အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, November 30, 2010

အင်ဒိုနီးရှားက ဗုဒ္ဓဘား ပိတ်ရန်တရားရုံးအမိန့် ချ...

ဗုဒ္ဓဘားရဲ့ အသွင်အပြင်၊ အခင်းအကျင်း...
အင်ဒိုနီးရှားဗုဒ္ဓဘာသာဝင်တွေ တာဝန်ကျေခဲ့ ကြပါပြီ...
အင်ဒိုနီးရှားနိုင်ငံမှ ဗုဒ္ဓဘားဆန့် ကျင်ရေးစည်းရုံးလှုံ့ ဆော်ရေးအဖွဲ့ ၏ အကြိမ်ကြိမ် တိုင်တန်းလျှောက်ထား
ပန်ကြားခဲ့ မှုများကြောင့်  အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာဒိစတြိတ်၊ ဗဟိုတရားရုံးက မြို့ တော်မှ ဗုဒ္ဓဘားအမည်
ရှိ အရက်ဘားကလပ် ဆိုင်ကိုပိတ်ပစ်စေရန် အမိန့် ချမှတ်ခဲ့ ပါတယ်...
" ထိုဘားကို စီမံခန့် ခွဲအုပ်ချူပ်နေသူများဟာ ဗုဒ္ဓမြတ်စွာ၏အထိမ်းအမှတ်သွင်ပြင်လက္ခဏာများနှင့် အ
ဆောင်အယောင်ပုံသဏ္ဍာန်များကို သုံးစွဲနေကြောင်းပြစ်မှုထင်ရှားသဖြင့် ယခုဖွင့် လှစ်ရောင်းချနေသည့် 
အရက်ဘားကို အလျင်အမြန်ပိတ်ပစ်ရမည်ဖြစ်ကြောင်း " ထိုအမှုကို ကြားနာခဲ့ သည့်တရားသူကြီးအဖွဲ့ 
ခေါင်းဆောင် ဂျီဝိုဆန်တိုဆို ကပြောကြားခဲ့ သည်ဟု အန်တာရာသတင်းဌာန ဖော်ပြခဲ့ ပါတယ်...

အဆိုပါအရက်ဘားကိုစီမံခန့် ခွဲသည့်ကုမ္ပဏီဖြစ်သည့် ပီတီနီရီတာဗစ်စတာ ခရီအေးတစ် ကုမ္ပဏီ၊ ဂျကာ
တာ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့် ၊ ဂျကာတာမြို့ တော်အုပ်ချူပ်ရေးမှူးတို့ ကို တရားလိုများအား လျော်
ကြေး ရူပီငွေ ၁ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၁၀၇၄၁ ) ပေးစေရန်လည်း တရားရုံးက အမိန့် ချမှတ်ခဲ့ 
ပါတယ်...
ထိုလျော်ကြေးငွေပမာဏဟာ ဗုဒ္ဓဘား ဆန့် ကျင်ရေးအဖွဲ့ ကတောင်းဆိုထားခဲ့ သည့် ပမာဏထက် နှစ်ဆ
ကျော်ပိုမိုနေပါသေးတယ်...

တရားရုံးရဲ့ စီရင်ချက်ဟာ မျှတမှုရှိကြောင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆူဂျီယန်တို ဆာလာမန်ကပြောကြား
လိုက်ပြီး " ဒီစီရင်ချက်ကို ကြားသိရတဲ့ အတွက် မိမိတို့ အနေဖြင့် အလွန်ပင် ၀မ်းမြောက်ရကြောင်း၊ အကယ်
၍ တရားရုံးကသာ အဆိုပါ အရက်ဘားကို ပိတ်ပစ်ဖို့ မဆုံးဖြတ်ခဲ့ လျှင် မိမိတို့ အနေဖြင့် ကိုယ်တိုင်ပိတ်ပစ်
အောင်ပြုလုပ်ကြရလိမ့် မှာဖြစ်ပြီး ယခုလိုစီရင်ချက်ကတော့ ဥပဒေနှင့် အညီ ပိတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်..."
လို့ လည်း ထပ်မံပြောကြားခဲ့ ပါတယ်...
အရက်ဘားစီမံခန့် ခွဲမှုကုမ္ပဏီ ရဲ့ အကျိုးဆောင်ရှေ့ နေ ကာနီယာဂီယာဆန်း ကတော့ ၎င်းရဲ့ အမှုသည်ဟာ
ထို အမိန့် စီရင်ချက်ကို အယူခံဝင်ဦးမှာဖြစ်တယ်လို့ ဆိုပါတယ်....

ဒီသတင်းလေးကို စင်္ကာပူက ကိုဂျူလိုင်ရဲ့ ဘလော့ ဂ်မှာ ဖတ်ပြီးကတည်းက စိတ်ချမ်းသာခဲ့ ၇လို့ မူရင်း
သတင်းကို ရှာပြီး ပြန်လည်တင်ပြလိုက်ပါတယ်...

လွန်ခဲ့ တဲ့ ဂျူလိုင်လ ကတည်းက အင်ဒိုနီးရှားမှာ အဆိုပါ ကိစ္စအတွက် ဆန္ဒပြကြတဲ့ သတင်းကို ဘာသာ
ပြန်တင်ပြဖို့ စိတ်ကူးထားခဲ့ ပါသေးတယ်...
အခုတော့ စည်းရုံးလှုံ့ ဆော်သူတွေရဲ့ အစဉ်တစ်စိုက်ကြိုးစားအားထုတ်မှုကြောင့် သူတို့ ရဲ့ ရည်မှန်းချက်ပန်း
တိုင်ရောက်ခဲ့ ရပါပြီ....
ဒါတောင်မှပဲ အဆိုပါ အရက်ဘားရဲ့ ပိုင်ရှင်တွေက အယူခံဝင်ကြဦးမှာဖြစ်သေးလို့ စောင့် ကြည့် ရပါဦးမယ်...
အမှုနိုင်ပြီဆိုပြီး တက်ထောင်လို့ မဖြစ်သေးပါဘူး...
ဖတ်ရှုမိတဲ့ သတင်းများအရ အဆိုပါဆိုင်ဟာယခင် ဂျကာတာမြို့ တော်ဝန်ဟောင်းရဲ့ သမီးဖြစ်သူက ပိုင်ဆိုင်
တယ်၊ စီမံခန့် ခွဲအုပ်ချူပ်ခွင့် ရတယ်လို့ဆိုပါတယ်...
အဆိုပါ အုပ်ချူပ်သူများနှင့် နီးကပ်တဲ့ အသိုင်းအ၀န်းက ဖွင့် လှစ်တဲ့ ဆိုင်ကိုတောင် ရအောင်ပိတ်ပင်နိုင်တဲ့ 
အထိ ကြိုးပမ်းကြတဲ့ အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်တွေရဲ့ ဇွဲ၊ လုံ့ လ ကိုလည်းလေးစာကြည်ညိုအားကျမိပါ
တယ်...
ဒူဘိုင်းမှာလည်း နာမည်တူ ဗုဒ္ဓဘား ရှိနေတာမို့ ဒူဘိုင်းရောက် ဗုဒ္ဓဘာသာဝင်တွေ ( အဓိက ကတော့ နှစ်
ရှည်လများနေထိုင်ကြတဲ့  သီရိလင်္ကာသားများ ...သူတို့ က ကောင်စစ်ဝန်ရုံးပါရှိနေပါသေးတယ်...ပြီးတော့ 
မြန်မာဗုဒ္ဓဘာသာများပေါ့ ...) လည်း အဆိုပါ အရက်ဘား ပိတ်ပစ်နိုင်ဖို့ ကြိုးပမ်းသင့် လှပါတယ်...

ရင်နာစရာကောင်းတာက အဆိုပါ ဒူဘိုင်းက ဗုဒ္ဓဘားမှာ မြန်မာဗုဒ္ဓဘာသာဝင် ၀န်ထမ်းတွေ လည်းတာဝန်
ထမ်းဆောင်နေကြရတာပါပဲ...

အမေရိကန်မှာ အစ္စလာမ်ဘာသာရေးအထွတ်အမြတ် ကိုအန် ကျမ်းကို မီးရှို့ ပြီးဆန္ဒပြမယ်လို့ ခရစ်ယာန်
ဘုန်းတော်ကြီးတစ်ပါးက ပြောဆိုခဲ့ လို့ ကမ္ဘာနှင့် အ၀ှမ်း မွတ်စလင်တွေ ကန့် ကွက်ဆန္ဒပြခဲ့ ကြတာ အခု
ထက်ထိ အရှိန်မသေသေးပါဘူး...
ထို့ အတူပါပဲ ဘာသာတရားတစ်ခုရဲ့ အထွတ်အမြတ်ထားရာကို မဖွယ်မရာ ပြုလုပ်တာဟာ ဘယ်လိုမှ လက်
ခံနိုင်ဖွယ်ရာမရှိလို့  နိုင်ငံတစ်ကာခေါင်းဆောင်များအပါအ၀င် အားလုံးက ပြစ်တင်ရှုံ့ ချကြပါတယ်...
ယခု ဒူဘိုင်းက ဗုဒ္ဓဘား ဟာလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ဗုဒ္ဓပုံတော်ဆင်းတုတော်ကို အလွဲ
သုံးစားပြု၊ မဖွယ်မရာပြုတာမို့ ဆန့် ကျင်ကန့် ကွက်ကြရမှာပါပဲ...
( အမှန်တော့ ဒူဘိုင်းတင်မက အမေရိကန်၊ ပြင်သစ် ၊ လက်ဘနွန် ၊ ဘူဂေးရီးယာ စတဲ့ နိုင်ငံအနှံ့ အပြားမှာ
ဖွင့် နေတာမို့ နိုင်ငံတစ်ကာအဆင့် အနေနဲ့ ဆန့် ကျင်ကန့် ကွက်သင့် ပါတယ်...) ...

