင့် ရွာသားများအားလုံးက မတင်မြ မြေမျိုခံရသည်ကို နားလည်လိုက်ပါသည်။ “အမလေး.... ပူလိုက်တာ၊ ကယ်ကြပါဦး”ဟု အော်နေလေသည်။ မိခင်ကြီးက သမီးမတင်မြ သမီးကို အမေခွင့်လွှတ်တယ် အမေ့ကို ကန်တော့လိုက်သမီးဟု ပြောသော်လည်း မတင်မြ၏ အသံကား အော်ဟစ်အကူအညီတောင်းခံသော်လည်း ထွက်မလာတော့ပဲ တိုးညှင်းစွာရှိနေလေသာ်။ မတင်မြ၏ လက်နှစ်ဖက်က လှုပ်ရှား၍ မရတော့သည့်အတွက် မိခင်ကြီးအား မကန်တော့နိုင်ဘဲ ရေကိုသာ တောင်းခံနေလေသည်။ “ရေပေးပါ၊ ရေ.....ရေ... အမေလေး ပူလိုက်တာ”
“ကျွန်မ သမီးလေး ကံကြီးထိုက်ပြီး မြေမျိုခံနေရပါတယ်” ဟု မိခင်ကြီးသည် ၀မ်းနည်းကြီးစွာ အော်ငိုလေသည်။ မိခင်ကြီးသည် သွေးနုသားနုချိန်ဖြစ်၍ ငိုရင်းတက်ကာ သတိလစ်သွားသည်။ ရွာသားအချို့က ဒေါ်တင်နုကို ပွေ့ချီကာ ရွာထဲသို့ ပြန်ပို့ရလေသည်။
ဖခင်ကြီးသည် ရွာသားများ ပြန်လာရင် သောက်ရေအိုး တစ်လုံးနှင့် ၀ါးလုံးရှည် သုံးလေးလုံးယူခဲ့ပါလို့ မှာလိုက်လေသည်။ ညအမှောင်လွန်လာပြီး တစ်ယောက်နှင့်တစ်ယောက် လူလုံးပင် မကွဲတော့ပါ။ မတင်မြကိုလည်း မည်းမည်းသဏ္ဍာန်သာမြင်ရတော့သည်။ ရွာထဲမှ ရွာသားအချို့ပြန်လာသောအခါ လက်နှိပ်ဓါတ်မီးများ အောက်လင်းမီးများပါလာသည်။ ဖခင်ကြီးမှာလိုက်သော အုန်းရေမှုတ်ကို ၀ါးလုံးရှည်ကြီးထိပ်တွင် တပ်ကာ မတင်မြအား ရေတိုက်ကြသည်။ မတင်မြဆီသို့ ရေမှုတ်မရောက်ဘဲ ၀ါးလုံးရှည်ကြီးမှာ မီးလောင်သွားသကဲ့သို့ ကျွမ်းကာ ကျိုးပြတ်ကြသွားလေသည်။ဤ post သည် လန်ဒန်မြို့ မစောငြိမ်းအေးမှ မေးသို့ ပို့ပေး၍ နောင်လာနောင်သားသားသမီးများ မိဘများကို ရိုသေကိုင်းရှိုင်းပြုစုစောင့်
ရှောက်စေရန် ရည်ရွယ်၍ တင်ပြလိုက်ပါသည်.။။
Tuesday, November 22, 2011
မိမိ၏ အသက် {၄၃ }နျစ်မွေးနေ့အမှတ်တရ ပေါ့
                                            မေတ္တာ၏အကျိုးကျေးဇူးများမှာ
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်။ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။ မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင် လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ သတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူ လည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့
သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ ချစ်ခင်မျက်နှာသာပေးမှု ရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေ လုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း
တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။
စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။ ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု သုခီအတ္တာနံ ပရိဟရန္တု
လို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။
ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄ မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။ (အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။ အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။ ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။
မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)
မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊
ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။ တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။ မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။ မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။ တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး
မဟုတ်တော့ဘူး။ ၀ီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။ မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။ အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။ လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင် – အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
-ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။
- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။
-အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။
-အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။
-အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ
မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။
နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း
မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။ ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။ ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။ “မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော) မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခုမစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကိုမိမိ၏ အသက် ၄၃ နှစ် မွေးနေ့အမှတ်တရ 
ဤ post ကို တင်လိုက်ပါတယ်..။။
Thursday, November 17, 2011
google က ဆုရလိုက်တဲ့ ကုလားမငယ်
အိန္ဒိယနိုင်ငံရဲ့ ကလေးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂူဂယ်လ်က သူ့ရဲ့ www.google.co.in ဆိုတဲ့ အိန္ဒိယအတွက် စာမျက်နှာမှာ ၇နှစ်အရွယ် အိန္ဒိယသမီးငယ်လေး ဗာရှား ဂုပ်ပတား ရဲ့ ပန်းချီလက်ရာ အိန္ဒိယရိုးရာ တူရိယာပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။
ဂူဂယ်လ်မှာသုံးမယ့် ပုံအတွက် အိန္ဒိယနိုင်ငံတ၀ှမ်းက ကျောင်းသားလူငယ်ပေါင်း ၁သိန်းကျော်တို့ ပေးပို့ယှဉ်ပြိုင်ကြတဲ့အထဲကနေမှ သူ့ရဲ့ ပန်းချီလက်ရာကို ရွေးချယ်ခံခဲ့ရတာပါ။
ဗာရှားဂုပ်ပတားရဲ့ လက်ရာ
Google Doodle ဆုရတဲ့ ဗာရှားဂုပ်ပတား
“ကမ္ဘာကြီးအတွက် အိန္ဒိယရဲ့ လက်ဆောင်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံဆွဲပြိုင်ရမယ်လို့ ဆရာမက ပြောတယ်။ အိန္ဒိယမှာက ယဉ်ကျေးမှုမျိုးစုံရှိကြတယ်။ တေးဂီတ တီးမှုတ်ဖျော်ဖြေတာဟာ အိန္ဒိယအတွက် အရေးပါတဲ့ ယဉ်ကျေးမှုတခုဖြစ်တယ်။ အိန္ဒိယရဲ့ တူရိယာတွေက ကမ္ဘာ့အနှံ့အပြားကို ပြန့်နှံ့သိရှိနေကြပြီ။ ဒီတူရိယာတွေကိုလည်း သမီးအမြဲတွေ့ဖူးနေတော့ ဒီပုံတွေ ဆွဲလိုက်တယ်” လို့ ပန်းချီဆရာမဖြစ်ချင်တယ်ဆိုတဲ့ ဗာရှားဂုပ်ပတားက ပြောပါတယ်။
ရွေးချယ်ခံလိုက်ရတဲ့အတွက် ဗာရှားဂုပ်ပတားလေးဟာ ဂူဂယ်လ်ရဲ့ ဂုဏ်ပြုလက်မှတ်ရယ်၊ တနှစ်စာ အင်တာနက် ကွန်နက်ရှင်နဲ့ လက်ပ်တော့ပ်ကွန်ပြုတာတလုံး၊ အိုင်တီနည်းပညာလေ့လာသင်ကြားမှုအတွက် ထောက်ပံ့ငွေ ရူပီး ၂ သိန်းကို ရလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကလေးများနေ့ဆိုတာက အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်၊ ဂျဝါဟာလာနေရူးရဲ့ မွေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်နေ့ရောက်တိုင်း တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေကို ချစ်ခင်အားပေးဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ ဒီနေ့ရောက်တဲ့အခါ အိန္ဒိယတနိုင်ငံလုံးက ကျောင်းတွေမှာ ကလေးတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ ကလေးရုပ်ရှင်ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးလေ့ရှိပါတယ်။
Wednesday, November 16, 2011
http://www.buddhafm.net/
Thursday, November 10, 2011
Tuesday, November 8, 2011
ဒီနေ့ကထိန်ပွဲမှာ
                                                   လှူဘွယ်ရာများ
                                                   စားသောက်ဖွယ်ရာများ
       ထေရ၀ါဒ မဟာယာန တိဘက်တို့ဖြင့် ဂျပန် မြန်မာ ကမ္ဘောဒီယား ဗီယက်နာမ်နှင့်
                                       အိန္ဒိယနိုင်ငံရဟန်းတော်များနှင့်