တစ်ကယ်လို့ ယေရှုခရစ်ဘားတို့ ၊ မိုဟာမက်ဘား တို့ ဆိုလျှင်လည်း ထိုဘာသာဝင်များက လက်မခံနိုင်သလို
ယခုဗုဒ္ဓဘာသာကို အလွဲသုံးစားလုပ်တာကိုလည်း လက်မခံသင့် ပါဘူး...
မူရင်းကဒီမှာ..http://blog.kopeter.com

Thursday, November 25, 2010

ကောသမ္ဖီမြို့သို့သူဌေးကြီး ၃ ဦးပင့်ဆောင်သဖြင့်မြတ်စွာဘုရားကြွလာတော်မူခြင်း..


အရှင်မြတ် ၆ ပါးနှင့်အတူ ကုက္ကုဋာရုံကျောင်းတော်ကြီး

ကုက္ကုဋသူဌေးဆောက်လုပ်သော သောကျောင်းအတွင်းမှမြင်တွေ့ရသောကျောက်စာတိုင်
ဃောသိတ သူဌေးဆောက်လုပ်ထားသော ဃောသိတာရုံကျောင်းတော်..
ကောသမ္ဖီမြို့တွင်သူဌေးကြီး ၃ ဦးရှိ၏..။ဃောသကသူဌေးရယ်.ကုက္ကုဋသူဌေးရယ်.ပါဝါရိကသူဌေးရယ်ရှိကြ၏..သူတို့ ၃ဦးသည်မြတ်စွာဘုရားပွင့်တော်မမူခင်ကာလကပင်ဟိမ၀န္တာ၌ ရှစ်လနေပြီး မိုဃ်းလေးလရောက်တိုင်းကောသမ္ဖီမြို့တွင်လာရောက်သီတင်းသုံးကြသောရသေ့ ၅၀၀ တို့ကိုအလှည့်ကျပစ္စည်းလေးပါးတို့ဖြင့်လှူဒါန်း၏.။တခုသော မိုဃ်းရာသီအရောက် ရသေ့ ၅၀၀ တို့သည် ကောသမ္ဖီမြို့သို့အလာ တောအုပ်အတွင်းရှိတခုသောပင်ညောင်ပင်စောင့်နတ်မင်းထံမှလောကတွင်ဘုရားပွင့်တော်မူပြီဖြစ်ကြောင်း.
ယ္ခု သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်၌တပည့်ရဟန်းတော်တွေနှင့်အတူသီတင်းသုံးလျှက်ရှိကြောင်းလျှောက်
်ထား၍ ကြားသိသည်နှင့်တပြိုင်နက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီးထိုအရပ်မှ မြတ်စွာဘုရားသီတင်းသုံးရာဇေတ၀န်ကျောင်းတော်သို့ရည်မှန်းပြီးလက်အုပ်ချီမိုးရှိခိုးခြင်းအမှုကိုပြုကြကုန်၏။ ထိုနေရာမှ ကောသမ္ဖီမြို့သို့ ရသေ့ ၅၀၀ တို့သည်ကြွပြီး သူဌေးကြီး၃ ဦးတို့ထံမှဆွမ်းစားပြီးသည်နှင့်ဤသို့မိန့်တော်မူ၏.။။လောကတွင်ဘုရားပွင့်တော်မူပြီ။တရားတော်သည်လည်း
ထင်ရှားရှိပြီ။သံဃာတော်များလည်းထင်ရှားရှိပြီ.ထို့ကြောင့် ငါတို့သည် မြတ်စွာဘုရားရှိရာသို့သွားပေတော့မည်။ ဟု ပြောကြားပြီး.သူဌေး ၃ ဦးသည်လည်းရသေ့များနှင့်အတူသွားလိုကြောင်းသွားမည့်ခရီးစဉ်ကိုစီစဉ်မည်ဖြစ်ကြောင်းလျှောက်တင်လေ၏.
.သို့သော် ရသေ့ ၅၀၀ တို့သည် စီစဉ်နေလျှင်ကြန့်ကြာမည်ဖြစ်၍ ငါတို့သွားနှင့်မည်ဖြစ်ကြောင်း ဒကာကြီးတို့နောက်မှ လိုက်လိုက်ခဲ့စေလိုကြောင်းမိန့်ကြားပြီးလျှင်မြတ်စွာဘုရားရှိတော်မူရာ သာဝတ္ထိမြို့ဇေတ၀န်ကျောင်းတော်သို့ကြွတော်မူကြလေ၏.။။သူဌေးကြီး ၃ ဦးတို့သည်လည်း.လှည်းအစီး ၅၀၀ စီဖြင့် ဆွမ်း..။ သင်္ကန်း..။ထောပတ်..။ပျားရည်…။တင်လဲ စသော လှူဖွယ်ဝတ္ထုများကို တင်ဆောင်ပြီး ရသေ့များနောက်မှလိုက်ကြ၏.။။ရသေ့ ၅၀၀ တို့သည်မြတ်စွာဘုရားအထံသို့ရောက်ကြပြီး ဟောကြားတော်မူသောတရားဒေသနာတော်ကိုနားပြီးသည်နှင့်တပြိုင်နက် ပါရမီပြည့်ပြီးသူများဖြစ်ရကား..ပဋိသမ္ဘိဒါ လေးပါးနှင့်တကွအရဟတ္တဖိုလ်သို့ရောက်ကြ၏။ ဧဟိဘိက္ခု ရဟန်းအဖြစ်ကိုလည်းရကြ၏။။ သူဌေးကြီး ၃ ဦးမှာလည်းမြတ်စွာဘုရားဟောကြားသောတရားတော်ကိုနာကြားရသဖြင့်အသီးသီးသောတာပတ္တိဖိုလ်သို့
ရောက်ကြ၏..။
သူဌေးကြီး ၃ ဦးသည်လည်း.မြတ်စွာဘုရားအားကောသမ္ဖီမြို့သို့ကြွတော်မူပါရန်လျှောက်ထားပြီး ကောစမ္ဖီမြို့သို့ပြန်လာကာ..ကျောင်းတိုက်ကြီး ၃ တိုက် ဆောက်လုပ်လှူဒါန်းကြ၏.။
ဃောသက သူဌေးဆောက်လုပ်လှူသောကျောင်းမှာ ဃောသိတာရုံကျောင်း..။။
ကုက္ကုဋသူဌေးကြီးလှူသောကျောင်းမှာ ကုက္ကုဋာရုံကျောင်း..။
ပါဝါရိက သူဌေးလှူသောကျောင်းမှာ ပါဝါရိကာရုံကျောင်း။ ဖြစ်တော့၏.။။
ထို ကျောင်းတော်ကြီးများသည်နှစ်ပေါင်းပရိစ္ဆေဒကြာမြင့်ပြီ ဖြစ်သော်လည်း တွေ့မြင်နိုင်ရန်တင်ပြလိုက်ပါ၏..။။ထို သူဌေး ၃ဦးဆောက်လုပ်သောကျောင်းများကို မြတ်စွာဘုရားအား သာဝတ္ထိမြို့မှ ကောသမ္ဖီမြို့သို့ပင်ဆောင်ကာလှူဒါန်းသမှုပြုကြတော့၏..။မြတ်စွာဘုရားသည်လည်း တရက်လျှင်တကျောင်းစီ၌ သီတင်းသုံးတော်မူ၏..။ယ္ခု အခါ ကောသမ္ဖီမြို့တော်ဟောင်းသည် ကိုဆမ် ဟုခေါ်သောရွာငယ်တရွာဖြစ်၏.။။ယမုံနာမြစ်ကမ်း၌ တည်ရှိ၏..။ကောသမ္ဖီမြို့ဟောင်းသည်ပတ်လည် ၄ မိုင်ခန့်စက်ဝိုင်းပုံတည်ရှိ၏။ မြို့ရိုးမှာ ပေ ၃၀ မြင့်၍ ပေ ၆၀ ထူထူသည်။ ကျောက်စာတိုင်တတိုင်တွှေမြင့်ခဲသည်..။အသောကမင်းကျောက်စာတိုင် ဟု ထင်မှတ်ရ၏..။ရေတွင်းတတွင်းလည်းတွေ့ရှိခဲ့၏.။။ဃောသိတာရုံကျောင်းတော်မှာမူ.မြို့ရိုးတံတိုင်းသဖွယ
်တွေ့မြင်ခဲ့ရ၏.။ထုထည်ကြီးမားသောကျောင်းတကျောင်းဖြစ်၏..။ဟို..ခပ်ဝေးဝေးမှမြင်တွေ့ရသော ဥတေနနန်းတော်ကြီးနှင့်.ယမုံနာမြစ်ကမ်းတို့သည် မြတ်စွာဘုရားရှိစဉ်က အင်မတန်ကြည်နူးဖွယ်ဖြစ်ပေမည်..။ဥတေနနန်းတော်သည်လည်း.မြစ်ကမ်းဘေးမှာ မားမားမတ်မတ်.
ယမုံနာမြစ်သည်လည်း ၀ါကြွားနေမလား..။လွန်ခဲ့သော နှစ်ပေါင်းမှားစွာက အကြောင်းလေးတွေးပြီး အတွေးထဲနစ်မောလျက်..ယ္ခု အချိန်တွင်မူ..လယ်ကွင်းများ..လယ်ယာစိုက်ခင်းများဖြင့် ယမုံနာမြစ်ကမ်းတွင် မိမိသည် အမိမြန်မာပြည်မှ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ၂ မြစ်တို့၏ အကြားမှ
မွေးဖွားခြင်းကြောင့် အမိမြန်မာပြည်ကို လွမ်းသည်ဖြစ်ခြင်း..ဟို ခပ်ဝေးဝေးထိ ကြည့်ကာ..အညာမြေ ဒေသ ..ချင်းတွင်း ဧရာ ပေါင်းဆုံသော နေရာ လေးမှကောသမ္ဖီမြို့၏ ယမုံနာမြစ်ကမ်းဝယ် အတွေးတို့သည်ကား..အမိမြန်မာပြည်ကို လွမ်းလေရော့သလား..မွေးမိခင်ကျေးဇူးရှင်တယောက်ခန့်ကျမ်းသာလို့မာပါစ..လို့ အတွေးကတဘက် ကားပေါ်သို့လျှင်မြန်ပြေးတတ်ရတော့၏..။။အကြောင်းကား.(.ဘန္တေဂျီး…ပိုက်ဆံ ၃) ဟု လိုက်တောင်းကြသောကုလားလေးတွေရဲ့ ရန်မှကြောက်သောကြောင့်.ဖြစ်၏.။မပေးခြင်လို့ကားမဟုတ် ပေးပြန်သော်လည်း မဆုံးနိုင်တော့ချေ ..ဃောသိတာရုံကျောင်းမှအထွက် မိမိတို့ကဲ့သို့ဘုရားဖူးအဖွဲ့ကားတစီးအား.(ဘူတန်) ဟု ထင်ခဲ့.ကားကို ခဲဖြင့်ပေါက်သည်ကို မြင်ရ၍ ..သြော်…တယ်ဆိုးကြပါလားဆိုပြီး.။။
သာမာဝတီတို့၏ အလှ မာဂဏ္ဍီတို့၏ အလှ ၀ါသုလဒတ္တာတို့၏ အလှ.တို့ကား..ချီးမွမ်းခြင်သော်လည်း.
ယ္ခု..သူတို့ရဲ့နေရာကိုလာရောက်လေ့လာကြသော နိုင်ငံခြားသားများအား..တုန့်ပြန်လိုက်သည့် မေတ္တာတရားခေါင်းပါးပုံတို့သည်..ရင်လေးစရာ..။။
မေတ္တာအရာမှာဧတဒဂ် ရသော သာမာဝတီမိဖုရား..၏ နှလုံးကျင့်သုံးပြီး ကားထဲမှသူတို့လေးတွေကိုကြည့်ကာ..ပေးခြင်သောစေတနာတို့သည်ကား……

ကောသမ္ဖီမြို့ ဥတေနမင်း.နှင့် သူ၏နန်းတော်..

ဥတေန နန်းတော်မှအပြန် ပိုက်ဆံလိုက်တောင်းကြသော.ကလေးငယ်များ.
ဥတေနနန်းတော်ပေါ်မှယမုံနာမြစ်ရဲ့အလှ
ဥတေနနန်းတော် ယခုထိမြင်နိုင်ပါ၏..သို့သော်..
ကောသမ္ဖီမြို့သည်..ဥတေနမင်းသည်မင်းအဖြစ်ထင်ရှား၏..။သူ့မှာ မယားဟု ခေါ်ဆိုသော မိဖုရား ၃ ယောက်ရှိ၏။ပထမ မယားကြီးမှာ သာမာဝတီ ဖြစ်၏.။ဒုတိယမယားမှာ မာဂဏ္ဍီ ဖြစ်သလို.တတိယမယားကတော့ဝါသုလဒတ္တာ ဖြစ်၏။။ သာမာဝတီသည် ဃောသိတာရုံကျောင်းဒကာကြီး၏ မွေးစားသမီးဖြစ်တယ်.မိဘအရင်းကတော့ဘဒ္ဒ၀တီပြည် ဘဒ္ဒ၀တီသူဌေးကြီးပေါ့.။ဃောသက သူဌေးနှင့် ဘဒ္ဒ၀တီသူဌေးတို့သည်အချင်းချင်းမမြင်ဘူးသော်လည်းသတင်းကြားသဖြင့်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြ၏.. တနေ့သော်.ဘဒ္ဒ၀တီသူဌေးကွယ်လွန်သွားသဖြင့်ဃောသကသူဌေးကြီးကသာမာဝတီကိုမွေးစားခြင်းဖြစ်၏။ မာဂဏ္ဍီမှာဗြဟ္မဏမျိုးဖြစ်၏။ ၀ါသုလဒတ္တာသည် ဥဇ္ဖေနီပြည်စဏ္ဍပဇ္ဖောတမင်းမင်း၏သမီးတော်အဖြစ်ထင်ရှား၏.။မိဖုရားအသီးသီးတွင်နန်းတွင်းအခြွေအရံ မောင်းမပေါင်း ၅၀၀ စီရှိကြ၏.။မိဖုရားကြီး ၃ယောက်လုံးသာသနာ့မှတ်တမ်းတွင်သူ့နည်းနှင့်သူထင်ရှားကြ၏.။။
ဥတေနမင်းကတော့ ဂါထာမန္တာန်တွေရွတ်ဖတ်သရဇ္ဈယ်ပါက ဆင်များကို ခေါ်နိုင်နှင်ထုတ်နိုင်တယ်ဟု စာပေတို့၌ တွေ့ဘူး.မှတ်သားဘူး၏.။စာပေအရ…ထိုအချိန်တွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်၌သီတင်းသုံးနေတော်မူသည်.။နေ့စဉ်နေ့တိုင်းဝေနေယျတို့
အားတရားဟောလို့ ဝေနေယျတို့သည်လည်း..ပါရမီအလျှောက် သောတာပန်.ဖြစ်သူက ဖြစ်…သကဒါဂါမ်.အနာဂါမ်.ရဟန္တာဖြစ်သူတို့ဖြစ်နေကြချိန်…သို့ရာတွင်.ဤ ကောသမ္ဖီပြည်သူ/ သားတို့သည် အိပ်ပျော်နေဆဲ.မြတ်စွာဘုရားပွင့်နေသည်ကိုသူတို့မသိကြ။တပည့်ရဟန်းတော်တွေသည်လည်း
ကောသမ္ဖီမြို့သို့တရားဒေသနာတော်များကိုမြတ်စွာဘုရားကိုယ်စားဟောပြောရန်ရောက်လာခြင်းမရှိ
သေးတဲ့အချိန်ကာလ.။
အမှန်သစ္စာကိုမြတ်နိုးသူတို့၏ အင်္ဂါ ၄ ရပ်.
အရာဝတ္ထုတခု၏ တန်ဖိုးကိုအဆုံးအဖြတ်ပေးရန်.ကာလ..သည်လည်းစကားပြော၏။ဒေသ သည်လည်းစကားပြော၏။ပယောဂသည်လည်းစကားပြော၏။။ဥပဓိသည်လည်းစကားပြော၏။
မြတ်စွာဘုရားသည်ဝေနေယျသတ္တ၀ါတို့အပေါ်၌ကရုဏာထားနိုင်သော အတုမဲ့ ကရုဏာရှင်ဖြစ်တော်မူ၏.။သို့ရာတွင်မြတ်စွာဘုရားသည်ကောသမ္ဖီမြို့သို့ကိုယ်တော်တိုင်မကြွရောက်ခြင်းနှင့့်််
တပည့်သားသံဃာတော်တွေမစေလွှတ်ခြင်းသည် ကောသမ္ဖီမြို့သူ/ သားများ၌ ကာလ..။ဒေသ..။။ပယောဂ..။။ဥပဓိ..။တို့၏အချိုးအဆပြည့်စုံမှုကိုမြတ်စွာဘုရားသည်မတွေ့မမြင်သောကြောင့််ဖြစ်၏။
ကောသမ္ဖီမြို့သူ/သားများသည်သစ္စာကိုမြတ်နိုးတတ်သူဖြစ်ပါကလောက၌ ဒုလ္လဘ..အတိဒုလ္လဘဖြစ်တော်မူသောမြတ်စွာဘုရားကိုဖူးမျှောခွင့်ရခြင်းနှင့်တရားဒေသနာက
ိုနာကြားခွင့်ရခြင်းတို့အတွက်ရောက်လာမည့်အလှည့်ကိုစောင့်ရပေလိမ္မည်.။။ဝေနေယျတို့၏ အိနြေ္ဒရင့်ချိန်ရောက်ပါက မြတ်စွာဘုရားသည်ကောသမ္ဖီမြို့သို့ကြွတော်မူပြီးစရိုက်အားလျော်စွာဒေသနာတရားဟောကြားမည်ဖြစ်သည်.။။
ဆက်လက်တင်ပြပါမည်..

ကောသမ္ဖီမြို့ သီရိလင်္ကာကျောင်းကထိန်ပွဲ.


ထေရ၀ါဒဗုဒ္ဒဘာသာဖြစ်သောသီရိလင်္ကာကထိန်ပွဲသည်လည်း.မြန်မာပြည်လိုမဟုတ်သော်လည်းခပ်ဆင်ဆင်ဆိုရပေမည်.။သံဃာတော်တွေကိုချစ်မြတ်နိုးသည်.။အလိုလိုက်သည်တဲ့.။မိမိတို့ရောက်ရှိသည်နှင့် လက်အုပ်လေးချီမကာ အရိုသေပေးသည်.။နိုင်ငံရပ်ခြားတိုင်းတပါး၌ မိမိတို့နှင့်တူညီသောဘာသာဘာသာသနာမို့ အခက်ခဲမရှိ..။၎င်းကျောင်းမှာလည်း.BHUတက္ကသိုလ်၌စာသင်နေသော အရှင်သုမန လဲ ရှိနေသည်မို့ မိမိတို့အဆင်ပြေခဲ့ရ.အခက်ခဲမရှိ.ည ၉ နာရီခွဲခန့်လောက်ရောက်ရှိခဲ့.အိန္ဒိယနိုင်ငံရဲ့ ဆောင်းရာသီသည် အေးစိမ့်နေ၏။ကျောင်းသည်လည်းဆောက်လုပ်ဆဲဖြစ်၍ ကွင်းပြင်ဖြစ်နေ၍ အအေးဒဏ်လေးကိုအံတုကာ.သီရိလင်္ကာတီးမစ်လေးဖြင့်အနွေးဓါတ်ကိုရစေခဲ့ရ၏.။ခဏနေပြီး.မိမိတို့အား ဟိုတည်ဟုယူဆရသောနေရာတနေရာ၌ ကျိမ်းခဲ့ရ၏.ကုဋင်တလုံးမှာ ၂ပါးကျိမ်းခဲ့ရ၏.ကုဋင်သည်လည်းအကြီးသား.။သီးသန့်နေရညချထားပေးတော့၏.။
နံနက် ၅ နာရီခန့်ထပြီး.အာရုဏ်ဘုဉ်းရန်ကြွရတော့၏.။ဆွမ်းတော့မဟုတ်.ဟင်းရည်ဟုခေါ်ဆိုသောအရည်ခပ်ကျဲကျဲကို ခွက်ဖြင့်ထည့်ကာကပ်တော့၏..မိမိကား.အစားအသောက်ဂျီးများ၏.မစားဘူးသော မတွေ့ဘူးသောအစားအစာဖြစ်၍ မစားလို.။အရှင်ဓမ္မသီလဘိဝံသ မှ သီရီလက်ာနေဘူး၍ သီရိလက်ာ အလွမ်းပြေဟု ပြောပြီး.ဘုဉ်းနေနေတော့၏။မိမိကား.ငေးနေရုံမှတပါး.အခြားမရှိတော့.နောက်မကြာခင် လဘက်ရည်ချိုလာတော့၏..။ဒီတော့မှ မိမိသည်အဆင်ပြေစွာ သောက်တော့၏.။
အာရုံပြီးသွားသည်နှင့် မိမိတို့သည် လမ်းလျှောက်ရင်း..အရှင်ဓမ္မသီလ မှ သီရိလင်္ကာအကြောင်းများပြောပြ၍ သိခွင့်ရတော့၏။ဘာသာရေးနဲ့ပတ်သတ်ရင်အလေးထားကြောင်း.စာတတ်ပေတတ်တွေပေါကြောင်းနှင့် အခြားသောနိုင်ငံ ဥရောပတို့မှာလာ၍ ထေရ၀ါဒဗုဒ္ဒဘာသာအဖြစ်ခံယူပြီး ရဟန်းအ၀တ်ဖြင့်ကျမ်းပြုနေကြတဲ့ သူတွေရှိကြောင်းနှင့်.ဘာသာရေးနှင့်ပတ်သတ်လျှင် ပြောရဲဆိုရဲရှိလာအောင် sun day school ကို တတ်ကြကြောင်း.၎င်းကျောင်းမှာ လူအများထဲတွင် တွေ့ဆုံပွဲ တွေ၌ တတ်ရောက်ရာအလှည့်ကျပြောရကျောင်း..တချို့အလုပ်တွေမှာ ၎င်း Sunday school လက်မှတ်ပါမှသာ အလုပ်ရသည်ဟု ကြားသိရ၏.။မိမိတို့မြန်မာရဟန်း ( ၆ )ပါးသည်.နေပူစာကိုရှာကြံရင်း.ဟို ခပ်ဝေးဝေးမှမြင်တွေ့နေရသော ယမုံနာမြစ်နှင့် မြတ်စွာဘုရားအကြောင်းတွေဆွေးနွေးရင် သာမာဝတီရဲ့အလှကိုချီးမွမ်းခန်းတွေဖွင့် ခုဇ္ဖုတ္တရာရဲ့ မြတ်စွာဘုရားဟောသည့်တရားကိုကြားနာပြီး ပြန်လည်ဟောကြားသည့်အကြောင်းနှင့် ဒီနေရာတွေဟာ မြတ်စွာဘုရားရှိစဉ်က သံဃာတော် ၁၀၀၀ မျှ ဆွမ်းခံထွက်ချိန်မှာအာရုံပြုမှန်းဆရင်းအတွေးကိုယ်စီတို့ဖြင့်..ဟော.အချိန်ကား ၁၀ နာရီအချိန် ကျောင်းအ၀င်ဝ၌ သီရိလင်္ကာတကာ/ မတို့သည်လက်အုပ်ချီကာ .သာဓု သာဓု သာဓု ဟု သံပြိုင်ရွတ်ဆို၍ မိမိတို့သည်လည်းညီညာစွာဖြင့်တန်းကြွရတော့၏.။ ဤ နေရာ၌ ထူးခြားမှုတခုတွေ့လိုက်ရတော့၏.။ကျောင်းအ၀င်ဝမှ စတီးဇလုံဖြင့်အမွှေးနံ့သာတို့ဖြင့် ရောထားသောနံသာဖြူအနံ့ ရေဖြင့် ကြွလာသောသံဃာတော်တွေရဲ့ခြေများကိုဆေးပေးခြင်း.ရှေ့ရောက်တော့ တဘက်စဖြင့်ရေကိုစင်အောင်ပြန်လည်သုတ်ပေးခြင်း.ဘေးဘက်ဝဲယျာမှ တကာ/ မ တို့၏ သာဓု ခေါ်သံအကြားဝယ် ပီတိသောမနဿတို့သည်ကား…
ဆွမ်းစားရာ၌ ညီညာစွာတန်းပြီးထိုင်ရတော့၏.ထိုင်နေစဉ်မှာ စတီးပန်းကန်များနှင့်တပါးတချက်စီကပ်ပြီး နောက် ရေပုံးများဖြင့်ရေထည့်ကာလက်ဆေးရန်အတွက်၎င်း တကာ/ မတို့သည်အသီးသီးဆွမ်းများ..ဆွမ်းဟင်းများ ယူကာ လိုက်ထည့်ပေးတော့၏.။လိုအပ်သည်ကိုအလှူခံ မလိုအပ်သည်ကိုပယ်ပြီးတားခဲ့ရ၏.။မိမိမှာကားအဆင်မပြေ မစားတတ်..။တော်သေးရဲ့ အရှင်သုမင်္ဂလမှ ဆွမ်းမစားခင်ကြိုပြောထား၏..မကြိုက်တာဆိုရင်လက်နဲ့ကာဟု၎င်း.လက်မတားမခြင်းထည့်နေတာ နောင်တော်ကြီးဟု ပြော၍ မိမိလည်း.မိမိဆီမရောက်ခင် ကြည့်နေရတော့၏.။အမှန်ဝန်ခံရသော် တကယ်လည်းအဆင်မပြေခဲ့.။များသောအားဖြင့် ဟင်းမှန်သမျှသက်သက်လွတ်ချည်းသာဖြစ်၏.။အာလူးဟင်း.ပိန္နဲသီးဟင်း.ကြက်ဟင်းခါး.ပဲ စသည့်ဟင်းတို့ဖြင့်၎င်း မတွေ့ဘူးသော ဟင်းတို့သည်လည်းတွေ့လိုက်ရ၏.။ဟော…ရောက်လာပြီ.သံပုရာချဉ်.၂ ခြမ်းအလှူခံလိုက်၏..လာပြန်ပြီ ပဲဟင်း ခပ်များများအလှူခံလိုက်၏.။ထိုနေ့ကား..ပဲဟင်းနှင်သံပုရာသီးချဉ်သည် မိမိအတွက်အဆင်ပြေမိတော့၏..။။မိမိဘေးမှ အရှင်ဓမ္မသီလ မှာတော့ သူ့ရဲ့ လက်သုံးစကားဖြင့် သီရိလင်္ကာ အလွမ်းပြေ ဟု ဆိုကာ မြိန်ရေ ရှက်ရေ ဘုဉ်းပေးနေတာတွေ့ပြီး မိမိမှာတော့ လူနာထမင်းစားနေသလို တို့ကာဆိတ်ကာဖြင့် ထမင်းတပုဂံကုန်အောင် ဘုဉ်းရတော့၏.။လက်ဆေးလို့မှမပြီးသေး.အချိုပွဲများ ပန်းသီးများ မုန့်များတပါးတချက်စီကပ်တော့၏.။အင်း..ဆွမ်းအဆင်မပြေသဖြင့်အချိုပွဲကိုသာဘုဉ်းပေးရတော့၏.။
ထိုနေ့အဖို့ သီရိလင်္ကာ မရောက်ဘူးသော်လည်း သီရိလင်္ကာအစာတော့ ဘုဉ်းပေးဘူးပြီ ဟု တွေးပြီး..သီရိလင်္ကာ တကာ/ မတွေရဲ့ ဘာသာရေးကြည်ညိုကြသည်ကိုကြည့်ပြီး ပီတိ ကိုစားပြီး အားရှိရတော့၏.။။အကြီးဆုံးဆရာတော်မှ သရဏဂုံ နှင့် ၅ ပါးသီလပေးကာရေစက်ချတော့၏.။ရေစက်ချအပြီး.ခြုံထည်တပါးတထည်စီ ကပ်လှူခြင်း န၀ကမ္မ ရူပီးငွေ ၁၀၅၀ ဆီလှုဒါန်းခြင်းဖြင့် သီရိလင်္ကာ ကထိန်ကား..ပြီးဆုံးခဲ့ချေပြီ.။
အမှတ်တရ အဖြစ် သီရိလင်္ကာ တကာ/မတို့သည် ဘာသာ သာသနာအတော်လေးစားကြပါလားဆိုသိအမှတ်တရ သီရီလင်္ကာ အစားအစာဘုဉ်းပေးရာ၌ အမှတ်တရ အဖြစ် တင်ပြအပ်မိပါကြောင်း….

Wednesday, November 24, 2010

ကောသမ္ဖီမြို့အကြောင်း

ကောသမ္ဖီမြို့ဃောသိတာရုံကျောင်းတော်၌ ၀ိနည်းဓိုရ်ဦးဆောင်သောရဟန်းက ၅၀၀ ဓမ္မကထိကဦးဆောင်သောရဟန်းက ၅၀၀ စုစုပေါင်း သံဃာပေါင်း ၁၀၀၀ သီတင်းသုံးတော်မူသည်.။အချင်းချင်းညီညွတ်ကြ၏။ စည်းလုံးကြ၏.။သို့ဖြစ်၍ကြည်ညိုဖွယ်ရှီလှ၏။ကောသမ္ဖီမြို့သူမြို့သားတို့၏ ကောင်းမှုကိုစိုက်ပျိုးရာလယ်ယာမြေကောင်းသဖွယ်ဖြစ်၏။ကောင်းမှုကိုလယ်ယာမြေကောင်းသဖွယ်ဖြစ်ခြင်းကို.ပုညခေတ္တ ဟု ဆိုလိုသည်။။
ဃောသိတာရုံကျောင်းတော်ကြီး၌ သံဃာ ၁၀၀၀ သီတင်းသုံးတော်မူသည်..။တနေ့တွင် သံဃာအချင်းချင်း ပဋိပက္ခဖြစ်၍ မြတ်စွာဘုရားသည်.၂ ကြိမ်တိုင်တိုင်စေလွှတ်၍မိန့်တော်မူခဲ့သည်..သို့သော်.အချင်းချင်းညီညွတ်မှုက မရခဲ့..မရခြင်းကြောင့် ၃ကြိမ်မြောက်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်ကြွတော်မူပြီးပညတ်သင့်သည်ကိုပညတ်ပြီးညီညွတ်စေ၏။နောက်တကြိမ်ပြန်လည်ခိုက်ရန်အငြင်းပွားဟု ကြားတော်မူ၍ မြတ်စွာဘုရားသည် ဒုတိယအကြိမ် ကိုယ်တော်တိုင်ကြွတော်မူပြီး…
ချစ်သားတို့….ခိုက်ရန်ကွဲပြားငြင်းခုံကြခြင်းသည် အကျိုးမဲ့ကိုပြုတတ်ကုန်၏.။ခိုက်ရန်ြပြုခြင်းကိုမှီ၍ နှံစုတ်ငှက်မသည် ဆင်ပြောင်ကြီးကိုပင်အသက်ကုန်ခြင်းသို့ရောက်စေဘူးပြီ..ဟု လဋုကိက ဇာတ်ကို၎င်း ငြင်းခုံကွဲပြားငြင်းခုံကွဲပြားခြင်းကြောင့်များစွာသော ငုံးငှက်တို့ကိုအသက်ကုန်ရသောဝဋဋ္ဋက ဇာတ်တော်ကို၎င်းဟောတော်မူ၏..။။ထိုသို့ဟောတော်မူသော်လည်း.ကောသမ္ဖီမြို့ဃောသိတာရုံကျောင်းတော်ကြီး၍ အုပ်စု ၂ အုပ်စုရှိသံဃာတော်တို့သည်မြတ်စွာဘုရား၏အဆုံးအမကိုမခံယူပဲငြင်းခုံမြဲငြ်းခုံလျက်ပင်ရှိကြ၏ ။နောက်ဆုံး၌ ငြ်းခုံကွဲပြားခိုက်ရန်ဖြစ်ပွားခြင်းမပြုဘဲ အချင်းချင်းစည်းလုံးညီညွတ်မှုကြောင့်မင်းစည်းစိမ်ကိုရရှိသော..ဒီဃီတိကောသလမင်းကြီး၏သားတော်ဒီဃာဝုမင်းသားအကြောင်းကိုဟောတော်မူပြန်၏..။သို့သော်လည်း..ထိုပဋိပက္ခကားမငြိမ်းခဲ့ပေ.။။
အရိုင်းနဲ့အယဉ် သို့မဟုတ် ကုသိုလ်နှင့်အကုသိုလ်.
ပုထုဇဉ်တို့၏ သန္တာန်၍ကုသိုလ်နှင့်အကုသိုလ်တို့သည်အခွင့်သင့်သလိုဖြစ်ကြလေရာ အကုသိုလ်ဖြစ်ချိန်တွင် လူသည် တိရစ္ဆာန်သဖွယ်ဖြစ်၏။တိရစ္ဆာန်စိတ်ပေါက်၏။တိရစ္ဆာန်လိုရိုင်းပြ၏။အတ္တဆန်၏.။သည်းမခံ.ခွင့်မလွှတ်။ထို့ကြောင့်လူသည် မျောက်မှဆင်းသက်လာ၏ ဆိုသော အဆိုသည်အကျင့်သိက္ခာရှုထောင့်မှကြည့်လျှင်မှန်၏။။ကုသိုလ်ဖြစ်ပွားချိန်၌မူ.ဗြဟ္မာသဖွယ်ဖြစ်၏.။ယဉ်ကျေး၏။။အတ္တမဆန် ဗြဟ္မစိုရ်တရားနှင့်အညီကျင့်၏။သည်းခံ၏။။ခွင့်လွှတ်၏.။ထို့ကြောင့်လူသည်ဗြဟ္မာမှဆင်းသက်၏ ဟူသောအဆိုသည်.အကျင့်သိက္ခာရှုထောင့်မှကြည့်လျှင်မှန်၏။…။ထို့ကြောင့် ရဟန်း ၁၀၀၀ တို့သည် ပုထုဇဉ်ဖြစ်သည့်အလျှောက်.ရိုင်း၏.။သည်းမခံ မြတ်စွာဘုရားစကားကိုသော်မှ မလိုက်နာကြ.။အရိုင်းနှင့်အယဉ်.သို့မဟုတ် အကုသိုလ်နှင့်ကုသိုလ်တို့တွင်အရိုင်းသို့မဟုတ်အကုသိုလ်က..အယဉ်သို့မဟုတ်ကုသိုလ်အပေါ်၌မည်မျှပင်အောင်ပွဲခံစေကာမူ ထိုအောင်ပွဲသည်ထာဝရအောင်ပွဲမဟုတ်.ခေတ္တမျှသာ။။ဗုဒ္ဒဒေသနာတော်အရထာဝရအောင်ပွဲခံနိုင်သောစိတ်ကားကုသိုလ်စိတ်တည်း။။ဤသို့ကုသိုလ်စိတ်ကအကုသိုလ်စိတ်အပေါ်ထာဝရအောင်ပွဲခံခြင်းကို( အရိယာ )ဖြစ်သွားပြီဟူ၍ဆိုပေသည်.။ထို့ကြောင့်ဓမ္မနှင့်အဓမ္မ တို့တွင်ဓမ္မသည်အကြောင်းမညီညွတ်၍ မည်မျှပင်ရှုံးစေကာမူနောက်ဆုံးတနေ့၌ဓမ္မသည်အဓမ္မအပေါ်မလွဲမသွေထာဝရအောင်ပွဲကိုရနိုင်မည်သာဖြစ်၏။
ဤ သဘောကိုသိတော်မူသောမြတ်စွာဘုရားသည်.ကောသမ္ဖီမြို့မှဃောသိတာရုံကျောင်းတိုက်တော်ကြီးမှရဟန်း.
၁၀၀၀ ကို စွန့်၍ပါလိထေယျကတောအုပ်သို့ကြွတော်မူပြီးတပါးထည်းသီတင်းသုံးနေတော်မူ၏.။ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းသည်မြတ်စွာဘုရားအားလုပ်ကျွေး၏။မက္ကဋမျောက်သည်လည်းလုပ်ကျွေးပြုစု၏.မြတ်စွာဘုရားသည် ဆင်နှင့်မျောက်တို့၏ ပြုစုလုပ်ကျွေးမှုကိုခံယူကာ တပါးထည်းချမ်းသာစွာသီတင်းသုံးနေခဲ့၏.။။

Saturday, November 20, 2010

ကောသမ္ဖီမြို့အသွားလမ်းခရီးမှာ.

၎င်း ( ၆) ပါး ကောသမ္ဖီမြို့သို့ကြွတော်မူ၏.

အမှတ်တရနေ့တနေ့ပေါ့…ကွန်ပြူတာဆေးရုံဟု..ခေါ်ဆိုရသော.BH.Uတက္ကသိုလ်မှ မကြာခင်ဒေါက်တာဖြစ်တော့မည့် အရှင်အစ္ဆရိယ.မှ မိမိအား ဖုန်းဆက်၍ ကောသမ္ဖီမြို့ သီရိလင်္ကာကျောင်းကထိန်ရှိသည် လိုက်လိုကစာရင်းပေးပေးမည်ဟု..ဆို၍.အော်.သီးခြားသွားလျှင်မလွယ်တော့လဲ ကထိန်ဆို၍ စားရိတ်ငြိမ်းဆိုတော့လဲ လိုက်တာပေါ့ဆိုပြီးစာရင်းပေးသွင်းလိုက်၏.။။
၎င်းခရီးစဉ်မှာ သီရိလင်္ကာ ဘန္တေအရှင်လင်္ကာ ဦးဆောင်ပြီး.မြန်မာဘန္တေ ၆ ပါး ကောသမ္ဖီမြို့ ကထိန်သို့ကြွခဲ့တော့၏..မြန်မာဘန္တေများ..
အရှင်ဓမ္မာသီလာဘိဝံသ အရှင်သီလာစာရ(ဗာရာဏသီကျောင်းသားလေး) အရှင်ဇောတိက အရှင်နိပုဏ အရှင်သုမင်္ဂလ အရှင်ဝိမလ..တို့ (၁၉.၁၁.၂၀၁၀ ) တို့ BH.U တက္ကသိုလ်မှညနေ ၃နာရီ ၁၉ မိနစ်တွင်စတင်ထွက်ခွာခဲ့တယ်ပေါ့..။
ကားလေးသည်လည်း.တာဝန်ကျေအောင်တရှိန်ထိုး ဝေါ ကနဲ ထွက်ခွါခဲ့ပြီ..
တက္ကသိုလ်အုဌ်တံတိုင်းဘေးမှ ဟိုင်းဝေးလမ်းမကြီးပေါ်သို့ရောက်ဘို့ရန်အတော်လေးကြာမြင့်စွာမောင်းခဲ့ရသည်.၄င်းတက္ကသိုလ်ကြီး၏ မြေဧရိယာသည် ဧကပေါင်း ၁၀၀၀ ကျော်ရှိသည်ဟု အရှင်ဓမ္မသီလာဘိဝံသ မှပြော၍သိခွင့်ရတော့၏.။အလို..မပြီးဆုံးနိုင်သောအုဌ်တံတိုင်းကြီး.စက်ဘီးများဆိုင်ကယ်များ.ဆိုက်ကားများ လိုင်းကားများကိုကျော်ဖြတ်ပြီး.ကားလေးသည် အဝေးပြေးလမ်းမှကြီးရောက်အောင်.ခေါ်ဆောင်ခဲ့သည်ပေါ့…။ဟော..ရှေ့ခန်းမနေသော.အရှင်သုမင်္ဂလ မှ ရောက်ပြီ..ဗျိုး…..။ဘာပါလိမ့် .ကြည့်မိလိုက်တော့.ကျယ်ဝန်းဖြောင့်တန်းသောလမ်းမကြီ…အော်..အဝေးပြေးလမ်းမကြီးသို့ရောက်ခဲ့ပြေီပေါ့.
.ကုန်တင်ကားကြီးများ..ဆိုင်ကယ်ကိုခပ်ကြမ်းကြမ်းမောင်းနေသောလူများ..လမ်းမကြီးသည်လည်း.
ဖြောင့်ဖြူးသာယာလို့..မိမိတို့ကားလေးသည်လည်း.
လမ်းမကြီးပေါ်သို့ရောက်သည်နှင့်တပြိုင်နက်. ကားသမားသည်လည်းပဲ ဂီယာကိုတင်လိုက်သည်နှင့် ကားလေးသည်လည်း.တဟုန်ထိုး.ပြေးကာပြေးကာ.မိမိတို့သည်လည်း.ထွေရာစကားများပြောကြသည်ပေါ့…
တနေရာအရောက်.ကောသမ္ဖီမြို့သို့ကားသမားသည်လည်းရောက်ဘူးပုံမပေါ်.တွေ့သမျှ ကားနှင့်လူတို့ကိုမေးနေရတော့၏. ခက်ချေပြီ…..ရှေ့ခန်းမ သီရီလင်္ကာအရှင်လင်္ကာ သည်လည်း..ဖုန်းနဲ့ ဆက်သွယ်မေးမြန်းသော်လည်း.ဖုန်းဖိုးသာကုန်မည် မထူးခြား..။ကားသမားသည်လည်းအထင်နဲ့သာမောင်းလာခဲ့..ဟော..တွေ့ပြီ..ကားလမ်းဆုံ ဟို ဘက်လေလား..ဒီဘက်လေလား..ဝေခွဲမရ..ဘေးမှအရှင်ဓမ္မသီလာဘိဝံသ မှ တိုးညှင်းစွာသော ရွတ်ဖတ်သံ.ကားဆရာမှမေးနေဆဲ မေးနေမြ..ထင်တလုံးနဲ့ဆက်လက်ထွက်ခွာခဲ့..တနေရာအရောက်.လူတစု ကောသမ္ဖီမြို့သို့သွားရာလမ်းမေး..လက်ဟန်တို့ဖြင့်ပြနေသော်လည်း.ကားသမားသည်.
ဘ၀င်မကျလေရော့သလား..ကားကို ရပ်ထားဆဲ.တဖန် အရှင်လင်္ကာ မှ ဖုန်းပြန်ဆက် .ဒီတခါတော့ ဆီဆိုင်နားမှာဖြစ်၍ ဖုန်းကိုကိုင်ကာ ဆီဆိုင်အနားသို့ဖုန်းပေးပြီး လမ်းခရီးစဉ်ကိုမေး နေ ဖြေနေကြတော့၏..။ဟုတ်ပြီ မှန်ပြီ လို့ထင်မိပြီး ကားကို ဆက်မောင်း..တနေရာအရောက်.ရှေ့ခန်းမှ
မပြောမဆိုနဲ့ အရှင်သုမင်္ဂလ ကားတံခါးကိုဖွင့် အချိန်မလင့်ပဲ ကားနဲ့ဝေးရာသို့အပြေးထွက်သွားတော့၏..။ဘာများဖြစ်တာပါလိမ့်.ဆိုပြီးစူးစမ်းခြင်စိတ်ကြောင့် ကားပေါ်မှမလှမ်းမကမ်းကြည့်မိတော့၏..။အော်…တရားခံ ဘယ်သူလဲ.ကျမ္မာရေးကိုး..
ကားကလဲဆောင့်ဆိုတော့ ဟုတ်ရှာရော့မယ်..အရှင်ဓမ္မသီလာဘိဝံသ မှ ရေသန့်ဘူးပစ်ပေးလိုက်ဆိုတာနဲ့ ပစ်ပေးလိုက်တော့၏..။အကြောင်းကား.ညမှဝမ်းနှုတ်ဆေးလဲ သောက်လာသည်တဲ့.မလာခင်နွားနို့လည်းဘုဉ်းလာသည်တဲ့.ကားကဆောင့်လိုက်တော့ ပြဿနာတတ်တော့၏..။အရေးကြုံလာရင်ဖြစ်တတ်၏..ရေလဲမပါ တစ်ရှူးသည်လည်းမရှိ.တော်သေးရဲ့ ကားဆရာရဲ့ရေသန့်ဘူး..သည် ကယ်တင်ရှင်ဖြစ်လေတော့၏..။ကားပေါ်မှ အရှင်မြတ်တို့သည်လည်းတ၀ါးဝါးဖြင့်ပွဲကြသွားတော့၏..။ထိုမှ ဆက်လက်ပြီးကားလေးသည်လည်း.မောင်းနေဆဲ ကားပေါ်မှာ အရှင်ဓမ္မာသီလာဘိဝံသ မှလည်း.အရွန်းဖေါက်စကားလေးတွေပြောကာပျော်ရွှင်သောခရီးလေးတခုအဖြစ်မမေ့ရက်တော့ပါ..။
ဧလာဟဗဒ်မြို့နားရောက်နေပြီဟု သိရ၏ .သိလို့တော့မဟုတ်စာပန်းတွေ့သော်ကြောင့်ဖြစ်၏..ထိုမြို့သည်နေရူးနေထိုင်သောမြို့ဟုသိခွင့်ရလိုက်၏.။
မိမိမှာတော့ အတွေးလေးဖြင့်ကားရဲ့ဘေးဝဲယာတို့ကိုကြည့်ရင်း.ဘေးမှပြောသောစကားတို့ကိုကြားလိုက်.မကြားလိုက်ပေါ့..
သြော် ..ကောသမ္ဖီမြို့သည်မြတ်စွာဘုရား..(၉)၀ါမြောက်ဝါဆိုဝါကပ်သောမြို့ပါလားဟု၎င်း..ဃောသကသူဌေး.ကုက္ကုဋ္ဋသူဌေး.ပါဝါရိက သူဌေး.ဗဒရိယသူဌေး.ဃောသိတာရုံကျောင်းတော်ရာ..စသည့်သူဌေးကြီးများလှူထားသော စာပေအတွေ့တို့ဖြင့်အတွေးတခုဝင်ပြီး.စောင်းတီးမန္တာန်ရွတ်ပါက ဆင်များကို ခေါ်နိုင်နှင်နိုင်သော ဥတေန မင်းအကြောင်း..မေတ္တာအရာမှာဧတဒဂ်ရရှိပိုင်ဆိုင်တဲ့သာမာဝတီမိဘုရားအကြောင်း.
ဓမ္မကထိကအရာမှာဧတဒဂ်ဘွဲ့ပိုင်ဆိုင်တော်မူသည့် ခုဇ္ဖုတ္တရာအကြောင်း.ရဟန်းသံဃာတော်များကွဲပြားကြ၍မြတ်စွာဘုရားမှစေ့စပ်ပေးသော်လဲမနာခံသဖြင့် မြတ်စွာဘုရားသည် ၄င်းကောသမ္ဖီမြို့မှပလလဲတောသို့ကြွတော်မူခြင်းအကြောင်းစသည့် စာတွေ့လေးတွေကိုနှစ်လုံးသွင်းကာ ကြည်နူးမိခဲ့..သြော် စာပေအတွေ့ကိုယ္ခု..ရောက်တော့မှာလားဆိုပြီးကြည်နူးပီတိတို့ဖြင့် ကားလေးခေါ်ဆောင်ရာကောသမ္ဖီမြို့သို့.စိတ်ကူးကာလိုက်ပါလေတော့၏.။
အပြင်မှတိုက်ခတ်လာသောလေနုအေးလေးတချက်ကြောင့် စိတ်ကူးလေးကိုဖြတ်ပြီးပတ်ဝန်းကျဉ်ကြည့်လိုက်တော့.လမင်းကြီးသည်လည်း.၁၃ ရက်လ မို့ ထိန်ထိန်ကြီးမသာသော်လည်း.နှင်းဖြူဖွေးလေးတွေကြားမှမြင်တွေ့လိုက်ရသည်က.စပါးရိတ်ထားသော လယ်ကွင်းမှား..ကောက်လှိုင်းများဖြင့် ပရိယေသနအတွက်ရှာဖွေနေသော ကိုရွှေကုလားများစက်ဘီးတို့ဖြင့်ဥဒဟိုသွားလာလျှက်.ကုန်ကားကြီးတို့သည်လည်း.
တဝေါဝေါဖြင့်မောင်းနှင်လျှက်ဘေးမှ အရှင်မြတ်တို့သည်လည်းဗဟုသုတပြည့်စေသော မဟတ္တမဂန္ဒီအကြောင်းများ..မြတ်စွာဘုရားဒီနေရာတွေမှာဘုရားဖြစ်ရခြင်းကား.ဘာသာပေါင်းစုံ.အလွှာပေါင်းစုံ ကြိုက်နှစ်သက်ရာကိုးကွယ်ခွင့်ရှိသော.မဇ္ဈိမဒေသသို့ ပွင့်ရခြင်းဖြစ်ကြောင်း..စသည့်တို့ဖြင့်၎င်း.တခါတရံ.မကြားဘူးသောစကားလုံးတို့ဖြင့်တန်ဆာဆင်ပြီး.
အရှင်ဓမ္မာသီလာဘိဝံသ.အရှင်ဇောတိကနှင့် အရှင်နိပုဏတို့ အခြင်းခြင်းအပြန်လှန်ပြောဆိုသံတို့သည်ကား.စာပေကြွယ်ဝသူတို့ပါလားဟူသောအတွေးတို့သည်ရင်ထဲမှာ
အသိမှတ်ပြုမိ၏.။ကားလေးကတော့ သူ့တာဝန်ကျေပြွန်အောင်ဆောင်ရွက်နေဆဲ.မောင်းနေဆဲ သွားနေဆဲ…..
တရွာဝင်တရွာထွက်.တွေ့သမျှမရှောင်မေးတတ်သောကားသမား.တနေရာမှာမေးမည်အပြု.မဇ္ဈိမသားတို့ရဲ့ထုံးစံ မဟတ္တမဂန္ဒီရဲ့ကျင့်ထုံးကိုခံယူကြသည့်ကိုရွှေကုလား.လက်မှဖုန်းနဲ့စကားတွေပြော.ရေပုလင်းကိုဘေးမှာချ..
အလား……..မေးမည်အပြု .သူ လုပ်နေသည်ကား…(……..)
လမ်းမှာတွေ့သမျှလူကိုမေး..ရောက်တော့မည်ဆိုတာ ခန့်မှန်းမိတော့၏..အကြောင်းကား.၂၀ ကီလိုမီတာသာလိုတော့သည်ဟုကြားသောကြောင့်မဝေးတော့ဘူးဟု သိလိုက်ရ၏.။
ထိုနေ့မှာ ကောသမ္ဖီမြို့ သီရိလင်္ကာကျောင်း၌ ည ၉ နာရီမိနစ်၂၅ မိနစ်အချိန်တွင်ရောက်ရှိခဲ့ပါ၏..။
ဤ post ဖြင့် အတူသွားကြသော ဘန္တေများအားအမှတ်တရအဖြစ်၎င်း.ကောသမ္ဖီမြို့သို့ရောက်ဘူးလေအောင်ကူညီပေးသော.. ကွန်ပြူတာဆေးကုပေးသော.ဗာရာဏသီမြို့ရှိ ကွန်ပြူတာမှန်သမျှရာခိုင်နှုန်း၈၅ လောက် မညီးမညူလုပ်ဆောင်ပေးတတ်သော..သူတတ်သမျှတို့ဖြင့် ကုသိုလ်ပြုပေးတတ်သော .မကြာခင်ဒေါက်တာဖြစ်တော့ဖြင့် အရှင်အစ္ဆရိယ.အား. အမှတ်တရအဖြစ်…….။



Tuesday, November 16, 2010

မဇ္ဈိမသုခကျောင်း.ဆောက်လုပ်ဆဲပုံရိပ်များ..

ကျောင်းအ၀င်ဝမုခ်ဦးပေါ့..

ရန်ကုန်မှဆွမ်းကပ်လာသောဒကာ/ မကြီးနှင့်ဤသို့
(ဒေ၀ါလီနေ့:)့ဆိုတော့ ဤသို့ထမင်းကျွေးစားရိတ်ငြိမ်း.ကုလားတို့ထမင်းစားနေတာပေါ့
ကျောက်ထုပ်လောင်းနေဆဲ အမှတ်တရ
ဆောက်လုပ်လျှက်ရှိသောကျောင်းတော်ကြီး..

မဇ္ဈိမသုခဖေါင်ဒေးရှင်းကျောင်းလုပ်အားပေး..

မှတ်မှတ်ရရပေါ့..( ၈.၁၁.၂၀၁၀ )နေ့.မဇ္ဈိမသုခကျောင်းတော်ကြီး၌မြန်မာရဟန်းတော်အများပြားစုပေါင်းဝေယျာဝစ္စလုပ်အားပေးခဲ့ကြပါတယ်..လုပ်အားပေးကြတာဟာ.ကုသိုလ်ထူးတမျိုးပါ။။ သဲထည့်ပေးခြင်း..မဆလာများသယ်ခြင်းဖြင့် ညီညီညာညာတက်ညီလက်ညီဖြင့်ပြုလုပ်ခဲ့ကြပါတယ်..တပါးနဲ့တပါးအပြုံးပန်းလေးတွေဆင်မြန်းပြီး ဒေါက်တာနန္ဒ၀ံသ ကိုလည်း.တဖက်တလမ်းကကူညီပေးတဲ့အနေနဲ့ တပျော်တပါးကြီး ပင်ပန်းမှုကိုဥပေက္ခာပြု.နေပူဒဏ်ကိုအံတုကာ.မနက် ၈နာရီ ခန့်စတင်ပြီး ၁၁ နာရီခန့်မှာ မနက်အချိန်ပြီး နေ့ဆွမ်းကိုကြက်သားကိုမုန့်ညင်းနဲ့ချက်ပြီး.ငါးပိသုတ်..ချဉ်ရေဟင်းနဲ့.နဲ့ ဘုဉ်းပေးလိုက်ရ၏။။..ဒီနေ့ .အလုပ်သမားများ.များပြားကြ၏..သို့သော်..ဒေ၀ါလီနေ့..နီးနေ၍ အလုပ်မလုပ်ခြင်ကြသောကိုရွှေကုလားများအား..ပုံမှန်ကြေးကိုတိုးပြီးခေါ်ရသည်ဟုဆိုပါ၏..။။
အလုပ်လုပ်နေစဉ် လက်ဟန်ခြေဟန်ဖြင့် ကိုရွှေကုလားများအား.မခိုကပ်ရလေအောင်.လိုက်၍ အော်ငေါက်နေသော..ဒေါက်တာနန္ဒ၀ံသ..နေပူထဲ ပင်ပန်းမှုကိုဥပေက္ခာပြုပြီး ညီညီညာညာလုပ်အားပေးနေသော သံဃာတော်များ.ကြည့်ကာ.မိမိသည်လည်း.ဇရာနာနီးနေ၍ ခါးမှသက်သေပြခဲ့…အော်..ငါ..လူငယ်တွေနဲ့ရင်ဘောင်မတန်းနိုင်တော့ပါလားဆိုပြီး..နားလိုက်.သယ်လိုက်..ပေါ့..ကိုအောင်ကြီး(ခေါ် ) ဒေါက်တာမကြာခင်ဖြစ်တော့မည့်.ဦးအဂ်ဂ၀ံသ..မှလည်း.ကွမ်းလေးတမြုံ့မြုံ့နဲ့ ရီရီမောမောအရွှန်းဖေါက်.
ပင်ပန်းမှုတို့သည်.မေ့ကုန်ပျောက်ကုန်ကြ၏..။ လာချေပြီ..ဒေါက်တာနန္ဒ၀ံသ.တပြုံးပြုံးဖြင့်.ကျေးဇူးတင်ကြောင်း.
ကိုရွှေကုလားတို့သည်လည်း.အလုပ်လုပ်ရာမှာ မာသည်..ခံနိုင်ချေရှိသည်..သို့သော်..ရေသာခိုခြင်ကြ၏..ခိုင်းနိုင်မှတော်ရုံကြတော့၏.။ မိမိ ၁၉၉၄.ခုနှစ် တောင်တန်းသာသနာပြုစဉ်က နာဂတိုင်းရင်းသားလူမျိုးတွေကို အလုပ်ခိုင်းမည်ဆိုပါက.အလုပ်တခုခိုင်းပြီးရင် နောက်တခု ထပ်ခိုင်းမရတော့..တခါထည်း ခိုင်းလျှင်ရ၏.။ကျောင်းအမှိုက်လှည်းပါ.ပြီးတော့ ရေလာအောင်တောင်ပေါ်ရေမြောင်းတွေသွားရှင်းပေးပါ..ပြန်လာရင် သစ်ပင်ရေလောင်းပါ.စသည် စသည်ဖြင့် ခိုင်းပါက မပြီးမခြင်း လုပ်တတ်ကြ၏.။ခု..လည်းပဲ ကုလားတွေကို မင်းတို့ဒါပြီးအောင်လုပ်ရမည်ဟု ပြောပြီးခိုင်းလျှင်တော့ရနိုင်၏..။။ သို့သော်……အဓိကငွေ.ငွေမျက်နှာ.
ထို.နေ့ ပုံမှန်ထက်ပိုပေးရ၏..ထမင်းတောင်ကျွေးရသေး၏..တယောက်ရူပီး ၃၀၀…။
ညအချိန်ထိမပြီးပြီးအောင်ကျောက်ထုတ်လောင်းရတော့၏..မနက် ၄ နာရီထိုးမှအလုပ်သိမ်းရတော့၏.။
ထိုနေ့ကား..ပျော်ရွှင်စရာ ကုသိုလ်ဖြစ်စရာလေးတွေနဲ့မို့…ကျောင်းတော်ကြီးအမြန်ပြီးမြောက်ပါစေ..ဆိုတာ..

Monday, November 8, 2010

ထီပေါက်သမျှ ဒေါ်လာ ၁၁.၂ သန်းအကုန်လှူသည့် အဘိုးနဲ့ အဘွား.


အလှူရှင်အဖိုးနှင့်အဖွား
ငွေဆိုတာ သုံးတတ်ယင်မိတ်ဆွေ၊ မသုံးတတ်ယင်ရန်သူ ....
Allen and Violet Large, both in their 70s, said their good fortune earlier this year had been a
'big headache' and they had decided against going on a spending spree.
ဒေါ်လာ ၁၁.၂ သန်း ထီပေါက်ခဲ့ သည့် ကနေဒါနိုင်ငံသား ဇနီးမောင်နှံ အဘိုး၊အဘွားတို့ နှစ်ဦးဟာ ထိုငွေ
များအားလုံး ( နီးပါး ) ကို မိတ်ဆွေသူငယ်ချင်းများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့ အစည်းများနှင့် ဆေး
ရုံများသို့ ခွဲဝေပေးအပ် လှူဒါန်းခဲ့ လိုက်ကြပါတယ်...
ယခုနှစ်အစောပိုင်းက ထီပေါက်ပြီးရခဲ့ သည့် ထိုငွေကြေး စည်းစိမ်များဟာ ၎င်းတို့ အတွက်တော့ ခေါင်းခဲစ
ရာ ကြီးလိုဖြစ်နေခဲ့ ပြီး သုံးဖြုံးမပစ်ဖို့ လည်း ဆုံးဖြတ်ခဲ့ ကြတယ်လို့ အသက် ၇၀ ကျော်ရှိနေကြပြီဖြစ်တဲ့ အ
ဘိုး အယ်လင် နှင့် အဘွား ဗိုင်အိုလက်လာ့ ဂ်ျ တို့ က တိုရန်တို သတင်းစာကိုပြောကြားခဲ့ ကြပါတယ်...
" အယင်တုံးကလည်း ဒီလိုမျိုးမရှိခဲ့ ဖူးတာမို့ နှမြောလွမ်းဆွတ်နေစရာမလိုပါဘူး..." လို့ အသက် ၇၈ နှစ်ရှိ
အဘွားက ဆိုပါတယ်...
အဘွားနှင့် အသက် ၇၅ နှစ်ရှိ အဘိုးဘယ်လင် တို့ ဟ ငွေတွေကို သိမ်းထားမည့် အစား ပေးကမ်းပစ်တာက
ပိုကောင်းတယ် လို့ ဆုံးဖြတ်ခဲ့ လိုက်ကြပြီး အခုလိုပေးဝခဲ့ ကြတဲ့ အပေါ်မှာလည်း စိတ်အနှောက်အယှက် လုံး
ဝ မရှိခဲ့ ကြပါဘူး....

Local institutions in Truro, Nova Scotia, were among the lucky recipients of the Larges' windfall
အေးချမ်းဆိတ်ငြိမ်တဲ့  အဘိုးတို့ ဇနီးမောင်နှံနေတဲ့ ဒေသလေး....
အိမ်ထောင်သက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ အဘိုးတို့ ဇနီးမောင်နှံဟာ အွန်တာရီယိုမြို့ မှာ နှစ်ပေါင်း ၃၀ ကြာ နေ
ထိုင်လုပ်ကိုင် စုဆောင်းခဲ့ ကြပြီးနောက် ပိုမိုအေးချမ်းဆိတ်ငြိမ်စွာနေနိုင်ဖို့  ထိုမြို့ ကနေ ထရိုနိုအောက်ပိုင်
ဒေသရှိ နိုဗာစကိုရှာမြို့ ကလေးကို ၁၉၈၃ ခုနှစ်မှာပြောင်းရွှေ့ နေထိုင်ခဲ့ ကြပါတယ်...
အဘိုးအယ်လင် ကဂဟေဆော်သူအဖြစ် နှစ်ပေါင်း ၃၀ အလုပ်လုပ်ခဲ့ ပြီး အဘွား ဗိုင်အိုလက် ကတော့ မုန့် 
စက်ရုံများ၊ အလှပြင်ပစ္စည်းစက်ရုံများမှာ အလုပ်လုပ်ခဲ့ ပါတယ်....
" သန်းကြွယ်သူဌေးတွေမဟုတ်ပေမယ့်  ကျူပ်တို့ မှာ ပြည့် စုံဖူလုံပြီး ကျေနပ်နှစ်သက်ရောင့်  ရဲပါတယ်..."
လို့ အဘိုး အယ်လင် ကလွန်ခဲ့ သည့် ဂျူလိုင်လက ထီမပေါက်မှီ ၎င်းတို့ ရဲ့ ငွေကြေးအခြေအနေကိုပြောပြ
ခဲ့ ပါတယ်...
ထိုအချိန်မှာပဲ အဘွား ဗိုင်အိုလက် ဟာကင်ဆာရောဂါအတွက်ဆေးကုသမှုခံယူနေရပြီး ၎င်းတို့ ကို လူလိမ်
လူညာများက လှည့် ဖျားသွားမှာကိုတော့ သူတို့ ဇနီးမောင်နှံက စိုးရိမ်ခဲ့ ကြပါတယ်...
" တို့ ထီပေါက်လို့ ရခဲ့ တဲ့ ငွေက ဘာမှမဟုတ်ပါဘူးကွယ်...တို့ မှာ ချစ်ခင်မြတ်နိုး၊ တန်ဖိုးထားစရာ တစ်ဦး
နဲ့ တစ်ဦး ရှိနေခဲ့ ကြပြီပဲ...." လို့ အဘိုး အယ်လင် က တိုရန်တို သတင်းစာကိုပြောကြားခဲ့ ပါတယ်..
အဘွားဗိုင်အိုလက် ကတော့ သူမရဲ့ ရောဂါအခြေအနေကြောင့် ခွဲစိတ်ကုသခံခဲ့ ရပြီး လွန်ခဲ့ သည့် အပါတ်
ကလည်း ဓါတ်ရောင်ခြည်ဖြင့် ကုသခံခဲ့ ရပါသေးတယ်...
အဘိုးနဲ့ အဘွားတို့ ရဲ့ ထီပေါက်လို့ ရတဲ့ ငွေ ၁၁၂၅၅၁၇၁ ဒေါ်လာ အားလုံးကိုခွဲဝေလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ တဲ့ 
အတွက် အများစုရရှိမယ့် နေရာများကတော့ ထရူရို၊ ဟာလီဖက်စ် နှင့် နိုဗာစကိုရှာ ဒေသများမှ ဆေးရုံများ
ပဲဖြစ်ပါတယ်...

nova scotia
ဒီဒေသကဆေးရုံးတွေနဲ့ လူမှုဝန်ထမ်းအဖွဲ့ အစည်းတွေက အလှူငွေတွေရကြတယ်...
Hospitals and charities in Lower Truro (pictured), Nova Scotia, were among the lucky
recipients of the Larges' windfall

၎င်းတို့ မိသားစုအတွက် အနည်းငယ်မျှသာချန်ထားပြီးနောက် အဘိုးအဘွားတို့ ဇနီးမောင်နှံဟာ ၎င်းတို့ ကူ
ညီလှူဒါန်းချင်သည့်  ဒေသခံမီးသတ်ဌာန၊ ဘုရားရှိခိုးကျောင်းများ၊ သုဿာန်များ၊ ကြက်ခြေနီအဖွဲ့ များ၊
ကယ်တင်ခြင်းတပ် ( ခရစ်ယာန်လူမှုဝန်ထမ်းအဖွဲ့ ) တို့ ကိုပေးဝေလှူဒါန်းခဲ့ ကြပါတယ်...
အဘွားဗိုင်အိုလက် ဆေးကုသမှုခံယူခဲ့ သည့် ဆေးရုံများ၊ ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့ အစည်းများ၊
( အသက်အရွယ်ကြီးသူများဖြစ်လေ့ ရှိသည့် ) အယ်ဇိုင်းမားရောဂါ၊ ဆီးချိုရောဂါ ကုဆေးရုံများ ဟာလည်း
အဘိုးတို့ ဇနီးမောင်နှံရဲ့ ရက်ရက်ရောရောပေးလှူတဲ့ အထဲမှာ ပါဝင်ခဲ့ ပါတယ်...
အဘိုးတို့ ဟာ ဘယ်အဖွဲ့ အစည်းကို ဘယ်လောက်လှူဒါန်းခဲ့ တယ်ဆိုတာ ထုတ်ဖ်ာမပြောခဲ့ ကြပေမယ့် ၎င်း
တို့ အနေနဲ့ လက်ခံရရှိခဲ့ ကြတဲ့ ကျေးဇူးတင်ကြောင်း ဖုန်းဆက်စကားများ၊ ဂုဏ်ပြုစာများအတွက် ကျေးဇူး
တင်မိ၊ ရိုကျိုးနှိမ့် ချမိပါတယ်လို့ လည်း ပြောကြားခဲ့ ပါတယ်....
" အခုလို လှူဒါန်းလိုက်ရလို့ အဘွားကတော့ စိတ်ချမ်းသာပါတယ်...အဲဒီပိုက်ဆံတွေနဲ့ ကောင်းမှုတွေအများ
ကြီး လုပ်ခဲ့ ရပြီလေ...အဘွားတို့ ကတော့ ကံကောင်းပါတယ်...ဘာမှ စိတ်ညစ်စရာ ( မကျေနပ်စရာ ) မရှိ
ပါဘူး..." လို့ အဘွားဗိုင်အိုလက် ကဆိုခဲ့ ပါတယ်...

ဘ၀နေ၀င်ခါနီးမှာ စိတ်ရှင်းရှင်းနဲ့ ကောင်းမှုတွေလုပ်နိုင်ခဲ့ တဲ့ အဘိုးအဘွားမောင်နှံရဲ့ မြင့် မြတ်တဲ့ ၊ စွန့် 
လွှတ်ဝံ့ တဲ့ စိတ်ထားနဲ့ ကြည်နူးဆွတ်ပျံ့ ဖွယ်အကြောင်းလေးပါပဲ....

အင်္ဂလိပ်လိုသတင်းပါ....
A Canadian couple who won $11.2million (£7million) on the lottery have given it all away to friends, charities and hospitals.
Allen and Violet Large, both in their 70s, said their good fortune earlier this year had been a 'big headache' and they had decided against going on a spending spree.
'What you’ve never had, you never miss,' Violet, 78, told the Toronto Star.
She and Allen, 75, eventually decided it was better to give than receive and were totally at ease with handing over the money.

Married for 36 years, the pair retired in 1983 and moved from Ontario to Lower Truro, Nova Scotia, for a quieter life. Allen had worked as a welder for 30 years and Violet had been employed by a number of confectionery and cosmetic firms.
'We were pretty well set, not millionaires, but comfortable,' said Allen of the couple's financial set-up before their lottery win in July.
At the time Violet was undergoing treatment for cancer and the pair feared being taken advantage of by 'crooked people'.
'That money that we won was nothing,' Allen told the Toronto Star. 'We have each other.'
Violet has since had surgery to tackle her condition and received her last chemotherapy treatment a week ago.
Hospitals in Truro and Halifax, Nova Scotia, were among the main beneficiaries of the Larges' generosity after they decided on giving away every cent of their $11,255,272 win.
After taking care of their families, the couple then gave donations to a long list of groups they had decided to help, including their local fire department, churches and cemeteries, the Red Cross, the Salvation Army.
The hospitals where Violet underwent her treatment and organisations that fight cancer, Alzheimer’s and diabetes, also benefited from the couple's largesse.
The Larges have not disclosed how much they gave to each organisation but said they are humbled and thankful for the phone calls and letters of gratitude they have received.'
'It made us feel good,' said Violet. 'And there's so much good being done with that money.
'We're the lucky ones,' she added. 'I have no complaints.'
Posted by peter kyaw | at 12:58 AM |
Labels: news: daily mail.co.uk
http://blog.kopeter.com/2010/11/canadian-couple-who-won-112m-in-lottery.html မှ ကူးယူမျှဝေလိုက်ပါသည်။..။။လန်ဒန်မှ အသိဖြစ်သော.မစောငြိမ်းအေး..ဆီမှ ပေးပို့သော..မေးကို အလွန်နှစ်
သက်သောကြောင့်..ဤ post လေးကို တင်လိုက်ပါကြောင်း...